ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၉
  • ဓမ္မဆရာတစ်ဦး အဖြေ ရရှိသွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဓမ္မဆရာတစ်ဦး အဖြေ ရရှိသွား
  • တွေ့ကြုံမှုများ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၉
ငိုနေတဲ့ ဓမ္မဆရာကို အမျိုးသမီးတစ်ယောက် ကျမ်းစာကနေ ကျမ်းချက်တစ်ချက် ပြနေစဉ်။

ဓမ္မဆရာတစ်ဦး အဖြေ ရရှိသွား

ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အီလီဆိုဟာ စိတ်ဝင်စားသူ အမျိုးသမီးတစ်ဦးရဲ့အိမ်မှာ ကျမ်းစာ အတူလေ့လာနေတုန်း မမျှော်လင့်ဘဲ ဧည့်သည်တွေ ရောက်လာကြတယ်။ ဓမ္မဆရာ ဇနီးမောင်နှံ ဖြစ်နေတယ်။ သိပ်မကြာခင်တုန်းက အဲဒီဇနီးမောင်နှံရဲ့ တစ်ဦးတည်းသောသား သေဆုံးသွားတယ်ဆိုတာ အီလီဆို ကြားလိုက်ရတယ်။

သား ဆုံးသွားတာကြားလို့ စိတ်မကောင်းတဲ့အကြောင်း အီလီဆို ပြောတဲ့အခါ ဓမ္မဆရာဇနီးမောင်နှံ ငိုပါတော့တယ်။ ဒေါသတကြီးနဲ့ ဓမ္မဆရာ ဒီလိုပြောတယ်– “ဒီစမ်းသပ်မှုကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုတယ်ဆိုတာ နားမလည်နိုင်ဘူး။ ဘာဖြစ်လို့ ကျွန်တော့် တစ်ဦးတည်းသောသားကို ခေါ်သွားရတာလဲ။ ကျွန်တော် ဘုရားအမှုဆောင်နေတာ ၂၈ နှစ်ရှိပြီ။ ကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော့်ကို ဒီလို ပြန်ပေးဆပ်တယ်။ ကျွန်တော့်သားကို ဘုရားသခင် ဘာဖြစ်လို့ သတ်လိုက်တာလဲ။”

ဘုရားသခင်က သူတို့ရဲ့သားကို ခေါ်သွားတာမဟုတ်ဘူးလို့ အီလီဆို ရှင်းပြတယ်။ ရွေးဖိုး၊ ရှင်ပြန်ထမြောက်ခြင်း၊ မကောင်းမှုတွေကို ဘုရားခွင့်ပြုထားရတဲ့ အကြောင်းရင်းစတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးတယ်။ ဓမ္မဆရာ ဇနီးမောင်နှံက သူတို့ရဲ့ ဆုတောင်းချက်အဖြေ အခုမှပဲ ရတော့တယ်လို့ အီလီဆိုကို ပြောတယ်။

နောက်အပတ်မှာ ဓမ္မဆရာ ဇနီးမောင်နှံဟာ ကျမ်းစာလေ့လာနေတဲ့ အမျိုးသမီးအိမ်ကိုလာပြီး ကျမ်းစာလေ့လာမှုမှာ ပါဝင်ကြတယ်။ အီလီဆိုနဲ့ အမျိုးသမီးက သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ထဲက “သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်” အခန်းကို ဆွေးနွေးနေကြတာ။ ဆွေးနွေးမှုမှာ ဇနီးမောင်နှံနှစ်ယောက်စလုံး ထက်ထက်သန်သန် ပါဝင်ကြတယ်။

နောက်ပိုင်း ဂျော်ဂျီယာနိုင်ငံ၊ တဘီလီဆီမြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အထူးအစည်းအဝေးကြီးကို ဇနီးမောင်နှံနှစ်ယောက်စလုံး တက်ရောက်ခဲ့တယ်။ အသင်းသားတွေကို မေတ္တာ၊ စည်းလုံးမှု အရည်အသွေးတွေကို နှစ်ပေါင်းများစွာ ကြိုးစားသင်ပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီအစည်းအဝေးမှာတော့ အဲဒီအရည်အသွေးတွေကို တွေ့မြင်ရတဲ့အတွက် အတော်စိတ်စွဲမှတ်သွားကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ