ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၅၆
  • နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဖြစ်ရပ်မှန်လား၊ ဒဏ္ဍာရီပုံပြင်လား
  • ဘာကြောင့် ရေလွှမ်းမိုးခဲ့သလဲ
  • ရေလွှမ်းမိုးမှာကို လူတွေ သိကြသလား
  • နောဧသင်္ဘော ဘာနဲ့ တူသလဲ
  • သင်္ဘောဆောက်ဖို့ ဘယ်လောက်ကြာသလဲ
  • နောဧသင်္ဘော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ရေလွှမ်းမိုးဘေး သတိပေးချက်ကို ဘယ်သူတွေ နားထောင်ပြီး ဘယ်သူတွေ နားမထောင်ခဲ့ကြသလဲ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နောဧ—ဘုရားသခင်နှင့်အတူလျှောက်လှမ်းခဲ့သူ ထံမှ လူတိုင်းသင်ယူနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၅၆
ဆင်တွေ၊ သစ်ကုလားအုတ်တွေ၊ ခြင်္သေ့တွေ၊ ငှက်တွေ သင်္ဘောထဲ ဝင်နေကြစဉ်

နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား

ကျမ်းစာအဖြေ

ရေလွှမ်းမိုးဘေးဟာ တကယ့်ဖြစ်ရပ်ပါ။ လူဆိုးတွေကို ဖျက်ဆီးဖို့ ဘုရားသခင်က ရေလွှမ်းမိုးဘေး ကျရောက်စေခဲ့တယ်။ ဒါပေမဲ့ လူကောင်းတွေနဲ့ တိရစ္ဆာန်တွေ ရှင်သန်ကျန်ရစ်စေဖို့ နောဧကို သင်္ဘော ဆောက်ခိုင်းတယ်။ (ကမ္ဘာဦး ၆:၁၁-၂၀) ဒီအကြောင်းကို “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့” ကျမ်းစာမှာ မှတ်တမ်းတင်ထားလို့ ရေလွှမ်းမိုးဘေး တကယ်ဖြစ်ခဲ့မှန်း ယုံကြည်စိတ်ချနိုင်ပါတယ်။—၂ တိမောသေ ၃:၁၆။

  • ဖြစ်ရပ်မှန်လား၊ ဒဏ္ဍာရီပုံပြင်လား

  • ဘာကြောင့် ရေလွှမ်းမိုးခဲ့သလဲ

  • ရေလွှမ်းမိုးမှာကို လူတွေ သိကြသလား

  • နောဧသင်္ဘော ဘာနဲ့ တူသလဲ

  • သင်္ဘောဆောက်ဖို့ ဘယ်လောက်ကြာသလဲ

  • ရေလွှမ်းမိုးဘေးကြီးအကြောင်း ပုံပြင်များနဲ့ ဒဏ္ဍာရီများ

ဖြစ်ရပ်မှန်လား၊ ဒဏ္ဍာရီပုံပြင်လား

နောဧဟာ တကယ့်ပုဂ္ဂိုလ် ဖြစ်ပြီး ရေလွှမ်းမိုးဘေးကလည်း ဒဏ္ဍာရီပုံပြင် မဟုတ်ဘဲ တကယ်ဖြစ်ခဲ့ကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။

  • နောဧဟာ တကယ့်ပုဂ္ဂိုလ် ဖြစ်ကြောင်း ကျမ်းရေးသူတွေ ယုံကြည်ကြတယ်။ သမိုင်းပညာရှင်လည်း ဖြစ်၊ ကျမ်းရေးသူလည်း ဖြစ်ကြတဲ့ ဧဇရနဲ့ လုကာတို့က အစ္စရေးဆွေစဉ်မျိုးဆက်စာရင်းမှာ နောဧကို ထည့်သွင်းခဲ့ကြတယ်။ (၁ ရာဇဝင်ချုပ် ၁:၄။ လုကာ ၃:၃၆) မဿဲနဲ့ လုကာကလည်း နောဧနဲ့ ရေလွှမ်းမိုးဘေးအကြောင်း ယေရှုရဲ့ စကားကို ခရစ်ဝင်ကျမ်းမှာ မှတ်တမ်းတင်ကြတယ်။—မဿဲ ၂၄:၃၇-၃၉။ လုကာ ၁၇:၂၆၊ ၂၇။

    ဒီ့ပြင် ပရောဖက်ယေဇကျေလနဲ့ တမန်တော်ပေါလုတို့ကလည်း နောဧကို ယုံကြည်ခြင်း၊ ဖြောင့်မတ်ခြင်း စံနမူနာရှင်အဖြစ် ဖော်ပြကြတယ်။ (ယေဇကျေလ ၁၄:၁၄၊ ၂၀။ ဟီဘရူး ၁၁:၇) ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ကို စံနမူနာရှင်အဖြစ် ရေးသားဖော်ပြရင် အဓိပ္ပာယ်ရှိပါ့မလား။ ယုံကြည်ခြင်း ပြည့်ဝသူ နောဧနဲ့ တခြားအမျိုးသား/သမီးတို့ဟာ တကယ့်ပုဂ္ဂိုလ်တွေ ဖြစ်ကြလို့သာ သူတို့ရဲ့ စံနမူနာကို အတုယူခိုင်းနေတာပါ။—ဟီဘရူး ၁၂:၁။ ယာကုပ် ၅:၁၇။

  • ကျမ်းစာမှာ ရေလွှမ်းမိုးဘေးအကြောင်း အသေးစိတ် ဖော်ပြထားတယ်။ ရေလွှမ်းမိုးဘေးအကြောင်း ကျမ်းစာမှတ်တမ်းကို ဒဏ္ဍာရီပုံပြင်တွေလို “ဟိုးရှေးရှေးတုန်းက” ဆိုတဲ့စကားနဲ့ အစပြုမထားဘူး။ ရေလွှမ်းမိုးတဲ့ နှစ်၊ လ၊ ရက် အတိအကျ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၇:၁၁။ ၈:၄၊ ၁၃၊ ၁၄) နောဧ ဆောက်လုပ်တဲ့သင်္ဘော အရွယ်အစားကိုလည်း ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၁၅) ဒီအသေးစိတ် အချက်အလက်တွေက ရေလွှမ်းမိုးဘေးဟာ ဒဏ္ဍာရီပုံပြင် မဟုတ်ဘဲ ဖြစ်ရပ်မှန် ဖြစ်ကြောင်း ဖော်ပြတယ်။

ဘာကြောင့် ရေလွှမ်းမိုးခဲ့သလဲ

ကျမ်းစာအရ ရေလွှမ်းမိုးဘေး မတိုင်ခင် “လူတွေ သိပ်ဆိုးသွမ်းနေ” ကြတယ်။ (ကမ္ဘာဦး ၆:၅) အကြမ်းဖက်မှု၊ လိင်အကျင့်ပျက်မှုတွေ ပြည့်နေလို့ “ကမ္ဘာမြေဟာ ဘုရားသခင့်အမြင်မှာ ပျက်စီးယိုယွင်းနေ” ပြီ လို့လည်း ဖော်ပြထားတယ်။—ကမ္ဘာဦး ၆:၁၁။ ယုဒ ၆၊ ၇။

လူ့သမီးတွေနဲ့ ဆက်ဆံဖို့ ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့ ကောင်းကင်တမန်ဆိုးတွေကြောင့် ဒီလိုဆိုးသွမ်းနေခြင်း ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ ဒီကောင်းကင်တမန်တွေရဲ့သား နက်ဖလင်တွေက လူတွေကို ဒုက္ခအမျိုးမျိုး ပေးကြတယ်။ (ကမ္ဘာဦး ၆:၁၊ ၂၊ ၄) ဒါကြောင့် ဘုရားသခင်က ကမ္ဘာပေါ်မှာရှိတဲ့ လူဆိုးတွေကို ဖျက်ဆီးပစ်ပြီး လူကောင်းတွေနဲ့ ပြန်အစပြုဖို့ ဆုံးဖြတ်လိုက်တယ်။—ကမ္ဘာဦး ၆:၆၊ ၇၊ ၁၇။

ရေလွှမ်းမိုးမှာကို လူတွေ သိကြသလား

သိကြပါတယ်။ ရေလွှမ်းမိုးဘေး ကျရောက်တော့မယ်၊ အိမ်သားနဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့ သင်္ဘောဆောက်ရမယ်လို့ နောဧကို ဘုရားသခင် မိန့်မှာတယ်။ (ကမ္ဘာဦး ၆:၁၃၊ ၁၄။ ၇:၁-၄) ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေးအကြောင်း နောဧ သတိပေးပေမဲ့ လူတွေ ဂရုမစိုက်ကြဘူး။ (၂ ပေတရု ၂:၅) “ရေလွှမ်းမိုးဘေး ရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်” လို့ ကျမ်းစာက ဆိုတယ်။—မဿဲ ၂၄:၃၇-၃၉။

နောဧသင်္ဘော ဘာနဲ့ တူသလဲ

သင်္ဘောဟာ လေးထောင့်သေတ္တာကြီးနဲ့ တူတယ်။ အလျား ၁၃၃ မီတာ (၄၃၇ ပေ)၊ အနံ ၂၂ မီတာ (၇၃ ပေ)၊ အမြင့် ၁၃ မီတာ (၄၄ ပေ) ရှိတယ်။a ထင်းရှူးသားနဲ့ ဆောက်ပြီး အတွင်းအပြင်ကို ကတ္တရာစေး သုတ်ထားတယ်။ သုံးထပ် ရှိပြီး အခန်းတွေ ဖွဲ့ထားတယ်။ သင်္ဘောနံဘေးမှာ တံခါးပေါက် တစ်ပေါက်၊ အမိုးအောက်နားတစ်လျှောက်မှာ လေသာပေါက်တွေ ရှိတယ်။ သင်္ဘောအမိုးဟာ အလယ်မှာ နည်းနည်းလေး မြှင့်ထားလို့ ရေမတင်တာ ဖြစ်နိုင်တယ်။—ကမ္ဘာဦး ၆:၁၄-၁၆။

နောဧသင်္ဘော အလျားကို ဂျက်လေယာဉ် အလျား၊ ဆင်တစ်ကောင်အလျားနဲ့ နှိုင်းယှဉ်ပြထားတဲ့ ဇယား

သင်္ဘောဆောက်ဖို့ ဘယ်လောက်ကြာသလဲ

နောဧ ဘယ်လောက်ကြာကြာ သင်္ဘောဆောက်ခဲ့ရတယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားပေမဲ့ ဆယ်စုနှစ်အတော်ကြာ အချိန်ယူခဲ့ပုံရတယ်။ နောဧဟာ အသက် ၅၀၀ ကျော်မှာ သားဦးကို ရပြီး ရေလွှမ်းမိုးတဲ့အခါ အသက် ၆၀၀ ရှိနေပြီ။b—ကမ္ဘာဦး ၅:၃၂။ ၇:၆။

ဘုရားသခင်က နောဧကို သင်္ဘော ဆောက်ခိုင်းချိန်မှာ သားသုံးယောက်စလုံး အရွယ်ရောက်လို့ အိမ်ထောင်သည်တွေ ဖြစ်နေကြပြီဆိုတော့ အနှစ် ၅၀၊ ၆၀ လောက် ကြာမယ်။ (ကမ္ဘာဦး ၆:၁၄၊ ၁၈) ဒီအချက်အရ သင်္ဘော ဆောက်လုပ်ပြီးစီးဖို့ အနှစ် ၄၀၊ ၅၀ လောက် ကြာနိုင်တယ်လို့ ကောက်ချက်ချရမယ်။

ရေလွှမ်းမိုးဘေးကြီးအကြောင်း ပုံပြင်များနဲ့ ဒဏ္ဍာရီများ

ကမ္ဘာတစ်ဝန်းမှာ ရေလွှမ်းမိုးခြင်းအကြောင်း ပုံပြင်အများကြီး ရှိတယ်။ ပုံပြင်အများစုကတော့ ကျမ်းစာမှတ်တမ်းနဲ့ ဆင်တူကြတယ်။ နောဧရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားတဲ့အခါ ရေလွှမ်းမိုးဘေးအကြောင်း တစ်ဆင့်ပြန်ပြောကြပုံရတယ်။ စကားလက်ဆင့်ကမ်းရင်းနဲ့ ပုံစံအမျိုးမျိုး ပြောင်းသွားတယ်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ။

ဂရိဒဏ္ဍာရီပုံပြင်။ ရေလွှမ်းမိုးဘေးမှာ အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ ကျောက်ခဲတွေကို နောက်ပြန်ပစ်ဖို့ မှာကြားခံရကြတယ်။ ပစ်လိုက်တဲ့ ကျောက်ခဲတွေက အမျိုးသား/သမီးတွေ ဖြစ်လာကြတယ်။

ဟိန္ဒူဒဏ္ဍာရီပုံပြင်။ ရေလွှမ်းမိုးဘေးကြောင့် လူသားမျိုးနွယ် ဖျက်ဆီးခံရမယ့်အကြောင်း ငါးတစ်ကောင်က လူတစ်ယောက်ကို အသိပေးတယ်။ လှေကိုလည်း ဆောက်လုပ်ခိုင်းတယ်။ ပြီးတော့ လှေကို ဘေးကင်းရာဆီ လမ်းပြခေါ်ဆောင်သွားတဲ့အတွက် လူအသက်ရှင်ကျန်ရစ်တယ်။

ဗာဗုလုန်ဒဏ္ဍာရီပုံပြင်။ ရေလွှမ်းမိုးဘေးမှာ အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ မသေနိုင်တဲ့အဖြစ်ကို ရပြီး နတ်ဘုရားတွေ ဖြစ်လာကြတယ်။

ဗဟိုအာဖရိကဒဏ္ဍာရီပုံပြင်။ ရေလွှမ်းမိုးဘေး ကျရောက်တော့ လင်မယားနှစ်ယောက်နဲ့ သားသမီးတွေ အသက်ရှင်ကျန်ရစ်တယ်။ ကျန်တဲ့သူတွေအားလုံး ငါးတွေ ဖြစ်ကုန်တယ်။

a ကျမ်းစာမှာ သင်္ဘော အရွယ်အစားကို တောင်နဲ့ ဖော်ပြထားတယ်။ “စံသတ်မှတ်ချက်အရ ဟီဘရူး တစ်တောင်က ၁၇.၅ လက်မ (၄၄.၅ စမ) ရှိတယ်။”—The Illustrated Bible Dictionary, Revised Edition, Part 3, page 1635.

b နောဧလိုလူတွေ သက်တမ်းနဲ့ပတ်သက်ပြီး ၂၀၁၀၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် “ကျမ်းစာခေတ်က လူတွေ တကယ်ပဲ အသက်ရှည်ရှည်နေခဲ့သလား” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ