ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၇
  • ဘာကြောင့် ရိုးသားဖို့ လိုသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် ရိုးသားဖို့ လိုသလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတချို့ မရိုးသားရတဲ့ အကြောင်းရင်း
  • ရိုးသားခြင်းရဲ့ အကျိုး
  • အရာရာမှာ ရိုးသားပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အရာရာမှာ ရိုးသားပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အရာရာမှာ ရိုးသားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ရိုးသားစွာ ကျင့်ကြံထိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၇
ကျောင်းသားတစ်ယောက်က စာခိုးချဖို့ နောက်ကျောင်းသားဆီက စာရွက်ယူနေ

လူငယ်များအမေး

ဘာကြောင့် ရိုးသားဖို့ လိုသလဲ

  • လူတချို့ မရိုးသားရတဲ့ အကြောင်းရင်း

  • ရိုးသားခြင်းရဲ့ အကျိုး

  • ရွယ်တူချင်းတွေပြောဆိုရာ

လူတချို့ မရိုးသားရတဲ့ အကြောင်းရင်း

ဒီခေတ်ကြီးမှာ ရိုးသားတာက အကျိုးမရှိပုံရတယ်။ တချို့တွေက ဒီလိုအကြောင်းပြချက်ပေးကြတယ်–

  • ‘မိဘကို လိမ်မပြောဘူးဆိုရင် အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့။’

  • ‘စာမခိုးချဘူးဆိုရင် စာမေးပွဲကျနိုင်တယ်။’

  • ‘ဒီပစ္စည်းကို မခိုးဘူးဆိုရင် ပိုက်ဆံအကြာကြီး စုနေရမှာ။’

တချို့ ဒီလိုတွေးကြတယ်– ‘ဒါက ကြီးကြီးမားမားကိစ္စလည်း မဟုတ်ဘူး။ လူတိုင်း မရိုးမသား လုပ်ကြတာပဲ မဟုတ်လား။’

အဖြေကတော့ မဟုတ်ပါဘူး။ လူငယ်များစွာအပါအဝင် လူအတော်များများက ရိုးသားတာဟာ အကျိုးရှိတယ်၊ ရိုးသားဖို့လိုတဲ့ အကြောင်းကောင်းတွေ ရှိတယ်လို့ ယုံကြည်ကြတယ်။ “လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်” လို့ ကျမ်းစာ ပြောတယ်။ (ဂလာတိ ၆:၇) နောက်တစ်နည်းနဲ့ပြောရရင် လုပ်ရပ်တိုင်းအတွက် ကောင်းကျိုး၊ ဆိုးကျိုးဆိုတာ ရှိတယ်။

လိမ်ပြောလို့ မကောင်းတဲ့ အကျိုးဆက်တွေ ရရှိခဲ့တဲ့ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

“ကောင်လေးအကြောင်း အမေက မေးတော့ ကျွန်မ လိမ်ပြောခဲ့တယ်။ ကျွန်မ အမှန်အတိုင်း မပြောဘူးဆိုတာ အမေ သိနေတယ်။ သုံးခေါက်လောက် လိမ်ပြောပြီးနောက်မှာ အမေ တော်တော်စိတ်ဆိုးသွားတယ်။ ဖုန်းသုံးခွင့် ၂ ပတ် ပိတ်လိုက်သလို တစ်လလောက် တီဗွီကြည့်ခွင့် မပေးတော့ဘူး။ မိဘတွေကို ဘယ်တော့မှ လိမ်မပြောရဲတော့ဘူး။”​—အနီတာ။

စဉ်းစားစရာ– အနီတာဟာ အမေ့ရဲ့ ယုံကြည်စိတ်ချမှု ပြန်ရဖို့ ဘာကြောင့် အချိန်လိုအပ်မယ်လို့ ထင်သလဲ။

ကျမ်းစာမှာ ပြောတယ်– “မုသားပြောခြင်းကို ဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။”​—ဧဖက် ၄:၂၅။

“ကျွန်တော့်မိဘတွေကို လိမ်ပြောခဲ့ပြီး အဆင်ပြေသွားတယ်လို့ ထင်ခဲ့တာ။ နောက်ပိုင်း ကျွန်တော်ပြောခဲ့တာ ဘယ်လို ဖြစ်သွားပြီလဲလို့ မေးတဲ့အခါ ဒုက္ခတွေ့ရော။ ကျွန်တော် ဘာတွေ လိမ်ပြောခဲ့မှန်းတောင် မမှတ်မိတော့ဘူး။ အစကတည်းက အမှန်အတိုင်းသာ ပြောခဲ့မယ်ဆိုရင် အဲဒီလို အခက်တွေ့မှာ မဟုတ်ဘူး။”​—အန်တိုနီ။

စဉ်းစားစရာ– အဲဒီလို အရှက်ရစရာ အခြေအနေ မကြုံရအောင် အန်တိုနီ ဘာလုပ်ခဲ့သင့်သလဲ။

ကျမ်းစာမှာ ပြောတယ်– ‘ယေဟောဝါက လိမ်လည်တတ်တဲ့နှုတ်ကို ရွံရှာတယ်။ သစ္စာရှိရှိ ပြုမူသူတွေကိုတော့ နှစ်သက်တယ်။’​—သုတ္တံ ၁၂:၂၂၊ ကဘ။

“ကျွန်မသူငယ်ချင်းက တစ်ခုခုပြောရင် စိတ်ဝင်စားစရာ ဖြစ်အောင် ပုံကြီးချဲ့ပြောတတ်သလို တချို့အချက်တွေကိုတော့ ချန်ပြီးပြောတတ်တယ်။ ကျွန်မက သူ့ကို ချစ်တဲ့အတွက် နားလည်ပေးလိုက်တယ်။ ဒါပေမဲ့ သူ့ကို အပြည့်အဝ မယုံကြည်နိုင်တော့ဘူး။”​—အီဗွန်း။

စဉ်းစားစရာ– အီဗွန်းရဲ့ သူငယ်ချင်း ပုံကြီးချဲ့ပြောတတ်တာ၊ မှန်တစ်ဝက် မမှန်တစ်ဝက် ပြောတတ်တာက သူ့ရဲ့ နာမည်ကို ဘယ်လို ထိခိုက်သလဲ။

ကျမ်းစာမှာ ပြောတယ်– ‘ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုကြ၏။’​—ဟေဗြဲ ၁၃:၁၈။

အုတ်မြစ်အက်ကွဲနေတဲ့ အဆောက်အအုံ

အက်ကွဲနေတဲ့အုတ်မြစ်က အဆောက်အအုံတစ်ခုလုံးကို ယိုင်နဲ့စေနိုင်သလို မရိုးသားခြင်းက နာမည်ကောင်းကို ပျက်စီးစေနိုင်

ရိုးသားခြင်းရဲ့ အကျိုး

ရိုးသားခြင်းကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့တဲ့ ဥပမာတချို့ကို ဆန်းစစ်လေ့လာကြည့်ရအောင်။

“အရှေ့ကသွားနေတဲ့ အမျိုးသမီးဆီက ပိုက်ဆံတချို့ ပြုတ်ကျသွားတယ်။ အဲဒီအမျိုးသမီးကို လှမ်းခေါ်လိုက်ပြီး သူ့ပိုက်ဆံ ပြန်ပေးလိုက်တယ်။ သိပ်ကျေးဇူးတင်သွားပြီး ‘မင်းက တကယ်ရိုးသားတဲ့သူပဲ။ လူအများစုကတော့ ပြန်ပေးကြမှာ မဟုတ်ဘူး’ ဆိုပြီး သူပြောတယ်။ မှန်တာလုပ်တဲ့အတွက် ချီးမွမ်းခံရတာ ကျွန်မ တကယ်ပျော်တယ်။”​—ဗီဗီယန်။

စဉ်းစားစရာ– ရိုးသားတဲ့ လုပ်ရပ်ကို တွေ့တဲ့အခါ အဲဒီအမျိုးသမီး ဘာကြောင့် အံ့သြသွားရတာလဲ။ ရိုးသားတဲ့အတွက် ဗီဗီယန် ဘယ်လို အကျိုးရခဲ့သလဲ။

ကျမ်းစာမှာ ပြောတယ်– ‘မှန်ရာကို အမြဲလုပ်ဆောင်သူတွေ ပျော်ရွှင်တယ်။’​—ဆာလံ ၁၀၆:၃၊ ကဘ။

“ကျွန်မတို့ မိသားစုက ရုံးအဆောက်အအုံတွေကို သန့်ရှင်းရေး လုပ်ပေးတဲ့လုပ်ငန်း လုပ်တယ်။ ရုံးခန်းသန့်ရှင်းရေး လုပ်နေတုန်း ကြမ်းပြင်ကနေ ငွေအကြွေတချို့ ကောက်ရတတ်တယ်။ အဲဒီအခါ အနီးဆုံးစားပွဲအပေါ်မှာ တင်ထားပေးလိုက်တယ်။ ရုံးဝန်ထမ်းတစ်ယောက်က ကျွန်မတို့ရဲ့ ရိုးသားမှုကို ပိုလွန်းတယ်လို့ထင်ပြီး “ဒါက အကြွေစေ့ပဲလေ” လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီလိုရိုးသားတဲ့အတွက် ကျွန်မတို့ကို သူယုံကြည်စိတ်ချတာ။”​—ဂျူလီယာ။

စဉ်းစားစရာ– ဂျူလီယာရဲ့ ရိုးသားမှုနာမည်ကောင်းက နောက်ပိုင်း အလုပ်လျှောက်ဖို့ ကိုယ်ရေးအချက်အလက်တွေ လိုလာတဲ့အခါ ဘယ်လို အကျိုးဖြစ်စေမလဲ။

ကျမ်းစာမှာ ပြောတယ်– “ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်သနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်လော့။”—၂ တိမောသေ ၂:၁၅။

“၆၄ နာရီစာလုပ်ခပဲ ရသင့်တာ၊ ဒါပေမဲ့ နာရီ ၈၀ စာလုပ်ခ ကျွန်မ ရတယ်။ ယူလိုက်လို့ရပေမဲ့ မယူချင်ဘူး။ ငွေထုတ်ပေးတဲ့ မန်နေဂျာကို ပိုနေတဲ့ ပိုက်ဆံ ပြန်ပေးလိုက်တော့ သူ သိပ်ကျေးဇူးတင်သွားတယ်။ ကုမ္ပဏီက အကြီးကြီးပါ။ ဒါပေမဲ့ ပိုက်ဆံခိုးသလိုဖြစ်မှာ မလိုလားဘူး။”—ဘက်သနီ။

စဉ်းစားစရာ– လူတစ်ယောက်ဆီက ပိုက်ဆံခိုးတာနဲ့ အဖွဲ့အစည်းတစ်ခုဆီက ပိုက်ဆံခိုးတာ ဘယ်ဟာ အပြစ်ပိုကြီးသလဲ။

ကျမ်းစာမှာ ပြောတယ်– ‘ယေဟောဝါက စဉ်းလဲသူကို ရွံရှာတယ်။ ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။’—သုတ္တံ ၃:၃၂၊ ကဘ။

ရွယ်တူချင်းတွေပြောဆိုရာ

  • တိုးဘီ

    တိုးဘီ

    ကျောင်းမှာ စာခိုးချတဲ့သူတွေ များလာတယ်။ စာခိုးချဖို့သုံးတဲ့ အချိန်ရဲ့ တစ်ဝက်ကိုပဲ စာကျက်ရင်တောင် သူတို့ စာမေးပွဲအောင်မှာ။

  • အော်စတင်

    အော်စတင်

    ‘အမှန်အတိုင်း ပြောလိုက်ရင် ဘာပြဿနာတွေ ဖြစ်လာမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ လိမ်ပြောလိုက်လို့ ဖြစ်လာနိုင်မယ့် ပြဿနာနဲ့ နှိုင်းယှဉ်ကြည့်တယ်။ အကျိုးဆက်ကို စဉ်းစားတာက ကျွန်တော့်ကို ရိုးသားဖို့ ကူညီပေးတယ်။

  • ဟိုင်းဒီ

    ဟိုင်းဒီ

    လူအများစုက အမှန်အတိုင်းပြောရင် နစ်နာတယ်ထင်လို့ လိမ်ပြောကြတယ်။ ဒါပေမဲ့ လိမ်ပြောပြီး အပြစ်ရှိတယ်လို့ ခံစားရတာထက် အမှန်အတိုင်းပြောပြီး ဆုံးမခံရတာက ပိုကောင်းတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ