ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၅၉
  • လိင်တူဆက်ဆံတာ မှားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိင်တူဆက်ဆံတာ မှားသလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာအပြောက ဒါကိုဆိုလိုသလား
  • ဒီလိုအခြေအနေမျိုး ဆိုရင်ကော
  • လိင်တူဆက်ဆံတာနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်ကို ငါဘယ်လိုရှင်းပြရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • သမ္မာကျမ်းစာမှာ လိင်တူဆက်ဆံခြင်းအကြောင်း ဘာပြောထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • လိင်တူမေထုန် ဒါကို ငါဘယ်လိုရှောင်ရမလဲ
    နိုးလော့!—၂၀၀၇
  • လိင်တူဆက်ဆံခြင်းအကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ
    နိုးလော့!—၂၀၁၆
လူငယ်များအမေး
ijwyp ဆောင်းပါး ၅၉
လက်ကိုင်ထားတဲ့ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက်ရဲ့ ပုံရိပ်တွေကို အထင်အရှားဖော်ပြထား

လူငယ်များအမေး

လိင်တူဆက်ဆံတာ မှားသလား

“အရွယ်ရောက်လာချိန်မှာ ကျွန်တော့်အတွက် အခက်ခဲဆုံးတစ်ခုက ယောက်ျားတွေကိုပဲ စိတ်ဝင်စားတာ။ ဒီစိတ်က ခဏပါပဲ၊ နောက်ဆို ပျောက်သွားမှာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုထိရှိတုန်းပဲ။”​—ဒေးဗစ်၊ ၂၃ နှစ်။

ဒေးဗစ်ဟာ ဘုရားကြိုက်တာကို လုပ်ချင်တဲ့ ခရစ်ယာန်တစ်ယောက်ပါ။ ဒါပေမဲ့ လိင်တူတွေကို စွဲလမ်းတဲ့စိတ်နဲ့ ဘုရား ကြိုက်တာကို သူလုပ်နိုင်ပါ့မလား။ လိင်တူဆက်ဆံတာနဲ့ပတ်သက်လို့ ဘုရားအမြင်က ဘာလဲ။

  • သမ္မာကျမ်းစာ ဘာပြောသလဲ

  • ကျမ်းစာအပြောက ဒါကိုဆိုလိုသလား

  • ဒီလိုအခြေအနေမျိုး ဆိုရင်ကော

သမ္မာကျမ်းစာ ဘာပြောသလဲ

လိင်တူဆက်ဆံခြင်းအပေါ်ထားတဲ့ သဘောထားတွေဟာ ယဉ်ကျေးမှုတစ်ခုနဲ့ တစ်ခု မတူနိုင်သလို ခေတ်ကာလအရလည်း ပြောင်းလဲလာနိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေဟာ လူအများလက်ခံတိုင်း လက်ခံကြတာ မဟုတ်ဘူး၊ “ခပ်သိမ်းသော သွန်သင်ခြင်းလေ တိုက်ရာဘက်” ကို မတိမ်းယိမ်းကြဘူး။ (ဧဖက် ၄:၁၄) လိင်တူဆက်ဆံတဲ့အကျင့် (တခြားအမူအကျင့်) အပေါ် သူတို့ရဲ့ ရှုမြင်ပုံက ကျမ်းစာစံနှုန်းတွေပေါ် မူတည်တယ်။

လိင်တူဆက်ဆံခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာစံနှုန်းက ရှင်းပါတယ်။ ကျမ်းစာက အခုလိုပြောတယ်–

  • ‘မိန်းမနဲ့အတူ အိပ်သလို ယောက်ျားချင်း အတူမအိပ်နဲ့။’​—ဝတ်ပြုရာ ၁၈:​၂၂၊ ကဘ။

  • ‘ဘုရားသခင်က သူတို့ကို စွန့်ပစ်ပြီး အထိန်းအကွပ်မဲ့တဲ့ ရမ္မက်အလိုအတိုင်း အကျင့်ပျက်ပြားဖို့ ခွင့်ပြုလိုက်တယ်။ မိန်းမတွေက သဘာဝကို လွန်ဆန်ပြီး သဘာဝနဲ့ ဆန့်ကျင်တဲ့အကျင့်တွေကို ကျင့်ကြတယ်။’​—ရောမ ၁:၂၄၊ ၂၆။

  • ‘လှည့်ဖြားမခံကြပါနဲ့။ လိင်အကျင့်ယိုယွင်းသူ၊ ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာ၊ ယောက်ျားချင်း လိင်ဆက်ဆံသူ၊ သူခိုး၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲဆိုသူ၊ လုယက်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။’​—၁ ကောရိန္သု ၆:​၉၊ ၁၀။

ဘုရားသခင့်စံနှုန်းတွေဟာ လိင်တူချင်းဆက်ဆံသူဖြစ်ဖြစ်၊ လိင်ခြားသူနဲ့ဆက်ဆံသူဖြစ်ဖြစ် လူအားလုံးနဲ့ သက်ဆိုင်တယ်။ လူတိုင်းဟာ ဘုရား မနှစ်သက်တဲ့ အမူအကျင့်တွေ ကျင့်ဖို့ စိတ်ဆန္ဒ ဖြစ်ပေါ်လာတဲ့အခါ စိတ်ချုပ်တည်းဖို့ အရေးကြီးတယ်။​—ကောလောသဲ ၃:၅။

ကျမ်းစာအပြောက ဒါကိုဆိုလိုသလား

လိင်တူချင်းဆက်ဆံသူတွေကို မုန်းတီးဖို့ ကျမ်းစာက ပြောနေတာလား

မဟုတ်ပါဘူး။ ကျမ်းစာမှာ လိင်တူဆက်ဆံသူတွေ၊ လိင်ခြားသူနဲ့ ဆက်ဆံသူတွေကို မုန်းတီးရမယ်လို့ မပြောထားပါဘူး။ ဘယ်လို ဘဝပုံစံရှိပါစေ ‘လူအားလုံးနဲ့ သင့်မြတ်စွာနေဖို့’ ပြောထားပါတယ်။ (ဟေဗြဲ ၁၂:၁၄) ဒါကြောင့် လိင်တူဆက်ဆံသူတွေကို အနိုင်ကျင့်တာ၊ အကြမ်းဖက်တိုက်ခိုက်တာ၊ မတရားဆက်ဆံတဲ့ပုံစံ မှန်သမျှဟာ မှားပါတယ်။

လိင်တူလက်ထပ်တာကို ခွင့်ပြုထားတဲ့ ဥပဒေတွေကို ခရစ်ယာန်တွေ ဆန့်ကျင်သင့်တယ်လို့ ဆိုလိုတာလား

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘုရားသခင့်စံနှုန်းက ယောက်ျားနဲ့ မိန်းမပေါင်းဖက်ခြင်း ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။ (မဿဲ ၁၉:​၄-၆) ဒါပေမဲ့ လိင်တူလက်ထပ်ခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေကို အချေအတင် ဆွေးနွေးတာက နိုင်ငံရေးကိစ္စ ဖြစ်သွားတယ်။ ခရစ်ယာန်တွေဟာ နိုင်ငံရေးမှာ မစွက်ဖက်ဖို့ ကျမ်းစာ မိန့်ဆိုထားတယ်။ (ယောဟန် ၁၈:၃၆) ဒါကြောင့် လိင်တူဆက်ဆံတာ၊ လိင်တူလက်ထပ်တာ ပါဝင်တဲ့ အစိုးရဥပဒေတွေကို ထောက်ခံတာမျိုး၊ ဆန့်ကျင်တာမျိုး ခရစ်ယာန်တွေ မလုပ်ကြဘူး။

ဒီလိုအခြေအနေမျိုး ဆိုရင်ကော

လူတစ်ယောက်က လိင်တူဆက်ဆံသူ ဖြစ်နေရင်ကော။ အဲဒီလူ ပြောင်းလဲနိုင်သလား။

ပြောင်းလဲနိုင်ပါတယ်။ ပထမရာစုအချိန်က လူတချို့လည်း အဲဒီလိုလူမျိုး ဖြစ်ခဲ့ကြတယ်။ ယောက်ျားချင်း လိင်ဆက်ဆံသူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူးလို့ ပြောပြီးနောက် ‘ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်’ လို့ ကျမ်းစာ ဆက်ပြောတယ်။​—၁ ကောရိန္သု ၆:၁၁။

လိင်တူဆက်ဆံတဲ့အကျင့်ကို မကျင့်တော့တာနဲ့ သူ့မှာ အဲဒီစိတ်ဆန္ဒ လုံးဝ မရှိတော့ဘူးလို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ ကျမ်းစာမှာ အခုလိုပြောတယ်– ‘ဘုရားသခင် ပေးထားတဲ့ စရိုက်သစ်ကို ဝတ်ဆင်ကြပါ။ ဘုရားသခင်ကို တိကျမှန်ကန်စွာ သိလာတာနဲ့အမျှ လူသစ်တွေဖြစ်အောင် အမြဲ လုပ်နေရမယ်။’ (ကောလောသဲ ၃:၁၀) အဲဒီဆန္ဒတွေကို ဆက်ပြီး တိုက်ထုတ်နေရမှာကို ဆိုလိုတယ်။

ဘုရားစံနှုန်းအတိုင်း နေထိုင်ချင်ပေမဲ့ လိင်တူဆက်ဆံချင်စိတ် ဆက်ရှိနေသေးရင်ကော။

လူတစ်ယောက်ဟာ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒအတိုင်း မလုပ်မိဖို့ ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာ အခုလိုပြောတယ်– ‘စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲလျှောက်လှမ်းကြပါ။ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။’​—ဂလာတိ ၅:၁၆။

လူတစ်ယောက်မှာ အပြစ်ရှိတဲ့ အလိုဆန္ဒ မရှိဘူးလို့ ဒီကျမ်းချက်က မပြောထားပါဘူး။ မှန်မှန် ကျမ်းစာဖတ်မယ်၊ ဆုတောင်းမယ်ဆိုရင် မကောင်းတဲ့ စိတ်ဆန္ဒတွေကို တွန်းလှန်နိုင်ပါလိမ့်မယ်။

အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ်ဟာ မိဘတွေကို ရင်ဖွင့်ပြောပြလိုက်ပြီးမှ သူ့ရဲ့ စိတ်ဆန္ဒတွေကို ချိုးနှိမ်နိုင်ခဲ့တယ်။ “အခုမှပဲ စိတ်ပေါ့သွားတော့တယ်။ စောစောကသာ ပြောပြလိုက်ရင် ကောင်းသား” လို့ သူဝန်ခံတယ်။

ယေဟောဝါရဲ့စံနှုန်းတွေကို လိုက်လျှောက်သူတွေဟာ ပိုပျော်ရွှင်တယ်။ ဘုရားစံနှုန်းတွေဟာ ‘ဖြောင့်မတ်တယ်။ စိတ်နှလုံးကို ရွှင်လန်းစေတယ်။ အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုးကြီး’ တယ်ဆိုတာ ယေဟောဝါသက်သေတွေ ယုံကြည်စိတ်ချကြတယ်။​—ဆာလံ ၁၉:​၈၊ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ