ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၆
  • သဘောထား ကွဲလွဲတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘောထား ကွဲလွဲတဲ့အခါ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်ပုံ
    နိုးလော့!—၂၀၁၄
  • မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ
    နိုးလော့!—၂၀၁၃
  • အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်
    မိသားစုအတွက် အကူအညီ
  • အိမ်ထောင်ဖက်ကို စိတ်ပျက်မိသောအခါ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၆
ဇနီးမောင်နှံ ကားပြတင်းပေါက်ကနေ ဒေါသတကြီး ကြည့်နေကြစဉ်

မိသားစုအတွက် အကူအညီ

သဘောထား ကွဲလွဲတဲ့အခါ

အကြိုက်ချင်း မတူတာ၊ အကျင့်စရိုက်တွေ ကွဲပြားတာနဲ့တင် အိမ်ထောင်သည်တွေအတွက် အတော်ခက်နေပြီ။ ပိုလို့တောင် ထိရှလွယ်တဲ့ အောက်ပါကိစ္စတွေ ရှိသေးတယ်–

  • ဆွေမျိုးတွေနဲ့ အသုံးပြုတဲ့ အချိန်ပမာဏ

  • ငွေကြေး စီမံခန့်ခွဲပုံ

  • ကလေးယူခြင်းကိစ္စ

ကိုယ့်အိမ်ထောင်ဖက်နဲ့ သဘောထားကွဲလွဲနေရင် ဘာလုပ်ရမလဲ။

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

သိထားသင့်ရာ

လိုက်ဖက်မှုဟာ ထပ်တူဖြစ်ခြင်း မဟုတ်ပါ။ အလိုက်ဖက်ဆုံးဆိုတဲ့ မောင်နှံစုံတွေတောင် အရေးကြီးကိစ္စတွေမှာ အမြင်ချင်း အမြဲမတူကြပါဘူး။

“စည်းလုံးတဲ့ မိသားစုမှာ ကျွန်မ ကြီးပြင်းလာတယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် အဘိုးအဘွားတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲတွေနဲ့ အချိန်ပေးတတ်ကြတယ်။ ကျွန်မ ယောက်ျားရဲ့ မိသားစုကတော့ ဘာသိဘာသာပဲ နေတတ်ကြတယ်။ ဒါကြောင့် မိသားစုတွေကို ဘယ်လောက် အချိန်ပေးရမလဲ၊ အဝေးမှာနေတဲ့ အမျိုးတွေနဲ့ ဘယ်လောက်ကြာကြာ ဆက်သွယ်စကားပြောရမလဲဆိုတာနဲ့ ပတ်သက်ပြီး အမြင်မတူကြဘူး။”—ထမာရာ။

“ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ ကြီးပြင်းလာပုံကြောင့် ငွေကို ဘယ်အရာတွေအတွက် ဦးစားပေး အသုံးပြုရမလဲဆိုတာ သဘောထား မတိုက်ဆိုင်ကြဘူး။ အိမ်ထောင်ကျခါစ လတွေဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရတယ်။ ဒီပြဿနာ ပြေလည်တဲ့အထိ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ရတယ်။”—ထိုင်လာ။

ရှုခင်းကို ဇနီးမောင်နှံ မတူညီတဲ့ဘက်ကနေ ကြည့်နေကြစဉ်

မြင်ကွင်းတစ်ခုကိုပဲ လူနှစ်ယောက်က ရှုထောင့်နှစ်မျိုးနဲ့ ကြည့်နိုင်တယ်။ လင်မယားတွေ သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စမှာလည်း အလားတူပါပဲ။

အလျှော့ပေးလိုက်ရုံနဲ့ ပြေလည်မသွားတဲ့ ပြဿနာတချို့ ရှိတယ်။ ဥပမာ၊ ယောက္ခမ နေမကောင်းလို့ ပြုစုပေးဖို့ လိုအပ်လာရင် ဘယ်လို လုပ်မလဲ။ တစ်ယောက်က ကလေးယူချင်မယ်၊ နောက်တစ်ယောက်က မယူချင်ရင်ကော။a

“ကလေးယူတဲ့ကိစ္စကို ဇနီးနဲ့အတူ ထိုင်ဆွေးနွေးဖြစ်တာ တစ်ခါနှစ်ခါ မကတော့ဘူး။ သူက ကလေးယူဖို့ချည်းပဲ ပိုစဉ်းစားလာတယ်။ ကျွန်တော်တို့ရဲ့ အမြင်တွေလည်း ပိုလို့တောင် ကွာဟလာတယ်။ သူနဲ့ ဘယ်လို ညှိနှိုင်းရမှန်းတောင် မသိတော့ပါဘူး။”—အဲလက်စ်။

သဘောထားကွဲလွဲမှုကြောင့် အိမ်ထောင်ရေး အထိအခိုက် ခံစရာမလိုဘူး။ အရေးကြီးတဲ့ ကိစ္စတစ်ခုမှာ သဘောထား မတိုက်ဆိုင်တဲ့အခါ အိမ်ထောင်ရေး အဆုံးသတ်ရင် သတ်သွားပါစေ ကိုယ်ဖြစ်ချင်တာကို မဖြစ်မနေ လုပ်လိုက်ပါဆိုပြီး ကျွမ်းကျင်သူတချို့ အကြံပေးတတ်ကြတယ်။ ဒါပေမဲ့ ဒီ “ဖြေရှင်းနည်း” ဟာ ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်လွန်းတာ ဖြစ်တယ်။ ဘာပဲကြုံရပါစေ အိမ်ထောင်ဖက်နဲ့ မခွဲအတူနေသွားမယ်ဆိုတဲ့ ဘုရားသခင်ရှေ့ ကတိသစ္စာ ဆိုခဲ့တာကိုလည်း ဘေးချိတ်ရာ ရောက်ပါတယ်။

လုပ်ဆောင်နိုင်ရာ

အိမ်ထောင်ရေး သစ္စာကတိ မြဲဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဒါဆိုရင် ပြဿနာတွေကို ရန်သူတွေလို မဟုတ်ဘဲ ရဲဘော်ရဲဖက်တွေလို အတူတကွ ရင်ဆိုင်နိုင်ကြမယ်။

ကျမ်းစာအခြေခံမူ။ “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။”—မဿဲ ၁၉:၆။

ကြိုတင် တွက်ချက်ပါ။ ဥပမာ၊ တစ်ယောက်က ကလေးယူချင်တယ်၊ တစ်ယောက်က မယူချင်ဘူး ဆိုပါစို့။ ဒါဆိုရင် ထည့်တွက်စဉ်းစားနိုင်တဲ့ အချက်တချို့ ရှိတယ်–

  • အိမ်ထောင်ရေး ခိုင်မြဲမှု။

    သင့်အိမ်ထောင်ဟာ ကလေးတစ်ယောက်ကို ပျိုးထောင်ရတဲ့ဒဏ်ကို ခံနိုင်မလား။

  • မိဘ တာဝန်ဝတ္တရားများ။

    စားဝတ်နေရေး ထောက်ပံ့ပေးခြင်းထက်မက ပါဝင်တယ်။

  • ငွေရေးကြေးရေး အခြေအနေ။

    အလုပ်အကိုင်၊ မိသားစုနဲ့ တခြားတာဝန်တွေကို ဟန်ချက်ညီနိုင်မလား။

ကျမ်းစာအခြေခံမူ။ “မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။”—လုကာ ၁၄:၂၈။

ကိစ္စရပ်ကို ရှုထောင့်မျိုးစုံနဲ့ စဉ်းစားပါ။ သဘောထားကွဲလွဲမှုတချို့ကို ဖြေရှင်းနိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။ ဥပမာ၊ ကလေးယူမယ်၊ မယူဘူးဆိုတဲ့ ကိစ္စမျိုးမှာ မယူချင်တဲ့ အိမ်ထောင်ဖက်က ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်–

  • ‘ကလေးမယူချင်ဘူးဆိုတာ ဘယ်တော့မှ မယူချင်တာလား၊ လောလောဆယ် မယူချင်တာလား။’

  • ‘မိဘကောင်းတစ်ယောက် မဖြစ်နိုင်ဘူးဆိုပြီး စိုးရိမ်နေတာလား။’

  • ‘အိမ်ထောင်ဖက်ရဲ့ ဂရုစိုက်မှု မရတော့မှာကို စိုးရိမ်နေတာလား။’

ကလေး ယူချင်တဲ့ အိမ်ထောင်ဘက်ကလည်း ဒီမေးခွန်းတွေကို သုံးသပ်နိုင်တယ်–

  • ‘မိဘတာဝန်ဝတ္တရားတွေအတွက် အသင့်ဖြစ်ကြပြီလား။’

  • ‘ကိုယ့်ငွေရေးကြေးရေး အခြေအနေဟာ ကလေးပြုစုပျိုးထောင်နိုင်တဲ့ အနေအထားမှာ ရှိသလား။’

ကျမ်းစာအခြေခံမူ။ ‘အထက်ကလာတဲ့ ဉာဏ်ပညာဟာ . . . အကျိုးသင့်အကြောင်းသင့် ရှိတယ်။’—ယာကုပ် ၃:၁၇။

အိမ်ထောင်ဖက်ရဲ့ အမြင်မှာလည်း ကောင်းကွက်တွေ ရှိကြောင်း အသိအမှတ်ပြုပါ။ မြင်ကွင်းတစ်ခုတည်းကို လူနှစ်ယောက်က ရှုထောင့်နှစ်မျိုးနဲ့ ကြည့်နိုင်ပါတယ်။ အလားတူ ကိစ္စတစ်ခုကို လင်မယားနှစ်ယောက် တစ်မျိုးစီ ရှုမြင်နိုင်တယ်။ ဥပမာ၊ ငွေအသုံးပြုပုံ။ သဘောထားချင်း မတိုက်ဆိုင်တဲ့ ကိစ္စကို ဆွေးနွေးတော့မယ်ဆိုရင် နှစ်ယောက်စလုံး သဘောတူနိုင်တဲ့ အကြောင်းအရာကနေ အစပျိုးပါ။

  • တူညီတဲ့ ပန်းတိုင်တွေက ဘာလဲ။

  • နှစ်ယောက်စလုံးရဲ့ ရှုမြင်ပုံတွေမှာ ဘာကောင်းကွက်တွေ ရှိသလဲ။

  • အိမ်ထောင်ရေးအတွက် တစ်ယောက်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးရဲ့ သဘောထားကို ပြုပြင်နိုင်မလား။

ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄။

နယယ်လီနဲ့ ဂေဘရီရယ်

“ကျွန်မတို့ သိလာတာတစ်ခုက တစ်ယောက်နဲ့ တစ်ယောက် စဉ်းစားတွေးခေါ်ပုံတွေ၊ လုပ်ဆောင်ပုံတွေ အမြဲတူညီနေစရာ မလိုပါဘူး။ အချင်းချင်းရဲ့ ထင်မြင်ချက်တွေကို လေးစားဖို့ပဲ လိုတာပါ။ အလျှော့ပေးလိုက်လျောခြင်းက ရှုံးနိမ့်ခြင်းမှ မဟုတ်တာ။”—ခင်ပွန်း ဂေဘရီရယ်နဲ့ အတူရှိနေတဲ့ နယယ်လီ။

a အရေးကြီးတဲ့ကိစ္စတွေကို အိမ်ထောင်မပြုခင် ဆွေးနွေးထားသင့်တယ်။ ဒါတောင်မှ မထင်မှတ်ဘဲ အခြေအနေတွေ ပြောင်းလဲသွားနိုင်သလို အိမ်ထောင်ဖက်ရဲ့ ခံစားချက်တွေ ပြောင်းလဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်။—ဒေသနာ ၉:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ