ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၉
  • မိဘတွေ လမ်းပြထိန်းကျောင်းနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတွေ လမ်းပြထိန်းကျောင်းနိုင်ပုံ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • လူကြီးများရဲ့ လမ်းညွှန်မှု တန်ဖိုး
    နိုးလော့!—၂၀၁၉
  • မိဘတို့ သင့်သားသမီးများအတွက် စံနမူနာဖြစ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၉
သားအဖနှစ်ယောက် စကားပြောနေစဉ်

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

မိဘတွေ လမ်းပြထိန်းကြောင်းနိုင်ပုံ

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • မိဘတွေ အဆို

သိထားသင့်ရာ

အခုခေတ် ယဉ်ကျေးမှုတချို့မှာ မိဘနဲ့သားသမီးတွေကြား ရင်းနှီးတဲ့နှောင်ကြိုးရှိပြီး သားသမီးတွေက မိဘတွေရဲ့ လမ်းပြမှုကို မျှော်လင့်ကြတယ်။ တချို့ ယဉ်ကျေးမှုမှာတော့ ကလေးတွေဟာ ရွယ်တူချင်းတွေဆီကနေ အကြံဉာဏ် တောင်းတတ်ကြတယ်။

ရွယ်တူချင်းတွေဆီက အကြံဉာဏ်တောင်းတဲ့ ကလေးတွေဟာ မိဘတွေရဲ့ ဩဇာအာဏာကို မလေးစားကြတော့ဘူး။ သားသမီးတွေ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ သူတို့အပေါ် ဩဇာမညောင်းနိုင်တော့ဘူးလို့ မိဘတွေ ခံစားရနိုင်တယ်။ အဲဒါ အံ့ဩစရာ မဟုတ်ပါဘူး။ ကိုယ့်သားသမီးတွေက တခြားကလေးတွေနဲ့ အချိန်အကြာကြီး အတူရှိတဲ့အခါ မိဘတွေရဲ့ ပျိုးထောင်မှုကြောင့် မဟုတ်ဘဲ အချင်းချင်း ပျိုးထောင်နေသလို ဖြစ်နေတယ်။

သားသမီးတွေဟာ ဘာကြောင့် မိဘတွေထက် ရွယ်တူချင်းတွေနဲ့ ပိုရင်းနှီးဖို့ လွယ်ကူသလဲ။ အောက်ပါအချက်တွေကို စဉ်းစားကြည့်ပါ။

  • ကျောင်း။ ကလေးတွေက ကျောင်းမှာ တခြားကလေးတွေနဲ့ အချိန်အကြာကြီး အတူရှိနေတဲ့အခါ သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးသွားပြီး မိဘတွေရဲ့ အတွေးအခေါ်အစား သူငယ်ချင်းတွေရဲ့ အတွေးအခေါ်ကို ပိုသဘောကျလာတယ်။ ကလေးတွေ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ အဲဒီသဘောထားက ပိုပြင်းထန်လာတယ်။

    ယောက်ျားလေးတစ်ယောက်က ကျောင်းက သူငယ်ချင်းတွေကို လက်ပြနှုတ်ဆက်နေစဉ်

    သားသမီးတွေဟာ ကျောင်းနေဖက်တွေဆီကထက် မိဘတွေရဲ့ နှစ်သက်လက်ခံမှုရတာကို ပိုတန်ဖိုးထားသင့်တယ်

  • အတူရှိတဲ့အချိန် ပိုနည်းလာ။ မိသားစုများစွာမှာ မိဘတွေက အလုပ်သွားနေတာ ဖြစ်နိုင်လို့ ကလေးတွေ ကျောင်းက ပြန်လာတဲ့အခါ အိမ်မှာ ဘယ်သူမှ မရှိကြဘူး။

  • ဆယ်ကျော်သက် ယဉ်ကျေးမှု။ ကလေးတွေ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ အဝတ်အစား၊ အပြောအဆို၊ အပြုအမူတွေမှာ တခြား ဆယ်ကျော်သက်တွေရဲ့ ပုံစံအတိုင်း လိုက်လုပ်လာကြတယ်။ မိဘတွေ ဘယ်လို ထင်မလဲဆိုတာထက် ရွယ်တူချင်းတွေ ဘယ်လို ထင်မလဲဆိုတာကို ပိုအလေးထားလာကြတယ်။

  • ကြော်ငြာများ။ ထုတ်ကုန်တွေ၊ ဖျော်ဖြေရေးတွေဟာ လူငယ်တွေကို အဓိကပစ်မှတ်ထားလာလို့ လူမျိုးဆက်ကွာဟမှု ပိုကြီးလာတယ်။ “ဆယ်ကျော်သက် ယဉ်ကျေးမှုသာ ပျောက်ကွယ်သွားမယ်ဆိုရင် ဒေါ်လာဘီလီယံနဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေလည်း ပြိုလဲသွားမယ်” လို့ ဒေါက်တာ ရော်ဘတ် အက်စတင် ရေးခဲ့တယ်။a

လုပ်ဆောင်နိုင်ရာ

  • သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ရှိပါ။

    ကျမ်းစာအဆို– “အခု ကျွန်တော် မှာကြားနေတဲ့ ဒီစကားတွေကို နှလုံးသွင်းရမယ်။ ပြီးတော့ သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။ အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ ပြောပြရမယ်။”—တရားဟောရာ ၆:၆၊ ၇။

    ရွယ်တူချင်းတွေနဲ့ မိတ်ဖွဲ့နိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေရဲ့ အခန်းကဏ္ဍနဲ့တော့ အစားမထိုးသင့်ဘူး။ ဒါပေမဲ့ သတင်းကောင်း ရှိပါတယ်– ကလေးတွေနဲ့ ဆယ်ကျော်သက် အများစုဟာ သူတို့ရဲ့မိဘတွေကို လေးစားပြီး မိဘတွေရဲ့ နှစ်သက်မှုကို လိုချင်ကြတယ်လို့ ပညာရှင်တွေက ပြောတယ်။ သားသမီးတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိမယ်ဆိုရင် ကလေးတွေကို သူတို့ရဲ့ ရွယ်တူချင်းတွေထက် ပိုဩဇာလွှမ်းမိုးနိုင်ပါလိမ့်မယ်။

    ဖခင်တစ်ယောက်နဲ့ သားငယ် ပန်းခြံမှာ၊ ကွန်ပျူတာ သုံးရာမှာ၊ ကားပေါ် အလုပ်လုပ်နေချိန်မှာ အတူရှိနေစဉ်

    “ချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာ၊ အိမ်စာလုပ်တာ စတဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကို ကလေးတွေနဲ့ အတူလုပ်ပါ။ ဂိမ်းကစားတာ၊ ရုင်ရှင်၊ ရုပ်မြင်သံကြားကြည့်တာ စတဲ့ ပျော်ရွှင်စရာတွေကိုလည်း အတူလုပ်ဆောင်ပါ။ အကျိုးရှိရှိ ပေါင်းသင်းချိန် တစ်နာရီ၊ နှစ်နာရီပဲ လိုတယ်လို့ မယူမှတ်ပါနဲ့။ အချိန်အလုံအလောက် မပေးဘဲနဲ့တော့ ရင်းနှီးမှု မတည်ဆောက်နိုင်ဘူး။”—လော်ရင်း။

  • ရွယ်တူချင်းတွေနဲ့ပဲ မပေါင်းသင်းစေပါနဲ့။

    ကျမ်းစာအဆို– “ကလေးရဲ့စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်။”—ပညာအလိမ္မာ ၂၂:၁၅။

    မိဘတချို့က ကိုယ့်ကလေး အပေါင်းအသင်းများတာကို ကျေနပ်သဘောကျနေကြတယ်။ ကလေးမှာ သက်တူရွယ်တူ သူငယ်ချင်းတွေ အများကြီး ရှိရင်တောင် ရင့်ကျက်လာဖို့ အသက်အရွယ်မျိုးစုံရှိတဲ့ သူငယ်ချင်းတွေ လိုအပ်တယ်။ လူငယ်တွေလိုအပ်တဲ့ လမ်းညွှန်မှုနဲ့ မေတ္တာရှိတဲ့ မိဘတွေသာ ပေးနိုင်တဲ့ လမ်းညွှန်မှုကို ရွယ်တူချင်းတွေဆီက မရနိုင်ဘူး။

    “ကလေးတွေရဲ့ ရွယ်တူချင်းတွေမှာ ကိစ္စရပ်တချို့နဲ့သက်ဆိုင်တဲ့ အသိပညာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ဘဝပေး အသိပညာ၊ အတွေ့အကြုံ၊ တခြားသူတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ကူညီပေးနိုင်တဲ့ ဉာဏ်ပညာ မရှိကြဘူး။ မိဘရဲ့ လမ်းပြထိန်းကျောင်းမှုကို လိုက်နာတဲ့ ကလေးတွေဟာ အသက်အရွယ်အလိုက် ရင့်ကျက်လာကြတယ်။”—နာဒီယာ။

  • ပညာရှိလမ်းညွှန်ချက်တွေ ပေးပါ။

    ကျမ်းစာအဆို– “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။”—ပညာအလိမ္မာ ၁၃:၂၀။

    သင့်သားသမီးတွေ အရွယ်ရောက်နေရင်တောင် သင်နဲ့ အချိန်ပေးပေါင်းသင်းခြင်းအားဖြင့် အကျိုးများစွာ ရရှိနိုင်ပါတယ်။ သူတို့အတွက် စံပြဖြစ်ပါ။

    “သားသမီးတွေအတွက် အကောင်းဆုံး စံပြက မိဘတွေပါပဲ။ မိဘတွေကို ချစ်ခင်လေးစားဖို့ သင်ကြားပေးခံရတဲ့ သားသမီးတွေဟာ ကြီးပြင်းလာတဲ့အခါ မိဘတွေနဲ့ တူချင်ကြတယ်။”—ကက်သရင်း။

မိဘတွေ အဆို

ဝင်ဒဲလ်နဲ့ ဇနီး စူဆန်

“အကန့်အသတ်ပဲရှိတဲ့ ကိုယ့်ရဲ့ အတွေ့အကြုံကို အခြေခံပြီး ဆုံးဖြတ်ချက်ချတဲ့ လူငယ်တွေဟာ ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ မိဘတွေရဲ့ လမ်းပြထိန်းကျောင်းမှုရှိရင် မိဘတွေရဲ့ အတွေ့အကြုံကနေ သင်ယူနိုင်လို့ ပိုသိမြင်နားလည်နိုင်ကြတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ကြတယ်။”—ဝင်ဒဲလ်နဲ့ ဇနီး စူဆန်။

ကော့တနီနဲ့ ခင်ပွန်း အဲရစ်

“ကိုယ်စိတ်မဝင်စားရင်တောင် သားသမီးတွေ စိတ်ဝင်စားတဲ့အရာတွေကို သူတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ပါ။ ကလေးအတွက် ယုံကြည်စိတ်ချထိုက်သူ၊ တုပထိုက်သူတွေ ဖြစ်ပါ။ သူတို့အတွက် အကောင်းဆုံးဖြစ်စေချင်တယ်ဆိုတာ သားသမီးတွေကို သိစေပါ။”—ကော့တနီနဲ့ ခင်ပွန်း အဲရစ်။

ပြန်လည်သုံးသပ်ချက်– သားသမီးတွေကို မိဘတွေ လမ်းပြထိန်းကျောင်းနိုင်ပုံ

  • သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ရှိပါ။ ရွယ်တူချင်းတွေနဲ့ မိတ်ဖွဲ့နိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေရဲ့ အခန်းကဏ္ဍနဲ့တော့ အစားမထိုးသင့်ဘူး။

  • ရွယ်တူချင်းတွေနဲ့ပဲ မပေါင်းသင်းစေပါနဲ့။ ကလေးမှာ သက်တူရွယ်တူ သူငယ်ချင်းတွေ အများကြီး ရှိရင်တောင် သူရင့်ကျက်လာဖို့ အသက်အရွယ်မျိုးစုံရှိတဲ့ သူငယ်ချင်းတွေ လိုအပ်တယ်။ မိဘတွေသာ ပေးနိုင်တဲ့ လမ်းညွှန်မှုကို ရွယ်တူချင်းတွေဆီက မရနိုင်ဘူး။

  • ပညာရှိလမ်းညွှန်ချက်တွေ ပေးပါ။ သင့်သားသမီးတွေ အရွယ်ရောက်နေရင်တောင် သင်နဲ့ အချိန်ပေးပေါင်းသင်းခြင်းအားဖြင့် အကျိုးများစွာ ရရှိနိုင်ပါတယ်။

a ဆယ်ကျော်သက် ၂.၀—ဆယ်ကျော်သက် ဒုက္ခကနေ ကလေးတွေနဲ့ မိသားစုတွေကို ကယ်တင်ခြင်း စာအုပ်မှ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ