ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၂
  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချိန်ကို ဘာကြောင့် စီမံခန့်ခွဲရမလဲ
  • လုပ်ဆောင်နိုင်ရာ
  • ရွှေ့ဆိုင်းခြင်း အချိန်သူခိုး
    နိုးလော့!—၁၉၉၇
  • အချိန်ပို၍ရနည်း–၂၀
    နိုးလော့!—၂၀၁၀
  • အချိန်ကို ဘယ်လိုအကျိုးရှိရှိသုံးရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • အချိန်ကို ပညာရှိရှိ ငါဘယ်လိုအသုံးပြုနိုင်မလဲ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၂
ဆယ်ကျော်သက်ကောင်လေး အချိန်ကို မစီမံတတ်လို့ စိတ်ညစ်နေ—ဘောလုံးကစား၊ တီဗွီကြည့်ပြီးမှ အိမ်စာလုပ်

လူငယ်များအမေး

အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ

  • အချိန်ကို ဘာကြောင့် စီမံခန့်ခွဲရမလဲ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေအဆို

အချိန်ကို ဘာကြောင့် စီမံခန့်ခွဲရမလဲ

  • အချိန်ဟာ ငွေလိုပဲ။ ဖြုန်းပြီးရင် ပြန်မရနိုင်တော့ဘူး။ အချိန်ဇယား ဆွဲပြီး လုပ်မယ်ဆိုရင်တော့ ကိုယ်နှစ်သက်ရာ လုပ်ဖို့ အချိန်ရပါလိမ့်မယ်။

    ကျမ်းစာအခြေခံမူ။ “လူပျင်းက လိုချင်တောင့်တပေမဲ့ သူ့မှာ ဘာမှ မရှိဘူး။ ဝီရိယရှိသူကတော့ လိုအင်ဆန္ဒ ပြည့်ဝလိမ့်မယ်။”​—ပညာအလိမ္မာ ၁၃:၄။

    အဓိကအချက်။ အချိန်ကို စီမံခန့်ခွဲရင် ပိုလွတ်လပ်ပေါ့ပါးလာလိမ့်မယ်။

  • အချိန်ကို စီမံခန့်ခွဲတတ်တဲ့ စွမ်းရည်ဟာ လူကြီးဘဝအထိ အသုံးဝင်ပါလိမ့်မယ်။ အလုပ်မြဲမလား၊ မမြဲဘူးလား ဆုံးဖြတ်ပေးနိုင်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုပါစို့။ နောက်ကျတတ်တဲ့ အလုပ်သမားမျိုးကို ဒီအတိုင်း ထားမှာလား။

    ကျမ်းစာအခြေခံမူ။ “အသေးအမွှားကိစ္စတွေမှာ သစ္စာရှိတဲ့သူဟာ ကြီးလေးတဲ့ကိစ္စတွေမှာ သစ္စာရှိလိမ့်မယ်။”​—လုကာ ၁၆:၁၀။

    အကြံပြုချက်။ အချိန်ကို စီမံခန့်ခွဲပုံက ကိုယ်ဘယ်လိုလူစားမျိုး ဖြစ်မှန်း ဖော်ပြတယ်။

အချိန်ကို စီမံခန့်ခွဲဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ အခက်အခဲတချို့ကို သုံးသပ်ကြည့်ပါ။

အခက်အခဲ #၁– သူငယ်ချင်းတွေ

“သူငယ်ချင်းတွေက အပြင်သွားဖို့ ခေါ်ရင် အချိန်မရရင်တောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်မ လိုက်သွားတတ်တယ်။ ပြန်ရောက်လာမှ ကပျာကယာ လုပ်လိုက်မယ်ပေါ့။ တကယ်တော့ အဲဒါ အလုပ်မဖြစ်ဘူး။ အမှားမှား အယွင်းယွင်းတွေပဲ လုပ်မိတယ်။”​—စင်သီယာ။

အခက်အခဲ #၂– စိတ်ပျံ့လွင့်ခြင်း

“တီဗွီက ဖုန်စုပ်စက်နဲ့ တူတယ်။ ဆွဲဆောင်မှုရှိတဲ့ ပြကွက်တွေ၊ ရုပ်ရှင်တွေနဲ့ လူကို ဖမ်းဆွဲထားတတ်တယ်။”​—အိုင်ဗွီ။

“တက်ဘလက်နဲ့ပဲ ကျွန်မ အချိန်ဖြုန်းတတ်တယ်။ ဘက်ထရီ ကုန်မှပဲ လက်ကချဖြစ်လို့ အပြစ်ရှိသလိုမျိုး ခံစားရတယ်။”​—မာရီ။

အခက်အခဲ #၃– အချိန်ဆွဲခြင်း

“ကျောင်းစာဖြစ်စေ၊ တခြားအလုပ်ဖြစ်စေ ကျွန်မ အချိန်ဆွဲပြီး လုပ်တတ်တယ်။ ဘာမဟုတ်တာတွေနဲ့ အချိန်ဖြုန်း၊ ကပ်ခါကျမှ အပြီးဖြတ်တာအချိန်ကို မစီမံမခန့်ခွဲတတ်လို့ပါ။”​—ဘက်သ်။

ဆယ်ကျော်သက်ကောင်လေး အချိန်ကို စနစ်တကျ အသုံးပြုတဲ့အတွက် ပျော်ရွှင်နေ—ဦးဆုံး စာဖတ်၊ အဲဒီနောက် အိမ်စာ လုပ်, ဒါတောင် ဘောလုံးကစားဖို့ အချိန်ရသေး

အချိန်ကို စီမံခန့်ခွဲတတ်ရင် ပိုလွတ်လပ်ပေါ့ပါးလာလိမ့်မယ်

လုပ်ဆောင်နိုင်ရာ

  1. ၁။ လုပ်ရမယ့်အလုပ်တွေကို ချရေးပါ။ အိမ်အလုပ် လုပ်တာ၊ အိမ်စာ လုပ်တာ ဖြစ်နိုင်တယ်။ တစ်ပတ်တာအတွင်းအလုပ်တစ်ခု ပြီးဖို့ အချိန်ဘယ်လောက် လိုတယ်ဆိုတာ ချရေးပါ။

    ကျမ်းစာအခြေခံမူ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိကြပါ။’​—ဖိလိပ္ပိ ၁:၁၀။

  2. ၂။ အချိန်ရရင် ကိုယ်လုပ်ချင်တာတွေကို ချရေးပါ။ လူမှုကွန်ရက် အသုံးပြုတာ၊ တီဗွီကြည့်တာ ဖြစ်နိုင်တယ်။ အဲဒီအတွက် တစ်ပတ်အတွင်း အချိန်ဘယ်လောက် အသုံးပြုတယ်ဆိုတာ ချရေးပါ။

    ကျမ်းစာအခြေခံမူ။ “ပညာသတိနဲ့ ... အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”​—ကောလောသဲ ၄:၅။

  3. ၃။ အစီအစဉ်ဆွဲပါ။ အထက်ပါစာရင်းနှစ်ခုကို ပြန်သုံးသပ်ပါ။ အရေးကြီးအလုပ်တွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း အပြီးလုပ်နိုင်ပါ့မလား။ ကိုယ့်အပန်းဖြေချိန်ကို ဖဲ့ပေးဖို့ လိုမလား။

    အကြံပြုချက်။ နေ့စဉ် လုပ်ရမယ့်အရာတွေကို ချရေးပါ၊ လုပ်ပြီးသွားရင် စာရင်းထဲက ခြစ်ထုတ်ပါ။

    ကျမ်းစာအခြေခံမူ။ “ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”​—ပညာအလိမ္မာ ၂၁:၅။

  4. ၄။ ဇယားအတိုင်း လိုက်နာပါ။ အရေးကြီးတာတွေ ပြီးနိုင်ဖို့ လူမှုရေး ဖိတ်ခေါ်ချက်တွေကို မကြာမကြာ ငြင်းပစ်ရမှာ မှန်ပေမဲ့ အချိန်ပို အများကြီး ထွက်လာတာကို တွေ့ပြီး ပိုသဘောကျလာပါလိမ့်မယ်။

    ကျမ်းစာအခြေခံမူ။ “လုံ့လဝီရိယရှိပါ။ အလုပ်မှာ ခိုကပ်ပြီး အချိန်ဖြုန်းမနေပါနဲ့။”​—ရောမ ၁၂:၁၁၊ အောက်ခြေမှတ်ချက်။

  5. ၅။ ကိုယ့်ကိုယ်ကိုယ် ဆုချပါ၊ ဒါပေမဲ့ အလောတကြီး မလုပ်ပါနဲ့။ တာရာဆိုတဲ့မိန်းကလေး ဒီလိုပြောပြတယ်- “တစ်ခါတလေ စာရင်းထဲက အလုပ်နှစ်ခုလောက် လုပ်ပြီးသွားတယ်။ ဒါနဲ့ ‘အိုကေ၊ ၁၅ မိနစ်လောက် တီဗွီ ကြည့်မယ်၊ ပြီးမှ ဆက်လုပ်မယ်’ လို့စဉ်းစားတယ်။ ၁၅ မိနစ်ကနေ မိနစ် ၃၀၊ မိနစ် ၃၀ ကနေ တစ်နာရီ၊ ဒီလိုနဲ့ တီဗွီရှေ့မှာ နှစ်နာရီလောက် အချိန်ဖြုန်းလိုက်မိတယ်။”

    ဘယ်လို ဖြေရှင်းမလဲ။ အပန်းဖြေခြင်းကို အလုပ်ပြီးရင် ရမယ့်ဆုတစ်ခုလို့ မြင်ပါ။ နေ့စဉ် လုပ်ငန်းဆောင်တာတစ်ခုလို မမြင်ပါနဲ့။

    ကျမ်းစာအခြေခံမူ။ “ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက် ကောင်းတာ ဘာမှ မရှိဘူး။”​—ဒေသနာ ၂:၂၄။

ရွယ်တူတွေအဆို

ရှိုင်ယန်

“ပြီးအောင်လုပ်ရမယ့် အလုပ်တွေကို အစီအစဉ်ဇယား ဆွဲထားတယ်။ ‘အားပြန်သွင်းဖို့’ တစ်ကိုယ်တည်း အေးအေးလူလူ နေရမယ့်အချိန်လည်း သတ်မှတ်ထားတယ်။ အစီအစဉ် ဆွဲပြီး လုပ်တဲ့အတွက် ဘယ်နေရာမှာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုနေသလဲ၊ ဘယ်နေရာမှာတော့ သက်တောင့်သက်သာ လုပ်နိုင်သလဲဆိုတာ သိလာတယ်။”​—ရှိုင်ယန်။

ဆယ်မြူအယ်

“ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေကို ငြင်းတတ်ဖို့ ကျွန်တော် သင်ယူထားတယ်။ ဟင့်အင်းလို့ ငြင်းရတာ အားနာစရာကောင်းတာ မှန်ပေမဲ့ အပြည့်အဝ အာရုံမစိုက်နိုင်လို့ မလုပ်ပေးနိုင်တဲ့အကြောင်း ရှင်းပြတဲ့အခါ စိတ်ဆိုးသွားတာမျိုး မကြုံဖူးသေးဘူး။”​—ဆယ်မြူအယ်။

ဘရွတ်ကလင်

“အလုပ်ပုံလာရင် ကျွန်မ အိပ်လို့ မပျော်တော့ဘူး၊ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ အိပ်ချိန် ပိုပေးပြီး လေ့ကျင့်ခန်း နည်းနည်း ပိုလုပ်လိုက်ရင်တော့ နောက်တစ်ရက်ဆို အလုပ်တွင်လို့ ပိုပျော်ရတယ်။ ကျန်းမာရေး ဂရုစိုက်ဖို့လည်း အရေးကြီးတယ်။”​—ဘရွတ်ကလင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ