ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၆၆
  • လမ်းခွဲပြီးနောက် ဘယ်လို ရှေ့ဆက်နိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လမ်းခွဲပြီးနောက် ဘယ်လို ရှေ့ဆက်နိုင်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခံစားရပုံ
  • လုပ်ဆောင်နိုင်ရာ
  • ချစ်သူနဲ့ လမ်းခွဲတဲ့ အခါ
    နိုးလော့!—၂၀၁၅
  • လမ်းခွဲပြီးနောက် ငါဘယ်လိုရှေ့ဆက်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • လမ်းခွဲပြီးတဲ့နောက် ငါဘယ်လို ပြန်ကောင်းလာနိုင်မလဲ
    နိုးလော့!—၂၀၀၉
  • အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၆၆
အသည်းကွဲနေတဲ့ လူငယ်တစ်ယောက် အသည်းပုံဆွဲကြိုးကို ကိုင်ထား

လူငယ်များအမေး

လမ်းခွဲပြီးနောက် ဘယ်လို ရှေ့ဆက်နိုင်မလဲ

“ရည်းစားနဲ့ လမ်းခွဲပြီးနောက် ကျွန်တော် တော်တော်လေး ခံစားလိုက်ရတယ်။ ကျွန်တော့်ဘဝမှာ အနာကျင်ဆုံး ခံစားချက်ပါပဲ” ဆိုပြီး စတီဗင် ပြောတယ်။

အဲဒီလိုခံစားဖူးသလား။ ခံစားဖူးတယ်ဆိုရင် ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။

  • ခံစားရပုံ

  • လုပ်ဆောင်နိုင်ရာ

ခံစားရပုံ

လမ်းခွဲလိုက်တဲ့အခါ နှစ်ယောက်စလုံး စိတ်ကြေကွဲမှာပါ။

  • ကိုယ်က စပြီးလမ်းခွဲသူ ဖြစ်မယ်ဆိုရင် ဂျက်စမင် ပြောသလို ဖြစ်နိုင်တယ်– “ကိုယ်ချစ်ခဲ့ဖူးသူကို စိတ်ထိခိုက်အောင် လုပ်မိတဲ့ ခံစားချက်မျိုး နောက်ဘယ်တော့မှ မခံစားချင်ဘူး။”

  • ကိုယ်က စပြီးလမ်းခွဲတာ မဟုတ်ဘူးဆိုရင် မင်းမရှိရင် အသက်မရှင်ချင်ဘူး ဆိုပြီး တချို့ ပြောတာကို သဘောပေါက်လာနိုင်ပါတယ်။ “တစ်ချိန်လုံး ဝမ်းနည်းပူဆွေးနေတဲ့အပြင် ဖြစ်ခဲ့တာကို လက်မခံနိုင်၊ ဒေါသပေါက်ကွဲ၊ ပြန်သင့်မြတ်ဖို့ ကြိုးစားချင်ပြီး စိတ်ဓာတ်ကျနေတယ်။ လမ်းခွဲခဲ့ပြီဆိုတာကို တစ်နှစ်လောက်ကြာမှပဲ လက်ခံနိုင်တယ်။”

အဓိကအချက်– လမ်းခွဲလိုက်တဲ့အခါ အသည်းတွေကွဲပြီး မျှော်လင့်ချက်တွေ ပျောက်ဆုံးနေနိုင်တယ်။ “ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်” ဆိုပြီး ကျမ်းရေးသူတစ်ယောက် ရေးခဲ့တယ်။​—သုတ္တံ ၁၇:၂၂။

လုပ်ဆောင်နိုင်ရာ

  • လူတစ်ယောက် စကားပြောနေ

    ရင့်ကျက်သူတစ်ယောက်ကို ရင်ဖွင့်ပါ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ကျမ်းစာက ဆိုတယ်။ (သုတ္တံ ၁၇:၁၇) မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်တာက ပြန်နာလန်ထူနိုင်စေတယ်။

    “လနဲ့ချီ ကျွန်မ လူတွေနဲ့ မပေါင်းချင်ဘူး၊ ဘယ်သူ့ကိုမှ ကျွန်မရဲ့ ခံစားချက်တွေကို မပြောဘူး၊ တကယ်တော့ သူငယ်ချင်းတွေဟာ ကူညီပေးနိုင်သူတွေ ဆိုတာ သူတို့ကို ရင်ဖွင့်ပြီးနောက်မှ သိလိုက်ရတယ်။”​—ဂျဲနက်။

  • လူ့ဦးနှောက်

    ဖြစ်ပျက်ခဲ့ရာကနေ သင်ယူပါ။ “ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ” ဆိုပြီး နောက်ကျမ်းတစ်ချက်က ဆိုတယ်။ (သုတ္တံ ၄:၅) ဒီလိုရင်နာစရာ အတွေ့အကြုံတွေကနေ ကိုယ့်အကြောင်း ကိုယ်သိလာတာ အများကြီးရှိသလို စိတ်ပျက်စရာကိစ္စတွေကို ပိုကိုင်တွယ်ဖြေရှင်း တတ်လာတယ်။

    “လမ်းခွဲပြီးနောက်ပိုင်းမှာ သူငယ်ချင်းတစ်ယောက်က ‘မင်းရဲ့ အဖြစ်ကနေ ဘာသင်ခန်းစာ ရသလဲ၊ နောက်ပိုင်း တစ်ယောက်ယောက်နဲ့ တွဲဖြစ်ခဲ့ရင် အဲဒီသင်ခန်းစာကို ဘယ်လိုအသုံးချမလဲ’ လို့ မေးတယ်။”​—စတီဗင်။

  • လူတစ်ယောက် ဆုတောင်းနေ

    ဆုတောင်းပါ။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဆာလံ ၅၅:၂၂) ဆုတောင်းခြင်းက ဝမ်းနည်းစိတ်ကို သက်သာစေနိုင်ပြီး လမ်းခွဲတာကို အမှန်အတိုင်း ရှုမြင်နိုင်အောင် ကူညီပေးနိုင်တယ်။

    “မပြတ် ဆုတောင်းပါ။ ယေဟောဝါက သင့်ရဲ့ နာကျင်မှုကို နားလည်ပြီး အခြေအနေကို သင်သိတာထက် ပိုသိတယ်။”​—မာရှယ်။

  • ကူညီဖို့ ကမ်းလှမ်းနေတဲ့ လက်

    တခြားသူတွေကို ကူညီပါ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (ဖိလိပ္ပိ ၂:၄) တခြားသူတွေကို များများ ကူညီပေးလေ လမ်းခွဲခဲ့ရတာကို အမှန်အတိုင်း ရှုမြင်တတ်လာလေပဲ။

    “လမ်းခွဲချိန်မှာ ငါ့ဘဝတော့ ဆုံးပြီလို့ ခံစားရပြီး အသားနာတာထက် ပိုနာကျင်ခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတော့လည်း နာကျင်မှု သက်သာလာတယ်။”​—အယ်ဗလင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ