ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၁၀
  • ခမောက်ခရုရဲ့သွား ဖွဲ့စည်းတည်ဆောက်ထားပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခမောက်ခရုရဲ့သွား ဖွဲ့စည်းတည်ဆောက်ထားပုံ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွားဘက်ဆိုင်ရာ ဆရာဝန်ထံ သွားရသည့်အကြောင်း
    နိုးလော့!—၂၀၀၇
  • သွားကိုက်ခြင်း ရာဇဝင်တွင်ခဲ့သည့် ဝေဒနာ
    နိုးလော့!—၂၀၀၇
  • သော့ချက် ၂—ခန္ဓာကိုယ်ရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပါ
    နိုးလော့!—၂၀၁၁
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၁၀
ခမောက်ခရု။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ခမောက်ခရုရဲ့သွား ဖွဲ့စည်းတည်ဆောက်ထားပုံ

ကတော့ပုံ ခရုခွံရှိတဲ့ ပင်လယ်ခရုမျိုးဝင် ခမောက်ခရုမှာ ထူးထူးခြားခြား သန်မာတဲ့သွားတွေ ရှိတယ်။ သေးငယ်တဲ့ အမျှင်များစွာနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ခိုင်ခံ့တဲ့ သတ္တုသွားတွေ ဖြစ်တယ်။

စဉ်းစားကြည့်ပါ– ခမောက်ခရုရဲ့ လျှာပုံသဏ္ဌာန် သွားတွေဟာ တစ်မီလီမီတာလောက်ပဲရှည်ပြီး ဖိုင်တွဲပုံစံမျိုး အတန်းလိုက်တည်ရှိတယ်။ ကျောက်တုံး မျက်နှာပြင်မှာ တွယ်ကပ်ပေါက်နေတဲ့ ရေညှိ၊ ရေမှော်တွေကို ပြောင်စင်သွားအောင် စားနိုင်လောက်တဲ့အထိ သွားတွေ အလွန်အမင်း ခိုင်ခံ့တယ်။

သုတေသီတွေဟာ အလွန်အားကောင်းတဲ့ အဏုကြည့်မှန်ပြောင်းကို သုံးပြီး ခမောက်ခရု သွားတွေရဲ့ ခိုင်ခံ့မှုကို တိုင်းတာကြတယ်။ ခမောက်ခရုရဲ့ သွားတွေဟာ သူတို့ စူးစမ်းလေ့လာခဲ့ပြီးဖြစ်တဲ့ ဘယ်အရာထက်မဆို ပိုသန်မာနေတာ၊ ပင့်ကူမျှင်ထက်တောင် ပိုခိုင်ခံ့နေတာကို တွေ့ရှိခဲ့ကြတယ်။ သုတေသနပြုမှုကို ဦးဆောင်သူက “ခမောက်ခရုရဲ့ သွားတွေ ဖွဲ့စည်းတည်ဆောက်ထားပုံကို တုပပြီး တီတွင်ဖန်တီးမှုတွေ ပြုလုပ်သင့်တယ်” လို့ ပြောတယ်။

ခမောက်ခရုရဲ့သွား ဖွဲ့စည်းတည်ဆောက်ပုံကို တုပထားတဲ့ ပစ္စည်းတွေကို ကားတွေ၊ လှေတွေ၊ လေယာဉ်ပျံတွေနဲ့ သွားစိုက်ကုသမှုတွေမှာတောင် အသုံးပြုနိုင်မယ်လို့ သုတေသီတွေ ယုံကြည်ကြတယ်။

ဘယ်လို ထင်ပါသလဲ။ ခမောက်ခရုရဲ့သွား တည်ဆောက်ထားပုံက သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်တီးထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ