ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၈
  • တူရင်မြို့မှ အဝတ်စက ယေရှုအလောင်းကို ပတ်ပေးခဲ့တဲ့ ပိတ်စလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တူရင်မြို့မှ အဝတ်စက ယေရှုအလောင်းကို ပတ်ပေးခဲ့တဲ့ ပိတ်စလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • အလောင်းပတ်အဝတ်စကို ကြည်ညိုသင့်ပါသလား
  • တကယ် ရှင်ပြန်ထမြောက်လာချိန် မတိုင်မီ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဘာကြောင့် အိုရသေရကြသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • သားတော်ကို ဘုရားသခင် သတိရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၈
ယေရှုအလောင်းကို ပိတ်စတွေနဲ့ ပတ်ရစ်ဖို့ ပြင်ဆင်နေကြစဉ်

တူရင်မြို့မှ အဝတ်စဟာ ယေရှုအလောင်းကို ပတ်ပေးခဲ့တဲ့ ပိတ်စလား

ကျမ်းစာအဖြေ

ကျမ်းစာမှာ တူရင်မြို့က အဝတ်စအကြောင်း ဖော်ပြထားခြင်း မရှိပါဘူး။ အဲဒီအဝတ်စကို ယေရှုခရစ်အလောင်းကို ပတ်ပေးခဲ့တဲ့ ပိတ်စလို့ လူအများ ယူဆကြတယ်။ အဲဒီအယူအဆကြောင့် အဝတ်စဟာ ခရစ်ယာန်ဘောင်တွေ အထွတ်အမြတ်အထားဆုံး ဓာတ်တော်မွေတော်လို့ လူတချို့ ယူဆခဲ့ကြတယ်။ အီတလီနိုင်ငံ၊ တူရင်မြို့က ကက်သလစ် ဘုရားကျောင်းမှာ အဝတ်စကို မှန်ဘောင်တပ်ပြီး အဆင့်မြင့်နည်းပညာနဲ့ ကာကွယ်ထားပါတယ်။

တူရင်မြို့က အဝတ်စကို အထွတ်အမြတ်ထားတာကို ကျမ်းစာမှတ်တမ်းတွေက ထောက်ခံပါသလား။ မထောက်ခံပါဘူး။

အလောင်းပတ်အဝတ်စနဲ့ပတ်သက်ပြီး ကျမ်းစာဖော်ပြချက် သုံးခုကို သုံးသပ်ကြည့်ပါ။

  1. ၁။ တူရင်မြို့မှ အဝတ်စဟာ အလျား ၁၄.၆ ပေ၊ အနံ ၃.၈ ပေ (အလျား ၄၄၂၊ အနံ ၁၁၃ စင်တီမီတာ) ရှိတဲ့ ပိတ်စ ဖြစ်ပြီး အနားလုံးချုပ်စာ ၃ လက်မ (၈ စင်တီမီတာ) ရှိတယ်။

    ကျမ်းစာအဆို– ယေရှုအလောင်းကို ပိတ်စတစ်စတည်းနဲ့ မဟုတ်ဘဲ ပိတ်စအများကြီးနဲ့ ပတ်ရစ်ခဲ့တာ ဖြစ်တယ်။ ပိတ်စတစ်စနဲ့ ခေါင်းကို ပတ်ခဲ့တယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်တစ်ယောက် သင်္ချိုင်းဂူထဲ ဝင်ကြည့်တဲ့အခါ “ပိတ်ထည်တွေကို တွေ့တယ်။” “ယေရှုရဲ့ခေါင်းကို ပတ်တဲ့ပိတ်စနဲ့ ကိုယ်ကို ပတ်တဲ့ပိတ်ထည်တွေက တစ်နေရာစီမှာ အလိပ်လိုက် ရှိနေတယ်” လို့ ဖော်ပြထားပါတယ်။—ယောဟန် ၂၀:၆၊ ၇။

  2. ၂။ တူရင်မြို့မှ အဝတ်စမှာ သွေးစွန်းကွက်တွေ ပါတယ်။ အလောင်းကနေ စွန်းကွက်နေတာလို့ ယူဆကြတဲ့အတွက် အလောင်းကို မဆေးကြောတဲ့သဘော သက်ရောက်တယ်။

    ကျမ်းစာအဆို– ယေရှု သေဆုံးတဲ့အခါ တပည့်တွေက ယေရှုအလောင်းကို “ဂျူးတွေရဲ့ စျာပနထုံးစံအတိုင်း” ပြင်ဆင်ခဲ့ကြတယ်။ (ယောဟန် ၁၉:၃၉-၄၂) ဈာပနထုံးစံမှာ အလောင်းကို ရေချိုးပေးခြင်း၊ ဆီလိမ်းခြင်း၊ အမွှေးနံ့သာ လိမ်းပေးခြင်းတို့ ပါဝင်တယ်။ (မဿဲ ၂၆:၁၂။ တမန်တော် ၉:၃၇) ဒါကြောင့် ယေရှုရဲ့ တပည့်တွေက အဝတ်နဲ့ မပတ်ခင် ယေရှုအလောင်းကို ဆေးကြောပေးခဲ့ကြမယ်။

  3. ၃။ တူရင်မြို့မှ အဝတ်စမှာ အမျိုးသားပုံရိပ် ပေါ်နေတဲ့အတွက် “အဝတ်စကို ထက်ဝက် ခေါက်ပြီး အလျားလိုက် ဦးခေါင်းကနေ ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ထားတယ်” လို့ ဗြိတိန်နီကာ စွယ်စုံကျမ်းက ဆိုတယ်။

    ကျမ်းစာအဆို– ယေရှုရဲ့တပည့်တွေက ယေရှုရဲ့ သေခြင်း၊ ဟာလာဟင်းလင်းဖြစ်နေတဲ့ သင်္ချိုင်းဂူ၊ ယေရှု “အသက်ရှင်နေပြီလို့ပြောတဲ့ ကောင်းကင်တမန်တွေကိုပဲ တွေ့ခဲ့တဲ့” မျက်မြင်သက်သေ အမျိုးသမီးတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်။ (လုကာ ၂၄:၁၅-၂၄) သင်္ချိုင်းဂူမှာ အလောင်းပတ်အဝတ်စနဲ့ ပေါ်နေတဲ့ ပုံရိပ်ကိုသာ တွေ့ခဲ့ရင် အဲဒီအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြမှာ ကျိန်းသေတယ်။ ဒါပေမဲ့ ဆွေးနွေးတယ်ဆိုပြီး ကျမ်းစာမှာ မဖော်ပြထားဘူး။

အလောင်းပတ်အဝတ်စကို ကြည်ညိုသင့်ပါသလား

မကြည်ညိုသင့်ပါဘူး။ ယေရှုအလောင်းကို ပတ်ခဲ့တဲ့ အဝတ်စအစစ် ဖြစ်ခဲ့ရင်တောင် ကြည်ညိုတာ မှားပါတယ်။ ကျမ်းစာအခြေခံမူတွေကို သုံးသပ်ကြည့်ပါ။

  1. ၁။ မလိုအပ်ဘူး။ ယေရှု ရှင်းပြခဲ့တယ်– “ဘုရားသခင်ဟာ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ ဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေဟာ စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်ရမယ်။” (ယောဟန် ၄:၂၄) စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ဓာတ်တော်မွေတော်တွေ၊ ရုပ်ပုံ၊ ရုပ်တုတွေကို အသုံးမပြုကြပါ။

  2. ၂။ ပိတ်ပင်တားမြစ်ထားတယ်။ ပညတ်တော်ဆယ်ပါးမှာ ရုပ်ပုံ၊ ရုပ်တုတွေ ဦးမချ၊ ဝတ်မပြုဖို့ တားမြစ်ထားတယ်။ (တရားဟောရာ ၅:၆-၁၀) အလားတူ “ရုပ်တုဆင်းတုကို ဝေးဝေးရှောင်ကြပါ” လို့ ခရစ်ယာန်တွေကို ကျမ်းစာမှာ မိန့်မှာထားတယ်။ (၁ ယောဟန် ၅:၂၁) တချို့က အလောင်းပတ်အဝတ်ဟာ ရုပ်တုဆင်းတု မဟုတ်ဘူး၊ ဘာသာရေးယုံကြည်ချက် အထိမ်းအမှတ်တစ်ခုသာ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကြည်ညိုလေးမြတ်သူတွေအတွက် အဲဒါဟာ ရုပ်တုဆင်းတုလို ဖြစ်လာတယ်။a ဒါကြောင့် ဘုရားနှစ်သက်မှု ရလိုသူတွေအနေနဲ့ အလောင်းပတ်အဝတ်စ အပါအဝင် ဘယ်အရာဝတ္ထုကိုမှ ကြည်ညိုဆည်းကပ်ကြမှာ မဟုတ်ဘူး။

တူရင်မြို့က အဝတ်စကို သိပ္ပံနည်းပညာနဲ့ ဆန်းစစ်မှု

၁၉ ရာစုနှောင်းပိုင်းကတည်းက အလောင်းပတ်အဝတ် အစစ်ဟုတ်မဟုတ် သုတေသီတွေက သိပ္ပံနည်းကျ စမ်းသပ်ခဲ့ကြတယ်။ စမ်းသပ်မှုတချို့ဟာ အဖြေ မသေချာဘူး။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်မှာ ဗက်တီကန်က အဝတ်စနမူနာကို ယူပြီး နိုင်ငံသုံးခုက ဓာတ်ခွဲခန်းတွေဆီ ပို့ခဲ့တယ်။ ရေဒီယိုကာဗွန်နဲ့ စစ်ဆေးပြီးနောက် ဓာတ်ခွဲခန်းသုံးခုစလုံးက အဝတ်စနမူနာတွေဟာ ၁၃ ရာစုနဲ့ ၁၄ ရာစုအတွင်းက ဖြစ်မယ်လို့ သတ်မှတ်ပေးကြတယ်။

a ရုပ်တုဆင်းတုဆိုတာ ကြည်ညိုဆည်းကပ်တဲ့အရာ၊ ရုပ်ကြွင်း၊ ရုပ်ပွားတို့ ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ