ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၁၀
  • ဓမ္မဆရာလို့ အထင်မှား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဓမ္မဆရာလို့ အထင်မှား
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မထင်မမှတ်သောနေရာတွင် အမှန်တရားကိုတွေ့ ရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • လက်တွန်းစင် သက်သေခံခြင်းရဲ့ ကမ္ဘာချီအကျိုးကျေးဇူး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး သတိပြုမိရာ
    နိုးလော့!—၂၀၁၅
  • အပြုံးလေး တစ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၁၀
သင်္ချိုင်းတစ်ခုမှာ လူနှစ်ယောက်က ယေဟောဝါသက်သေတစ်ယောက်ကို စကားပြောနေစဉ်။ တစ်ယောက်က နောက်ဘက်မှာရှိတဲ့ သင်္ဂြိုဟ်မယ့်နေရာကို ပြနေစဉ်။

ဓမ္မဆရာလို့ အထင်မှား

ချီလီနိုင်ငံ၊ သင်္ချိုင်းတစ်ခုရဲ့ အပြင်ဘက်မှာ အိုစမန်နဲ့ ဇနီး၊ သမီးတို့ဟာ စာအုပ်လက်တွန်းစင်သုံးပြီး သက်သေခံနေကြတယ်။ ရုတ်တရက်ဆိုသလို အသုဘပို့တဲ့ လူအုပ်ကြီးဟာ တေးသံအကျယ်ကြီး တီးခတ်ပြီး ရောက်လာကြတယ်။ တချို့က အိုစမန်ကို သူတို့ရဲ့ ဧဝံဂေလိချာ့ချ်က ဓမ္မဆရာထင်လို့ အနားကပ်လာပြီး “အချိန်မီရောက်လာလို့ ကျေးဇူးတင်ပါတယ်၊ ဆရာ။ ဆရာ့ကို ကျွန်တော်တို့ မျှော်နေတာ” လို့ ပြောကြတယ်။

အိုစမန်က ရှင်းပြဖို့ ကြိုးစားပေမဲ့ ဆူညံနေတဲ့ လူအုပ်ကြောင့် သူပြောတာကို ကောင်းကောင်း မကြားကြဘူး။ သင်္ချိုင်းထဲကို လူအုပ်ဝင်သွားပြီး ခဏနေတော့ လူတချို့ ပြန်ရောက်လာပြီး “ဆရာ၊ သင်္ချိုင်းထဲမှာ ဆရာ့ကို စောင့်နေကြတယ်” လို့ ပြောတယ်။

ဆူညံသံမရှိတော့လို့ အိုစမန်က မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ဘာကြောင့် ဒီမှာရှိနေကြောင်း ရှင်းပြလိုက်တယ်။ ဓမ္မဆရာ မရောက်လာလို့ စိတ်ပျက်နေတဲ့ လူအုပ်က အိုစမန်ကို “ခင်ဗျား လာပြီး လူအုပ်ကို ကျမ်းစာထဲက စကားတချို့ ပြောပြပေးနိုင်မလား” ဆိုပြီး မေးတယ်။ အိုစမန် သဘောတူလိုက်တယ်။

သင်္ဂြိုဟ်မယ့်နေရာကို သွားနေရင်း အိုစမန်က သေသွားတဲ့သူအကြောင်း မေးကြည့်ပြီး ကျမ်းချက်တချို့ကို စဉ်းစားလိုက်တယ်။ သင်္ဂြိုဟ်မယ့်နေရာကို ရောက်တဲ့အခါ အိုစမန်က မိမိကိုယ်ကိုယ် မိတ်ဆက်ပြီး ယေဟောဝါသက်သေဖြစ်ကြောင်း၊ လူတွေကို သတင်းကောင်း ကြေညာတဲ့ အလုပ်မှာ ပါဝင်နေတာဖြစ်ကြောင်း ပြောပြတယ်။

ပြီးတဲ့နောက် ဗျာဒိတ် ၂၁:၃၊ ၄ နဲ့ ယောဟန် ၅:၂၈၊ ၂၉ ကို သုံးပြီး လူသားတွေ သေဆုံးတာက ဘုရားရည်ရွယ်ချက် မဟုတ်မှန်း ရှင်းပြတယ်။ မကြာခင် ဘုရားက သေသွားတဲ့သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးမယ်၊ သူတို့တွေ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ခွင့်ရမယ်လို့ ပြောပြတယ်။ အိုစမန် ပြောလို့ ပြီးသွားတဲ့အခါ လူအတော်များများက သူ့ကိုဖက်ပြီး “ယေဟောဝါရဲ့ သတင်းကောင်း” အတွက် ကျေးဇူးတင်တယ်လို့ ပြောကြတယ်။ အဲဒီနောက် စာအုပ်လက်တွန်းစင် ရှိရာကို အိုစမန် ပြန်သွားတယ်။

ဈာပနအခမ်းအနား ပြီးသွားတဲ့အခါ ဝမ်းနည်းနေသူတချို့ လက်တွန်းစင်နားကို ရောက်လာပြီး အိုစမန်တို့ မိသားစုကို ကျမ်းစာမေးခွန်းတွေ မေးကြတယ်။ အကြာကြီး စကားပြောကြပြီးနောက် လက်တွန်းစင်ပေါ်က စာပေအားလုံးနီးပါးကို ယူပြီး ထွက်သွားကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ