ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၆၇
  • မူလအပြစ်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မူလအပြစ်ဆိုတာ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ အဖြေ
  • “မူလအပြစ်” က အာဒံနဲ့ ဧဝကို ဘယ်လို ထိခိုက်ခဲ့သလဲ
  • “မူလအပြစ်” က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ
  • “မူလအပြစ်” ရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်နိုင်သလား
  • “မူလအပြစ်” နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မူလအပြစ်ဟူသည် အဘယ်နည်း
    နိုးလော့!—၂၀၀၆
  • အပြစ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေရှု ကယ်တင်သည်—မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၆၇
ဥယျာဉ်မှာ အာဒံက အသီးကို ကိုင်ထားပြီး ဧဝနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေစဉ်။

မူလအပြစ်ဆိုတာ ဘာလဲ

ကျမ်းစာ အဖြေ

အာဒံနဲ့ ဧဝဟာ အပြစ်ကျူးလွန်တဲ့ ပထမဆုံး လူသားတွေ ဖြစ်တယ်။ “အကောင်းအဆိုး သိကျွမ်းရာအပင်” ရဲ့ အသီးကို စားလိုက်တဲ့အချိန်မှာ မူလအပြစ်လို့ လူအများ ခေါ်ဆိုတဲ့ အပြစ်ကို သူတို့ ကျူးလွန်ခဲ့ကြတယ်။a (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၆။ ရောမ ၅:၁၉) လူသားတွေအတွက် အမှား၊ အမှန်ကို ဘုရားသခင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း သတိရစေတဲ့ အဲဒီအပင်ရဲ့ အသီးကို အာဒံနဲ့ ဧဝ စားပိုင်ခွင့် မရှိဘူး။ အာဒံနဲ့ ဧဝဟာ အပင်ရဲ့ အသီးကို စားလိုက်ခြင်းအားဖြင့် အမှားအမှန်ကို မိမိတို့ဘာသာ ဆုံးဖြတ်ဖို့ ရွေးချယ်လိုက်ကြတယ်။ အဲဒီလိုလုပ်တာက ဘုရားသခင်ရဲ့ အမှားအမှန် ဆုံးဖြတ်ပေးပိုင်ခွင့်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်တယ်။

  • “မူလအပြစ်” က အာဒံနဲ့ ဧဝကို ဘယ်လို ထိခိုက်ခဲ့သလဲ

  • “မူလအပြစ်” က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ

  • “မူလအပြစ်” ရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်နိုင်သလား

  • “မူလအပြစ်” နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

“မူလအပြစ်” က အာဒံနဲ့ ဧဝကို ဘယ်လို ထိခိုက်ခဲ့သလဲ

အာဒံနဲ့ ဧဝဟာ အပြစ်ကျူးလွန်ခဲ့လို့ အိုမင်းပြီး နောက်ဆုံး သေသွားကြတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး၊ ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ ထာဝစဉ် အသက်ရှင်ခွင့် စတာတွေကို ဆုံးရှုံးခဲ့ရတယ်။—ကမ္ဘာဦး ၃:၁၉။

“မူလအပြစ်” က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ

အာဒံနဲ့ ဧဝဟာ အပြစ်သားဘဝကို သားစဉ်မြေးဆက်ဆီ လက်ဆင့်ကမ်းပေးလိုက်ကြတယ်။ ဒါက မိဘတွေဆီက မျိုးရိုးဗီဇ ချို့ယွင်းချက်ကို လက်ဆင့်ကမ်းပေးတာနဲ့ တူတယ်။ (ရောမ ၅:၁၂) အဲဒါကြောင့် လူအားလုံးဟာ မွေးကတည်းက “အပြစ်”b ပါလာကြတယ်။ ဆိုလိုတာက လူတွေဟာ အပြစ်သားအနေနဲ့ မွေးလာကြတယ်၊ အပြစ်လုပ်ဖို့ လွယ်ကြတယ်။—ဆာလံ ၅၁:၅။ ဧဖက် ၂:၃။

အပြစ်ကို အမွေခံခဲ့ရလို့ ကျွန်တော်တို့ ဖျားနာကြ၊ အိုမင်းပြီး သေကြရတယ်။ (ရောမ ၆:၂၃) ကိုယ်တိုင်ရဲ့ အမှားတွေနဲ့ တခြားသူတွေရဲ့ အမှားအကျိုးဆက်တွေကိုလည်း ခံစားကြရတယ်။—ဒေသနာ ၈:၉။ ယာကုပ် ၃:၂။

“မူလအပြစ်” ရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်နိုင်သလား

လွတ်မြောက်နိုင်ပါတယ်။ ယေရှုဟာ “ကျွန်တော်တို့ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ်” အသေခံခဲ့တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ယောဟန် ၄:၁၀) ယေရှုရဲ့ ပူဇော်သက္ကာက အမွေခံခဲ့ရတဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်စေနိုင်တယ်။ အာဒံနဲ့ ဧဝ ဆုံးရှုံးခဲ့တဲ့ ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ ထာဝစဉ် အသက်ရှင်ခွင့် အလားအလာကို ပြန်ရရှိစေနိုင်တယ်။—ယောဟန် ၃:၁၆။c

“မူလအပြစ်” နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

ယူဆချက်အမှား။ မူလအပြစ်ကြောင့် ကျွန်တော်တို့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။

အမှန်တရား။ ဘုရားသခင်က အာဒံနဲ့ ဧဝရဲ့အပြစ်ကြောင့် ကျွန်တော်တို့ကို အပြစ်မတင်ပါဘူး။ ကျွန်တော်တို့ မစုံလင်ဘူးဆိုတာ ဘုရား နားလည်တယ်။ ကျွန်တော်တို့ လုပ်နိုင်တာထက် ဘုရား ပိုမမျှော်လင့်ဘူး။ (ဆာလံ ၁၀၃:၁၄) အမွေခံခဲ့ရတဲ့ အပြစ်ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်ကြပေမဲ့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေး ပေးထားပါတယ်။—ပညာအလိမ္မာ ၃:၃၂။

ယူဆချက်အမှား။ နှစ်ခြင်းက မူလအပြစ်ကနေ လွတ်မြောက်စေတယ်။ အဲဒါကြောင့် ကလေးငယ်တွေလည်း နှစ်ခြင်းခံဖို့ လိုတယ်။

အမှန်တရား။ ကယ်တင်ခြင်း ရဖို့အတွက် နှစ်ခြင်းခံဖို့ အရေးကြီးတာ မှန်ပေမဲ့ ယေရှုရဲ့ ပူဇော်သက္ကာကို ယုံကြည်မှသာ အပြစ်ကနေ သန့်စင်ခံရမယ်။ (၁ ပေတရု ၃:၂၁။ ၁ ယောဟန် ၁:၇) စစ်မှန်တဲ့ ယုံကြည်ခြင်းက အသိပညာကို အခြေခံတာကြောင့် မွေးကင်းစကလေးတွေ ယုံကြည်ခြင်း ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် နို့စို့ကလေးတွေကို နှစ်ခြင်းပေးတာ ကျမ်းစာ မထောက်ခံဘူး။ အဲဒါကို အစောပိုင်း ခရစ်ယာန်တွေကြားမှာ အထင်အရှား တွေ့မြင်ရတယ်။ ကလေးတွေ မဟုတ်ဘဲ ဘုရားရဲ့ တရားစကားကို ယုံကြည်တဲ့ ယုံကြည်သူ ‘အမျိုးသား၊ အမျိုးသမီးတွေ’ နှစ်ခြင်းခံခဲ့ကြတယ်။—တမန်တော် ၂:၄၁။ ၈:၁၂။

ယူဆချက်အမှား။ တားမြစ်ထားတဲ့ အသီးကို ဧဝ အရင်စားလိုက်လို့ အမျိုးသမီးတွေဟာ ဘုရားရဲ့ ကျိန်ခြင်းကို ခံကြရတယ်။

အမှန်တရား။ ဘုရားက အမျိုးသမီးတွေကို မကျိန်ဘဲ “မာရ်နတ် စာတန်လို့ ခေါ်တဲ့ ရှေးမြွေဟောင်း” ကို ကျိန်ခဲ့တယ်။ (ဗျာဒိတ် ၁၂:၉။ ကမ္ဘာဦး ၃:၁၄) အဲဒီအပြင် ဘုရားသခင်ဟာ ဧဝကို မဟုတ်ဘဲ အာဒံကို မူလအပြစ်အတွက် တာဝန်ယူစေခဲ့တယ်။—ရောမ ၅:၁၂။

အာဒံက ဇနီးကို ဩဇာလွှမ်းမိုးလိမ့်မယ်လို့ ဘုရား ဘာကြောင့် ပြောခဲ့သလဲ။ (ကမ္ဘာဦး ၃:၁၆) အဲဒီလိုပြောတဲ့အတွက် ဘုရားက အဲဒီအမူအကျင့်ကို လျစ်လျူရှု ခွင့်လွှတ်တာ မဟုတ်ဘူး။ အပြစ်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးကို ကြိုတင်ပြောနေခြင်း ဖြစ်တယ်။ အမျိုးသားတွေ ဇနီးကို ချစ်ပြီး ဂုဏ်တင်ဖို့၊ လေးစားဖို့ ဘုရားသခင် မျှော်လင့်တယ်။—ဧဖက် ၅:၂၅။ ၁ ပေတရု ၃:၇။

ယူဆချက်အမှား။ မူလအပြစ်က လိင်ဆက်ဆံခြင်း ဖြစ်တယ်။

အမှန်တရား။ မူလအပြစ်ဆိုတာ လိင်ဆက်ဆံခြင်း မဟုတ်မှန်း အောက်ပါအချက်တွေက ဖော်ပြတယ်–

  • အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကို မစားဖို့ အာဒံကို ဘုရားသခင် ပညတ်ပေးတုန်းက အာဒံ တစ်ယောက်တည်းပဲ ရှိသေးတယ်။ ဇနီး မရှိသေးဘူး။—ကမ္ဘာဦး ၂:၁၇၊ ၁၈။

  • “သားသမီးတွေ အများကြီး မွေးကြ” လို့ အာဒံနဲ့ ဧဝကို ဘုရားသခင် ညွှန်ကြားခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဘုရားကိုယ်တိုင် အမိန့်ပေးထားတဲ့အရာအတွက် အပြစ်ပေးတယ်ဆိုရင် ရက်စက်ရာကျပါတယ်။

  • အာဒံနဲ့ ဧဝတို့ဟာ သီးခြားစီ အပြစ်ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်။ ဧဝက အရင် အပြစ်ပြုပြီးနောက်မှ အာဒံ အပြစ်ကျူးလွန်ခဲ့တာ ဖြစ်တယ်။—ကမ္ဘာဦး ၃:၆။

  • ဇနီးမောင်နှံ လိင်ဆက်ဆံတာကို ကျမ်းစာ မတားမြစ်ဘူး။—ပညာအလိမ္မာ ၅:၁၈၊ ၁၉။ ၁ ကောရိန္သု ၇:၃။

a ကျမ်းစာမှာ “မူလအပြစ်” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ တကယ်တော့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ပထမဆုံးအပြစ်က စာတန်ရဲ့ လှည့်စားတဲ့စကား၊ ဧဝကို ဗြောင်လိမ်ညာတာ ဖြစ်တယ်။—ကမ္ဘာဦး ၃:၄၊ ၅။ ယောဟန် ၈:၄၄။

b ကျမ်းစာမှာ “အပြစ်” ဆိုတဲ့ စကားလုံးက လုပ်ရပ်ကိုပဲ ပြောတာ မဟုတ်ဘူး။ မစုံလင်မှု၊ လူတွေ အမွေခံခဲ့ရတဲ့ အပြစ်သားဘဝကိုလည်း ဆိုလိုတယ်။

c ယေရှုရဲ့ ပူဇော်သက္ကာနဲ့ အဲဒီပူဇော်သက္ကာကနေ အကျိုးခံစားရနိုင်ပုံ အကြောင်းတွေကို သိနိုင်ဖို့ “ယေရှု ဘယ်လို ကယ်တင်သလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ