ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၄၆
  • ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ဘယ်နှယောက် ရှိသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ဘယ်နှယောက် ရှိသလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေကို ဘယ်လို ရေတွက်သလဲ။
  • ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ငွေကြေး လှူဒါန်းရသလား။
  • တက်တက်ကြွကြွ ဟောပြောနေတဲ့ ယေဟောဝါသက်သေ အရေအတွက်ကို ဘယ်လို သိသလဲ
  • အဖွဲ့အစည်းနဲ့ ပူးပေါင်းနေပေမဲ့ ဟောပြောခြင်း လုပ်ငန်းမှာ မပါဝင်သူတွေကို အသင်းသားအဖြစ် ရေတွက်သလား။
  • အစိုးရဖော်ပြတဲ့ ယေဟောဝါသက်သေ အရေအတွက်က ခင်ဗျားတို့ပြောတဲ့ အရေအတွက်ထက် ဘာကြောင့် များနေသလဲ။
  • ၂၀၂၄ ခုနှစ် စုစုပေါင်း မှတ်တမ်း
    ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေများရဲ့ ၂၀၂၄ လုပ်ငန်းတော်နှစ် မှတ်တမ်း
  • ၂၀၁၅ ခုနှစ် စုစုပေါင်းမှတ်တမ်း
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ၂၀၂၄ ခုနှစ်မှာ မျှော်လင့်ချက် ရှာဖွေခြင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၄၆
အမျိုးသမီးတစ်ယောက်ကို ယေဟောဝါသက်သေတစ်ယောက် ဟောပြောနေစဉ်

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ ဘယ်နှယောက် ရှိသလဲ

၂၀၂၄ မှတ်တမ်း

ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေ အရေအတွက်

၉,၀၄၃,၄၆၀

အသင်းတော်

၁၁၈,၇၆၇

ယေဟောဝါသက်သေတွေ ဟောပြောနေတဲ့ နိုင်ငံနဲ့ နယ်မြေဒေသပေါင်း

၂၄၀

၂၀၂၄ စုစုပေါင်း မှတ်တမ်း

၂၀၂၄ ခုနှစ် နိုင်ငံနဲ့ နယ်မြေဒေသမှတ်တမ်းများ

ယေဟောဝါသက်သေတွေကို ဘယ်လို ရေတွက်သလဲ။

နိုင်ငံတော် သတင်းကောင်းကို လစဉ် တက်တက်ကြွကြွ ဟောပြောနေသူတွေကိုပဲ ယေဟောဝါသက်သေတွေအဖြစ် ရေတွက်ပါ တယ်။ (မဿဲ ၂၄:၁၄) အဲဒီထဲမှာ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတွေရော၊ နှစ်ခြင်းမခံရသေးပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသူတွေရော ပါဝင်တယ်။

ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ငွေကြေး လှူဒါန်းရသလား။

မလှူဒါန်းရပါဘူး။ လူတစ်ယောက် ယေဟောဝါသက်သေ ဖြစ်တာ၊ အဖွဲ့အစည်းမှာ တာဝန် ဒါမှမဟုတ် အခွင့်ထူး ရတာက ငွေကြေး လှူဒါန်းတာနဲ့ မသက်ဆိုင်ဘူး။ (တမန်တော် ၈:၁၈-၂၀) တကယ်တော့ အလှူငွေအများစုကို ဘယ်သူဘယ်ဝါ လှူမှန်း မသိပါဘူး။ ယေဟောဝါသက်သေ အားလုံးက ကမ္ဘာချီလုပ်ငန်းအတွက် မိမိတို့ရဲ့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာတွေကို စေတနာစိတ်နဲ့ အခြေအနေခွင့်ပြုသလောက် ပေးလှူကြတယ်။—၂ ကောရိန္သု ၉:၇။

တက်တက်ကြွကြွ ဟောပြောနေတဲ့ ယေဟောဝါသက်သေ အရေအတွက်ကို ဘယ်လို သိသလဲ

ယေဟောဝါသက်သေတွေက လစဉ် ဟောပြောခြင်းလုပ်ငန်း မှတ်တမ်းကို သက်ဆိုင်ရာ အသင်းတော်ဆီ ပေးရတယ်။ ဒီမှတ်တမ်းကို ကိုယ့်ဆန္ဒအလျောက် ပေးကြတာ။

အသင်းတော် မှတ်တမ်းတွေကို စာရင်းပြုစုပြီးနောက် စုစုပေါင်းကို ဒေသခံဌာနခွဲဆီ ပို့ပေးတယ်။ ဌာနခွဲက တစ်နိုင်ငံလုံး မှတ်တမ်း စုစုပေါင်းကို ကမ္ဘာ့ဌာနချုပ်ဆီ ပို့ပေးတယ်။

လုပ်ငန်းတော်နှစ်a အကုန်မှာ အဲဒီနှစ်အတွင်း တစ်နိုင်ငံစီရဲ့ အများဆုံး ယေဟောဝါသက်သေ အရေအတွက်ကို ဆုံးဖြတ်တယ်။ အဲဒီအရေအတွက်တွေကို ပေါင်းလိုက်တဲ့အခါ တစ်ကမ္ဘာလုံးရဲ့ အရေအတွက်ကို သိရတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် “ကမ္ဘာတစ်ဝန်း” ကဏ္ဍမှာ တစ်နိုင်ငံစီအတွက် အသေးစိတ် မှတ်တမ်းကို ဖော်ပြထားပါတယ်။ ဒီမှတ်တမ်းတွေက ကျွန်တော်တို့ကို အားရှိစေတယ်။—တမန်တော် ၂:၄၁။ ၄:၄။ ၁၅:၃။

အဖွဲ့အစည်းနဲ့ ပူးပေါင်းနေပေမဲ့ ဟောပြောခြင်း လုပ်ငန်းမှာ မပါဝင်သူတွေကို အသင်းသားအဖြစ် ရေတွက်သလား။

ယေဟောဝါသက်သေ အရေအတွက်ထဲမှာ သူတို့တွေ မပါပါဘူး။ ဒါပေမဲ့ သူတို့ကို အသင်းတော်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သူတို့အများစုဟာ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာနေ့ အစီအစဉ်ကို တက်ရောက်ကြတယ်။ သူတို့ရဲ့ အရေအတွက်ကို သိနိုင်ဖို့ဆိုရင် အောက်မေ့ရာနေ့ အစီအစဉ်တက်ရောက်သူ အရေအတွက်နဲ့ ယေဟောဝါသက်သေ အရေအတွက်ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အောက်မေ့ရာနေ့ အစီအစဉ်ကို တက်ရောက်သူ ၂၁,၁၁၉,၄၄၂ ယောက် ရှိတယ်။

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို မတက်ရောက်သူ အများစုဟာ အခမဲ့ ကျမ်းစာလေ့လာမှု အစီအစဉ်ကနေ အကျိုးရနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း လစဉ် ကျမ်းစာသင်အံမှုပေါင်း ၇,၄၈၀,၁၄၆ ခု ကျင်းပခဲ့တယ်။

အစိုးရဖော်ပြတဲ့ ယေဟောဝါသက်သေ အရေအတွက်က ခင်ဗျားတို့ပြောတဲ့ အရေအတွက်ထက် ဘာကြောင့် များနေသလဲ။

အစိုးရက လူတွေကို ဘယ်ဘာသာရေးအဖွဲ့ကလဲဆိုတာ မေးပြီးမှ အရေအတွက်ကို ဆုံးဖြတ်လေ့ရှိတယ်။ ဥပမာ၊ ယူအက်စ် သန်းခေါင်စာရင်းဌာနက စာရင်းကောက်တဲ့အခါ “လျှောက်ထားသူဟာ ဘယ်ဘာသာဝင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ယူမှတ်သလဲဆိုတာပေါ် မူတည်ပြီး ဆုံးဖြတ်တယ်။” ဒါကြောင့် ထွက်ပေါ်လာတဲ့ အရေအတွက်ဟာ အဖြစ်မှန်ပေါ် မဟုတ်ဘဲ ကိုယ်ပိုင်ယူဆချက်အပေါ် အခြေခံတယ်။ ယေဟောဝါသက်သေတွေကျတော့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ပြီး မှတ်တမ်းပေးသူတွေကိုပဲ ရေတွက်တယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေပါလို့ ပြောရုံပြောနေသူတွေကို ထည့်မတွက်ဘူး။

a လုပ်ငန်းတော်နှစ်ဆိုတာ စက်တင်ဘာ ၁ ရက်ကနေ နောက်နှစ် ဩဂုတ် ၃၁ ရက်အထိ ဖြစ်တယ်။ ဥပမာ၊ ၂၀၁၅ လုပ်ငန်းတော်နှစ်ဟာ ၂၀၁၄ စက်တင်ဘာ ၁ ရက်ကနေ ၂၀၁၅ ဩဂုတ် ၃၁ ရက်အထိ ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ