ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၄
  • “သေပြစ်ခုနစ်မျိုး” ဆိုတာ ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သေပြစ်ခုနစ်မျိုး” ဆိုတာ ရှိသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • အပြစ်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသောဘုရားသခင်
    ယေဟောဝါထံ ချဉ်းကပ်လော့
  • အပြစ်ဝန်ခံဖို့ ဘုရားသခင် တောင်းဆိုထားသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အပြစ်နှင့် ပတ်သက်၍ လူတို့၏သဘောထား ပြောင်းလဲသွားပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၄
စိတ်ဆင်းရဲနေတဲ့ လူတစ်ယောက်

“သေပြစ်ခုနစ်မျိုး” ဆိုတာ ရှိသလား

ကျမ်းစာအဖြေ

“သေပြစ်ခုနစ်မျိုး” ဆိုပြီး ကျမ်းစာမှာ အရေအတွက် တိတိကျကျ မပြောပါဘူး။ ဒါပေမဲ့ ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်မယ်ဆိုရင် ကယ်တင်ခြင်း မရနိုင်တဲ့အကြောင်းကိုတော့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ မတရားမေထုန်ပြုခြင်း (လိင်အကျင့်ယိုယွင်းခြင်း)၊ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ အမျက်ထွက်ခြင်း၊ သောက်စားမူးယစ်ခြင်းစတာတွေကို “လူ့ဇာတိနှင့်ဆိုင်သော အကျင့်” ဆိုပြီး ကြီးလေးတဲ့အပြစ်အနေနဲ့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီနောက် “ဤအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့် နိုင်ငံတော်ကို အမွေမခံကြရ” လို့ဆိုထားတယ်။​—ဂလာတိ ၅:​၁၉-​၂၁။a

‘ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ ခုနှစ်ပါး’ ဆိုပြီး ကျမ်းစာမှာ ပြောထားတယ် မဟုတ်လား

ဟုတ်ပါတယ်။ ယုဒသန်ဘာသာပြန်ကျမ်းရဲ့ သုတ္တံ ၆:၁၆ မှာ “ထာဝရဘုရား မုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါး” ဆိုပြီး ဖော်ပြထားပါတယ်။ ဒါပေမဲ့ သုတ္တံ ၆:၁၇-၁၉ မှာ ဆက်လက်ဖော်ပြတာတွေက အပြစ်ရှိသမျှကို စုပေါင်းဖော်ပြထားတာ မဟုတ်ဘူး။ အဲဒီအစား အတွေးမှား၊ အပြောမှား၊ လုပ်ရပ်မှားတွေ အပါအဝင် မှားယွင်းတဲ့အကျင့်အမျိုးမျိုးကို ခြုံငုံဖော်ပြထားတာ ဖြစ်တယ်။b

“သေပြစ်” ဆိုတဲ့ အသုံးအနှုန်းက ဘာအဓိပ္ပာယ်လဲ

ဘာသာပြန်ကျမ်းတချို့က ဒီစကားလုံးကို ၁ ယောဟန် ၅:၁၆ မှာ သုံးနှုန်းထားတယ်။ ဥပမာ၊ ယုဒသန်ဘာသာပြန်ကျမ်းမှာ “သေပြစ်သင့်သော ဒုစရိုက်ရှိ၏” လို့ ရေးထားတယ်။ “သေပြစ်” ဆိုတဲ့ အသုံးအနှုန်းကို “သေဒဏ်ထိုက်သော အပြစ်” လို့လည်း ဘာသာပြန်ဆိုနိုင်တယ်။ “သေဒဏ်ထိုက်သော အပြစ်” နဲ့ “သေဒဏ်မထိုက်သော အပြစ်” က ဘယ်လိုကွာခြားသလဲ။​—၁ ယောဟန် ၅:​၁၆၊ သမာကျမ်း။

အပြစ်မှန်သမျှ သေခြင်းကို ဦးတည်စေတယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ ဒါပေမဲ့ ယေရှုခရစ်ရဲ့ ရွေးဖိုးပူဇော်သကာကြောင့် အပြစ်နဲ့သေခြင်းကနေ ကျွန်တော်တို့ ကယ်တင်ခံရနိုင်တယ်။ (ရောမ ၅:​၁၂; ၆:​၂၃) ဒါကြောင့် “သေဒဏ်ထိုက်သောအပြစ်” ဆိုတာ ယေရှုရဲ့ ရွေးဖိုးပူဇော်သကာကနေ အကျိုးမရနိုင်တဲ့ အပြစ်ကို ဆိုလိုတယ်။ အဲဒီလိုအပြစ်မျိုးကို ကျူးလွန်တဲ့သူဟာ သူ့ရဲ့သဘောထားနဲ့ အကျင့်ကို ဘယ်တော့မှ မပြောင်းလဲဘဲ အပြစ်လမ်းစဉ်အတိုင်း လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားသူဖြစ်တယ်။ အဲဒီလိုအပြစ်မျိုးကို ‘ခွင့်လွှတ်မခံရမယ့်’ အပြစ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။​—မဿဲ ၁၂:၃၁; လုကာ ၁၂:၁၀။

သေပြစ်ခုနစ်မျိုးဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ

“သေပြစ်ခုနစ်မျိုး” ဆိုတာ အဓိကအကျင့်ဆိုး ရှစ်မျိုးကို အခြေခံပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်။ အေဒီလေးရာစုမှာ ဘုန်းတော်ကြီး အီဗာဂရီရပ်စ် ပုမ်တီကပ်စ်က အကျင့်ဆိုးရှစ်မျိုးကို စတင်တီထွင်ခဲ့တယ်။ သူရေးသားခဲ့တဲ့ စာပေတွေက ဘုန်းတော်ကြီး ဂျွန်ကယ်ရှန် ရေးသားခဲ့တဲ့ စာပေတွေအပေါ် များစွာသြဇာလွှမ်းမိုးခဲ့တယ်။ အေဒီခြောက်ရာစု ရောက်လာတဲ့အခါ ပုပ်ရဟန်းမင်းကြီး ဂရယ်ဂရီက ကယ်ရှန်ရေးသားခဲ့တဲ့ အကျင့်ဆိုးရှစ်မျိုးကို သေပြစ်ခုနစ်မျိုးဆိုပြီး ပြောင်းလိုက်ပြန်တယ်။ အဲဒီခုနှစ်မျိုးကတော့ ရိုမန်ကက်သလစ်အယူဝါဒမှာ ကြီးလေးတဲ့အပြစ်တွေဖြစ်တဲ့ မာနကြီးခြင်း၊ လောဘကြီးခြင်း၊ ရမ္မက်ကြီးခြင်း၊ မနာလိုခြင်း၊ အစားကြီးခြင်း၊ ဒေါသကြီးခြင်း၊ ပျင်းရိခြင်းတို့ဖြစ်တယ်။ ဒီအပြစ်ခုနှစ်မျိုးဟာ အဓိကအပြစ်တွေဖြစ်ပြီး ဒီအပြစ်တွေကနေ တခြားအပြစ်တွေ ပေါ်ပေါက်လာတယ်လို့ ဂရယ်ဂရီ ယူဆခဲ့တယ်။

a ဂလာတိ ၅:​၁၉-​၂၁ မှာပါတဲ့ ကြီးလေးတဲ့အပြစ် ၁၅ ခုဟာ အပြစ်အားလုံးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ မဟုတ်ပါဘူး။ အပြစ် ၁၅ ခုကို ဖော်ပြပြီးနောက် “ထိုသို့သောအရာများ” ဆိုတဲ့စကားကို ဆက်ပြောထားသေးတယ်။ အပြစ် ၁၅ ခုမှာမပါပေမဲ့ “ထိုသို့သောအရာများ” ထဲမှာ တခြားဘာအပြစ်တွေလည်း အကျုံးဝင်မှန်း ထည့်စဉ်းစားဖို့ ကျမ်းစာဖတ်တဲ့သူကို အားပေးထားတယ်။

b သုတ္တံ ၆:၁၆ မှာ ဟီဘရူးအသုံးအနှုန်းတစ်ခု ပါတယ်။ အရေအတွက် နှစ်ခုကို နှိုင်းယှဉ်ဖော်ပြပြီး ဒုတိယအရေအတွက်ကို အလေးပေးတဲ့ ဒီလိုအသုံးအနှုန်းမျိုးကို ကျမ်းစာမှာ မကြာခဏတွေ့ရတယ်။​—ယောဘ ၅:​၁၉; သုတ္တံ ၃၀:၁၅၊ ၁၈၊ ၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ