ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၉၁
  • ခရစ်ယာန်ဂိုဏ်းတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်ဂိုဏ်းတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ခရစ်ယာန်ဘာသာ၏ အနာဂတ် မည်သို့ရှိသနည်း
    နိုးလော့!—၂၀၀၇
  • ခရစ်ယာန်ဘာသာ ကျရှုံးနေပြီလော
    နိုးလော့!—၂၀၀၇
  • ခရစ်ယာန်စစ်များကား မည်သူတို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အခြားဘာသာတရားများကို သင်စူးစမ်းသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၉၁
ခခရစ်ယာန်ဂိုဏ်းအမျိုးမျိုးရဲ့ ချာ့ချ်ကျောင်းများ

ခရစ်ယာန်ဂိုဏ်းတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ

ကျမ်းစာအဖြေ

လူတွေက ယေရှုခရစ်ရဲ့သွန်သင်ချက်တွေကို အသုံးပြုပြီး ခရစ်ယာန်ဂိုဏ်းအမျိုးမျိုးကို တည်ထောင်ခဲ့ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ခရစ်ယာန်ဘာသာ တစ်ခုတည်းပဲရှိတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ အဲဒီလိုပြောရတဲ့ အကြောင်းရင်း ၃ ချက်ကို လေ့လာကြည့်ရအောင်။

  1. ၁။ “အမှန်တရား” ကို သင်ပေးခဲ့တယ်လို့ ယေရှု ပြောခဲ့တယ်။ အစောပိုင်းခရစ်ယာန်တွေလည်း သူတို့ရဲ့ဘာသာကို “အမှန်တရား” ဖြစ်တယ်လို့ ဆိုခဲ့တယ်။ (ယောဟန် ၈:၃၂; ၂ ပေတရု ၂:၂; ၂ ယောဟန် ၄; ၃ ယောဟန် ၃) အဲဒီအချက်အရ ယေရှုသွန်သင်ချက်တွေနဲ့ မကိုက်ညီတဲ့ အယူဝါဒတွေကို သင်ပေးနေသူတွေဟာ စစ်မှန်တဲ့ခရစ်ယာန်ဘာသာဝင် မဟုတ်ဘူးဆိုတာ သိရတယ်။

  2. ၂။ ခရစ်ယာန်တွေအားလုံးက “တစ်စိတ်တစ်သဘောတည်းပြောဆို” သင့်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၁ ကောရိန္သု ၁:၁၀) ဒါပေမဲ့ ခရစ်ယာန်ဖြစ်ဖို့ လိုအပ်တဲ့အချက်တွေနဲ့ပတ်သက်ပြီး အခြေခံသွန်သင်ချက်တွေမှာတောင် ခရစ်ယာန်ဂိုဏ်းတွေ သဘောထားကွဲလွဲနေကြတယ်။ ဒါဆိုရင် ခရစ်ယာန်ဂိုဏ်းအားလုံးက စစ်မှန်တဲ့ခရစ်ယာန်ဘာသာ မဖြစ်နိုင်ပါဘူး။—၁ ပေတရု ၂:၂၁။

  3. ၃။ ခရစ်ယာန်ဖြစ်တယ်လို့ ပြောတဲ့သူအများစုက ယေရှုရဲ့မိန့်မှာချက်တွေကို လိုက်နာကြမှာမဟုတ်တဲ့အတွက် သူတို့ကို ကိုယ်တော် လက်ခံမှာမဟုတ်ဘူးလို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (မဿဲ ၇:၂၁–၂၃; လုကာ ၆:၄၆) ကိုယ်ကျိုးအတွက် စစ်မှန်တဲ့ဝတ်ပြုရေးကို ပျက်ပြားအောင်လုပ်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကြောင့် လူတချို့ လမ်းလွဲသွားကြတယ်။ (မဿဲ ၇:၁၅) တချို့ကျတော့ ကျမ်းစာအမှန်တရားထက် သူတို့ကြားချင်တာကို သွန်သင်ပေးတဲ့ အတုအယောင် ခရစ်ယာန်ဘာသာကို နှစ်သက်ကြတယ်။—၂ တိမောသေ ၄:၃၊ ၄။

ဂျုံစပါးစေ့နဲ့ပေါင်းမျိုးစေ့ ပုံဥပမာမှာ စစ်မှန်တဲ့ခရစ်ယာန်ဘာသာကို တိုက်ခိုက်မှုတွေ (အယူဖောက်ပြန်မှု) ပေါ်လာမယ်လို့ ယေရှုကြိုဟောခဲ့တယ်။ (မဿဲ ၁၃:၂၄–၃၀၊ ၃၆–၄၃) နှစ်ပေါင်းများစွာအထိ ခရစ်ယာန်ဘာသာ အစစ်နဲ့အတုကို ကွဲကွဲပြားပြား မခွဲခြားနိုင်ကြဘူး။ ယေရှုကြိုဟောထားတဲ့အတိုင်း တမန်တော်တွေသေဆုံးပြီးနောက် အယူဖောက်ပြန်မှုတွေ ပျံ့နှံ့လာတယ်။ (တမန်တော် ၂၀:၂၉၊ ၃၀) ဒါကြောင့် မှားယွင်းတဲ့သွန်သင်ချက်တွေ အမျိုးမျိုးပေါ်လာတယ်။ အဲဒီသွန်သင်ချက်တွေကို သင်ပေးနေတဲ့ ခရစ်ယာန်ဘာသာ အတုအယောင်အားလုံးက “အမှန်တရားလမ်းမှ သွေဖည်သွား” ကြတာဖြစ်တယ်။—၂ တိမောသေ ၂:၁၈။

နောက်ဆုံးမှာ ခရစ်ယာန်ဘာသာ အစစ်နဲ့အတုကို ထင်ထင်ရှားရှားသိမြင်လာမယ်လို့လည်း ယေရှုကြိုဟောခဲ့တယ်။ အဲဒီအတိုင်းပဲ၊ ဒီနေ့ခေတ် “လောကစနစ်နိဂုံးပိုင်း” အတွင်းမှာ ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပါပြီ။—မဿဲ ၁၃:၃၀၊ ၃၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ