ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၃
  • မိဘတွေနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတွေနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘောထားကွဲလွဲမှုနဲ့ပတ်သက်တဲ့ မေးခွန်းများ
  • သဘောထားကွဲလွဲရတဲ့ အကြောင်းရင်း
  • လုပ်ဆောင်နိုင်ရာ
  • မိဘတွေဘာကြောင့် ငါ့ကိုနားမလည်တာလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ငါ့မိဘတွေအကြောင်း ငါဘယ်လို ပိုသိနိုင်မလဲ
    နိုးလော့!—၂၀၀၉
  • မိဘတွေ ငါ့ကိုလွတ်လပ်မှု ပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၃
ပန်းခြံထဲမှာ မိဘနဲ့အတူ ပျော်ပျော်ပါးပါးလမ်းလျှောက်ရင်း စကားပြောနေတဲ့ ကလေးနှစ်ယောက်

လူငယ်များအမေး

မိဘတွေနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ

  • သဘောထားကွဲလွဲမှုနဲ့ပတ်သက်တဲ့ မေးခွန်းများ

  • သဘောထားကွဲလွဲရတဲ့ အကြောင်းရင်း

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

သဘောထားကွဲလွဲမှုနဲ့ပတ်သက်တဲ့ မေးခွန်းများ

  • များသောအားဖြင့် ဘယ်သူနဲ့ ပိုပြီး သဘောထားကွဲလွဲတတ်သလဲ။

    • အဖေ

    • အမေ

  • ဘယ်လောက်ကြာရင်တစ်ခါ သဘောထားကွဲလွဲလေ့ရှိသလဲ။

    • မဖြစ်သလောက်

    • တစ်ခါတစ်လေ

    • ခဏခဏ

  • သဘောထားကွဲလွဲတာ ဘယ်လောက်အထိ ပြင်းထန်သလဲ။

    • ဖြစ်ပြီးတာနဲ့ ဖြေရှင်းလိုက်ပြီး ပြန်သင့်မြတ်သွား

    • အကြီးအကျယ်ဖြစ်ပြီးမှ ဖြေရှင်း

    • အကြီးအကျယ်ဖြစ်ပေမဲ့ မဖြေရှင်း

မိဘတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ မိဘတွေရဲ့ အမှားလို့ သင်စဉ်းစားမိပါလိမ့်မယ်။ ဒါပေမဲ့ သဘောထားကွဲလွဲမှု အဖြစ်နည်းအောင်၊ သိပ်မပြင်းထန်အောင် သင်လုပ်ဆောင်နိုင်တာတွေ ရှိတယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။ ဦးဆုံး ဒီအချက်ကို သုံးသပ်ကြည့်ပါ–

သဘောထားကွဲလွဲရတဲ့ အကြောင်းရင်း

  • စဉ်းစားတွေးခေါ်နိုင်စွမ်း။ သင်ဟာ တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ကလေးတစ်ယောက်လို မစဉ်းစား၊ မတွေးခေါ်တော့ဘဲ ပိုပြီး လေးလေးနက်နက် တွေးတတ်လာတယ်။ ခိုင်မာတဲ့ ခံယူချက်လေးတွေတောင် ရှိလာပြီး အဲဒီထဲကတချို့ဟာ သင့်မိဘနဲ့ သဘောထားမတိုက်ဆိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ “သင်၏ မိဘကို ရိုသေစွာပြုလော့” လို့ ကျမ်းစာကဆိုတယ်။—ထွက်မြောက်ရာ ၂၀:၁၂။

    သိထားသင့်ရာ– ရန်ဖြစ်စရာမလိုဘဲ သဘောထားမတိုက်ဆိုင်တာကို ကောင်းကောင်းဖြေရှင်းဖို့ စွမ်းရည်နဲ့ ရင့်ကျက်မှု လိုအပ်တယ်။

  • လွတ်လပ်လိုစိတ်။ ကြီးပြင်းလာတာနဲ့အမျှ သင့်မိဘက သင့်ကို လွတ်လပ်မှု အတော်အတန် ပေးလာပါလိမ့်မယ်။ ဒါပေမဲ့ သင်လိုချင်သလောက်နဲ့ သင်လိုချင်တဲ့အချိန်မှာ မရတဲ့အခါ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့ “မိဘတို့ကို နာခံကြလော့” လို့ သမ္မာကျမ်းစာက ဆိုတယ်။—ဧဖက် ၆:၁။

    သိထားသင့်ရာ– သင့်မိဘက သင့်ကို လွတ်လပ်မှု ဘယ်လောက်ပေးသလဲဆိုတာက သင်ရရှိထားတဲ့ လွတ်လပ်မှုကို ဘယ်လို သုံးသလဲဆိုတဲ့အပေါ် များစွာ မူတည်ပါတယ်။

လုပ်ဆောင်နိုင်ရာ

  • ကိုယ်လုပ်နိုင်တဲ့အရာကို အာရုံစိုက်ပါ။ သဘောထားကွဲလွဲတိုင်း မိဘအပေါ် အပြစ်ပုံချမယ့်အစား မိဘနဲ့အဆင်ပြေအောင် ကိုယ်လုပ်ဆောင်နိုင်ရာတွေကို သုံးသပ်ပါ။ “မိဘနဲ့ သဘောထားကွဲလွဲတာဟာ မိဘ ပြောလိုက်တဲ့အရာကြောင့်ပဲ မဟုတ်ဘူး၊ ကိုယ့်ရဲ့ တုံ့ပြန်ပုံကြောင့် ပိုဆိုးသွားတာ ဖြစ်နိုင်တယ်။ ရိုရိုသေသေ ပြန်ပြောတဲ့အခါ အခြေအနေက အေးအေးဆေးဆေးနဲ့ ပြီးသွားနိုင်တယ်” ဆိုပြီး လူငယ် ဂျက်ဖရီက ပြောတယ်။

    ကျမ်းစာမှာ ပြောတယ်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။”—ရောမ ၁၂:၁၈။

  • နားထောင်ပါ။ “နားထောင်ရတဲ့အလုပ်က အခက်ဆုံးအလုပ်ပဲ။ ဒါပေမဲ့လည်း မိဘတွေပြောတာကို နားထောင်တယ်ဆိုတာ မိဘတွေတွေ့တဲ့အခါ သူတို့ကလည်း ကိုယ့်စကားကို နားထောင်ပေးလိမ့်မယ်” ဆိုပြီး ၁၇ နှစ်ရှိသူ စမန်းသာက ပြောတယ်။

    ကျမ်းစာမှာ ပြောတယ်– “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်း ... ၌ နှေးရမည်။”—ယာကုပ် ၁:၁၉။

    ၁။ မီးဖိုပေါ်တင်ထားတဲ့ ဒယ်အိုး မီးစွဲလောင်နေ၊ ၂။ မထိန်းနိုင်တော့တဲ့အထိ မီးအကြီးအကျယ်လောင်နေ

    သဘောထားကွဲလွဲတာက မီးနဲ့တူတယ်၊ မထိန်းဘူးဆိုရင်တော့ အကြီးအကျယ်လောင်မှာပဲ

  • တစ်ဖွဲ့တည်းသားဖြစ်တယ်လို့ စဉ်းစားပါ။ နှစ်ယောက်တွဲတင်းနစ်ကစားသလိုမျိုး သဘောထားကွဲလွဲမှုကို ဖြေရှင်းကြည့်ပါ။ ပြဿနာကို မိဘဘက် မဟုတ်ဘဲ ပိုက်ကြိုးတန်းရဲ့တခြားတစ်ဖက်ကို ပို့လိုက်ပါ။ “မိဘဘက်က ဒါဟာ ငါ့ရဲ့ဆယ်ကျော်သက်ကလေးအတွက် အကောင်းဆုံးပဲလို့ ထင်ပြီး ဆယ်ကျော်သက်ကလေးကလည်း ဒါက ငါ့အတွက်အကောင်းဆုံးလို့ ထင်နေတာကြောင့် သဘောထားကွဲလွဲရတာ ဖြစ်တယ်။ တကယ်တော့ နှစ်ဖက်စလုံးရဲ့ ပန်းတိုင်က အတူတူပဲ” ဆိုပြီး လူငယ် အာဒမ်က ဆိုတယ်။

    ကျမ်းစာမှာ ပြောတယ်– “ငြိမ်သက်ခြင်းရှိစေသော ... အမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြစို့။”—ရောမ ၁၄:၁၉။

  • နားလည်ပေးပါ။ “မိဘတွေမှာလည်း သူတို့ပြဿနာနဲ့ သူတို့ရှိနေတယ်၊ မိဘတွေရဲ့ ပြဿနာကလည်း ကျွန်မရဲ့ ပြဿနာလောက် ကြီးတယ်ဆိုတာကို စဉ်းစားပေးတာက ကျွန်မအတွက် အကူအညီ ဖြစ်တယ်” ဆိုပြီး ဆယ်ကျော်သက် စယ်ရာက ပြောတယ်။ လုံမငယ် ကာလာကလည်း ဒီလိုပြောပြပါတယ်– “မိဘတွေရဲ့ နေရာမှာ ဝင်ကြည့်တယ်။ ကျွန်မဟာ သမီးတစ်ယောက်ရှိတဲ့ မိခင်ဖြစ်တယ်ဆိုရင် ဘယ်လိုများနေမလဲ။ ကျွန်မကလေးအတွက် အကောင်းဆုံးက ဘာဖြစ်မလဲ ဆိုတာကို စဉ်းစားတယ်။”

    ကျမ်းစာမှာ ပြောတယ်– “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”—ဖိလိပ္ပိ ၂:၄။

  • မိဘစကားနားထောင်ပါ။ သားသမီးတွေ မိဘစကားနားထောင်ဖို့ သမ္မာကျမ်းစာမှာ ဆိုထားတယ်။ (ကောလောသဲ ၃:၂၀) သင်ဟာ ကျမ်းစာ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ပြဿနာတော်တော်လေး နည်းသွားပါလိမ့်မယ်။ “မိဘတွေပြောတဲ့အတိုင်း လုပ်တဲ့အခါ မိဘနဲ့ အဆင်မပြေမှုတွေ နည်းသွားတယ်။ မိဘတွေက ကျွန်မအတွက် အများကြီး အနစ်နာခံထားကြတာလေ၊ မိဘစကားနားထောင်တာကိုတော့ ကျွန်မလုပ်ရမှာပေါ့” ဆိုပြီး မိန်းမငယ် ကာရင်ပြောတယ်။ မိဘစကားနားထောင်တာက သဘောထားကွဲလွဲမှုမဖြစ်အောင် ကူညီပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက်ပါ။

    ကျမ်းစာမှာ ပြောတယ်– “ထင်းမရှိလျှင် မီးသေတတ် ... ၏။”—သုတ္တံ ၂၆:၂၀။

အကြံပြုချက်။ မိဘနဲ့ စကားပြောဖို့ အခက်တွေ့တယ်ဆိုရင် သင့်ရဲ့ဆန္ဒတွေကို ချရေးပါ။ “မိဘတွေကို ထုတ်ပြောဖို့ ကျွန်မ စိတ်မပါတဲ့အခါတွေမှာ အဲဒီလိုလုပ်တယ်။ အော်ပြောတာမျိုး၊ နောက်မှနောင်တရမယ့် အပြောတွေမပါဘဲ ကျွန်မရဲ့ခံစားချက်ကို ထုတ်လိုက်နိုင်တယ်” ဆိုပြီး ဆယ်ကျော်သက် အယ်လစ်ဆာ ပြောတယ်။

ရွယ်တူချင်းတွေ ပြောဆိုရာ

မာရီလင်

“မောပန်းနွမ်းနယ်နေတဲ့အချိန်မှာ ပြဿနာဖြေရှင်းရင် စိတ်လိုက်မာန်ပါပြောမိ၊ လုပ်မိဖို့ အကြောင်းများတယ်။ ဒါကြောင့် ပြဿနာကို ခဏထားလိုက်ပြီး အားလုံးနှုတ်ဆက် အိပ်ရာဝင်လိုက်တာ အကောင်းဆုံးပဲ။ နောက်နေ့မနက်ဆိုရင် အားလုံး စိတ်ကြည်လင်နေကြမှာ။”—မာရီလင်။

ဒီဗင်

“စိတ်ရှည်မှုဆိုတာ ဘယ်အခြေအနေမှာမဆို အသုံးဝင်တဲ့ အရည်အသွေးပါ။ အခြေအနေ ဆိုးလာတော့မယ်လို့ထင်ရင် နောက်ဘက်ကို ခြေတစ်လှမ်းဆုတ်၊ ခဏလောက်ရပ်ပြီး စဉ်းစားပါ။ အဲဒီလိုအချိန်မှာ တစ်ခုခုလုပ်၊ တစ်ခုခုပြောလိုက်ရင် ပြဿနာ အကြီးအကျယ်တက်လိမ့်မယ်။”—ဒီဗင်။

မက်ကန်ဇီ

“မိဘကို ဆက်ဆံသင့်တဲ့အတိုင်း မဆက်ဆံမိတဲ့အတွက် နောင်တ တစ်ပုံတစ်ပင်နဲ့ နောက်ကြောင်းပြန်ကြည့်ရမယ့်အဖြစ်မျိုး မဖြစ်ချင်ဘူး။ အဲဒါကစိတ်ထဲစွဲနေတော့ မိဘစကား နားထောင်စေတယ်၊ အကြီးအကျယ် သဘောထားကွဲလွဲမှုလည်း မဖြစ်တော့ဘူး။”—မက်ကန်ဇီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ