ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၆၀
  • အရက်ယမကာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရက်ယမကာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောက်ပြီးဘာဖြစ်မယ်ဆိုတာ စဉ်းစားပါ
  • စိတ်ပိုင်းဖြတ်ထားပါ
  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အရက်ယမကာကို ချင့်ချိန်မှုရှိရှိ သောက်နိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၆၀
လူငယ်တစ်ယောက်ကို ပျော်ပွဲစားမှာ အရက်ကမ်းပေးနေ

လူငယ်များအမေး

အရက်ယမကာနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ

တရားဝင်သောက်ခွင့် ရှိတယ်ဆိုရင် သင့်တော်တဲ့ ပမာဏနဲ့ သောက်သုံးတာကို ကျမ်းစာက မတားမြစ်ပါဘူး။ ဒါပေမဲ့ သောက်ကြူးတာကိုတော့ တားမြစ်ထားတယ်။​—ဆာလံ ၁၀၄:၁၅။ ၁ ကောရိန္သု ၆:​၁၀။

တကယ်လို့ အစိုးရဥပဒေနဲ့ သင့်ရဲ့ မိဘတွေ တားမြစ်ထားတဲ့ကြားက အရက်သောက်ဖို့ ဖိအားပေးတာတွေ ကြုံလာရတယ် ဆိုရင်ကော။

  • သောက်ပြီးဘာဖြစ်မယ်ဆိုတာ စဉ်းစားပါ

  • စိတ်ပိုင်းဖြတ်ထားပါ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

သောက်ပြီးဘာဖြစ်မယ်ဆိုတာ စဉ်းစားပါ

ရွယ်တူချင်းတွေက အရက်သောက်တာ ပျော်စရာ သိပ်ကောင်းတယ်လို့ ပြောပါလိမ့်မယ်။ ဒါပေမဲ့ သောက်ပြီးတဲ့နောက် ဘာတွေ ဖြစ်သွားနိုင်သလဲ။

  • ထောင်ကျနေတဲ့ လူတစ်ယောက်

    ဥပဒေအရ အရေးယူခံရနိုင်။ သင်က အစိုးရ ခွင့်ပြုထားတဲ့ အသက်အရွယ် မရောက်ခင် အရက်သောက်တယ်ဆိုရင် ဒဏ်ရိုက်ခံရတာ၊ ရာဇဝတ်မှုနဲ့ အရေးယူတာ၊ လိုင်စင်အသိမ်းခံရတာ၊ လူမှုရေးလုပ်ငန်းမှာ လုပ်ဆောင်ခိုင်းတာနဲ့ ထောင်ကျတာ ဖြစ်နိုင်ပါတယ်။​—ရောမ ၁၃:၃။

  • လက်ကိုင်ဖုန်း

    နာမည်ပျက်နိုင်။ အရက်က ကိုယ့်ကိုယ်ကို ချုပ်တည်းနိုင်စွမ်း ကျစေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ နောက်ပိုင်း နောင်တရစေတဲ့ စကားမျိုး၊ လုပ်ရပ်မျိုးကို လုပ်မိစေနိုင်တယ်။ (သုတ္တံ ၂၃:၃၁-​၃၃) ဒီဆိုရှယ်မီဒီယာခေတ်မှာ သင့်ရဲ့လုပ်ရပ်က တစ်သက်လုံး နာမည်ပျက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

  • အမျိုးသမီးတစ်ဦး နှောင့်ယှက်ခံနေရ

    ခုခံကာကွယ်နိုင်မှု အားနည်းစေ။ အရက်ကြောင့် ကာယရေးနဲ့ လိင်ဆိုင်ရာစော်ကားမှုခံရဖို့ လွယ်ကူသွားစေတယ်။ အဲဒီအချိန်မှာ တခြားသူရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို အလွယ်တကူ ကျရောက်သွားနိုင်ပြီး အန္တရာယ်ဖြစ်စေတဲ့၊ တရားမဝင်တဲ့ လုပ်ရပ်တွေ လုပ်မိသွားနိုင်တယ်။

  • အရက် ပုလင်းခွံ

    အရက်စွဲသွားနိုင်။ လေ့လာတွေ့ရှိချက်တချို့အရ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တဲ့သူတွေဟာ အရက်စွဲဖို့ ပိုလွယ်တယ်လို့ ဖော်ပြတယ်။ စိတ်ဖိစီးလို့၊ အထီးကျန်လို့၊ ပျင်းလို့ဆိုပြီး အကြောင်းအမျိုးမျိုးပြ အရက်သောက်တာက နောက်ဆုံး ဖြတ်ဖို့ ပိုခက်စေတယ်။

  • ကန့်လန့်ဖြတ်အရိုးနှစ်ချောင်းနဲ့ ဦးခေါင်းခွံ

    သေဆုံးနိုင်။ အမေရိကန်မှာ၊ အရက်သောက်ပြီး ကားမောင်းတာကြောင့် ၅၂ မိနစ်တိုင်းမှာ လူတစ်ဦး သေဆုံးနေရတယ်။ ၅ နှစ်တာ အတွင်းမှာ အသက် ၂၁ နှစ်အောက် လူငယ် ၁၅၀၀ ကျော်ဟာ အရက်နဲ့ပတ်သက်တဲ့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးနေကြရတယ်။ ကိုယ်တိုင် မသောက်သည့်တိုင် အရက်သောက်ထားသူ မောင်းတဲ့ကားကို စီးတယ်ဆိုရင် အန္တရာယ်ကြုံရနိုင်ပါတယ်။

စိတ်ပိုင်းဖြတ်ထားပါ

မသင့်တော်ဘဲ အရက်သောက်တဲ့ကိစ္စမှာ ကိုယ်ဘာလုပ်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားရင် နောက်ဆက်တွဲပြဿနာတွေ၊ အန္တရာယ်တွေကို ရှောင်နိုင်တယ်။

ကျမ်းစာလမ်းညွှန်ချက်– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။” (သုတ္တံ ၂၂:၃) ကားမမောင်းခင်နဲ့ အာရုံစိုက်ရမယ့် အလုပ်ကိုမလုပ်ခင် အရက်သောက်တာက ပညာမဲ့ရာကျပါတယ်။

စိတ်ပိုင်းဖြတ်ချက်– ‘ငါအရက်သောက်မယ်ဆိုရင် တရားဥပဒေခွင့်ပြုတဲ့ အသက်အရွယ်နဲ့ သင့်တော်တဲ့ အခြေအနေမျိုး ဖြစ်ရမယ်။’

ကျမ်းစာလမ်းညွှန်ချက်– “တစ်စုံတစ်ယောက်၏ စေစားမှုကို ခံသောသူသည် စေစားသူ၏ကျွန်ဖြစ် . . . ၏။” (ရောမ ၆:​၁၆၊ ခမ) သူငယ်ချင်းတွေ သောက်လို့ လိုက်သောက်တာဆိုရင် သူတို့က ကိုယ့်ကို ထိန်းချုပ်နေတာနဲ့ တူသွားတယ်။ သင်က အပျင်းပြေဖို့ ဒါမှမဟုတ် ဖိစီးမှုကြောင့် သောက်တာဆိုရင် ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိသေးဘူးဆိုတာကို ပြနေတာပဲ။

စိတ်ပိုင်းဖြတ်ချက်– ‘သူငယ်ချင်းတွေက အရက်သောက်ဖို့ ဖိအားပေးတာကို ငါ လက်မခံဘူး။’

ကျမ်းစာလမ်းညွှန်ချက်– ‘စပျစ်ရည်သောက်ကြူးသောသူကို အပေါင်းအဖော်မလုပ်နှင့်။’ (သုတ္တံ ၂၃:၂၀) မကောင်းတဲ့ အပေါင်းအသင်းက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးသွားတတ်တယ်။ အရက်ယမကာကို တလွဲအသုံးပြုနေတဲ့သူတွေနဲ့ အတူရှိနေတာက သင့်အတွက် အန္တရာယ်ရှိစေနိုင်တယ်။

စိတ်ပိုင်းဖြတ်ချက်– ‘အရက်ယမကာကို တလွဲအသုံးပြုတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီးမပေါင်းဘူး။’

ရွယ်တူချင်းတွေ ပြောဆိုရာ

ဂျော်ဒန်

“ကျွန်တော် ကျောင်းတက်တုန်းက အရက်သောက်ဖို့ တစ်ချိန်လုံး တိုက်တွန်းကြတယ်။ ၁ ကောရိန္သု ၁၅:၃၃ မှာ ပါတဲ့ ‘မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသော အကျင့်တို့ကို ပျက်စီးစေတတ်၏’ ဆိုတဲ့ ကျမ်းစကားနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေရတယ်။”​—ဂျော်ဒန်။

ဂျဲန်နာ

“ကျွန်မကို ဖိအားပေးတဲ့သူတွေနဲ့ အခြေအနေတွေကို အတတ်နိုင်ဆုံး ရှောင်တယ်။ ကျေးဇူးတင်စရာက ကျွန်မမှာ အရက်သောက်တာနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်တဲ့ သူငယ်ချင်းတွေ ရထားတယ်။”​—ဂျဲန်နာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ