ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၈
  • လေ့ကျင့်ခန်း လုပ်ချင်စိတ် ရှိလာအောင် ဘယ်လို လုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေ့ကျင့်ခန်း လုပ်ချင်စိတ် ရှိလာအောင် ဘယ်လို လုပ်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် လေ့ကျင့်ခန်း လုပ်သင့်သလဲ
  • ဘာကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်သလဲ
  • လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဘယ်လို လုပ်ရမလဲ
  • မျှတပါ
  • ကိုယ်လက်လှုပ်ရှားမှု အလုံအလောက် ပြုနေသလော
    နိုးလော့!—၂၀၀၅
  • သော့ချက် ၃—လှုပ်လှုပ်ရှားရှား နေပါ
    နိုးလော့!—၂၀၁၁
  • ကျန်းမာရေးကို ဘာကြောင့်ဂရုစိုက်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ကျန်းမာအောင် နေထိုင်ပါ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၈
ဆယ်ကျော်သက်လူငယ် ထိုင်ခုံမှာ ထိုင်နေရာကနေ ထပြီး ပြေးနေစဉ်

လူငယ်များအမေး

လေ့ကျင့်ခန်း လုပ်ချင်စိတ် ရှိလာအောင် ဘယ်လို လုပ်ရမလဲ

  • ဘာကြောင့် လေ့ကျင့်ခန်း လုပ်သင့်သလဲ

  • ဘာကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်သလဲ

  • လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဘယ်လို လုပ်ရမလဲ

  • မျှတပါ

  • ရွယ်တူတွေ အဆို

ဘာကြောင့် လေ့ကျင့်ခန်း လုပ်သင့်သလဲ

နိုင်ငံတချို့မှာ လူငယ်တွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်နေတယ်။ ‘ကာယလေ့ကျင့်ခန်း လုပ်တာက အကျိုးရှိတယ်’ လို့ ကျမ်းစာက ဆိုတယ်။ (၁ တိမောသေ ၄:၈) အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  • လေ့ကျင့်ခန်း လုပ်တာက စိတ်လက်ပေါ့ပါးစေတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ စိတ်ပြေလက်ပျောက် ဖြစ်စေတဲ့၊ ပျော်ရွှင်စေတဲ့ ဓာတုပစ္စည်းတွေကို ဦးနှောက်က ထုတ်လွှတ်ပေးတယ်။ တချို့က လေ့ကျင့်ခန်း လုပ်တာကို သဘာဝ စိတ်ကျဝေဒနာ ပျောက်ဆေးလို့ ခေါ်ကြတယ်။

    “မနက်စောစော ထပြေးထားရင် တစ်နေ့လုံး တက်ကြွ၊ လန်းဆန်းနေတယ်။ ပြေးတာက စိတ်လက်ပေါ့ပါးစေတယ်။”—ရေဂျီနာ။

  • လေ့ကျင့်ခန်းလုပ်တာက ရုပ်အသွင်အပြင်ကို ကြည့်ကောင်းစေတယ်။ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခန္ဓာကို တောင့်တင်းကြံခိုင်၊ ကြည့်ကောင်းစေတဲ့အတွက် ကိုယ်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တိုးစေတယ်။

    “အရင်တုန်းကဆိုရင် တစ်ခါတောင် ဘားတန်း မဆွဲနိုင်ဘူး။ အခု ဆယ်ကြိမ် လုပ်နိုင်လို့ ကျေနပ်နေတာ။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်နေတာလို့ ယူမှတ်ထားတယ်။”—အိုလီဗီယာ။

  • လေ့ကျင့်ခန်းလုပ်တာက အသက်ရှည်စေနိုင်တယ်။ လှုပ်လှုပ်ရှားရှားနေတာက နှလုံးသွေးကြောနဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတယ်။ အမျိုးသားတွေကိုရော၊ အမျိုးသမီးတွေကိုပါ သေဆုံးမှု အများဆုံးဖြစ်စေတဲ့ နှလုံးသွေးလွှတ်ကြောရောဂါ မဖြစ်အောင် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ခြင်းက ကာကွယ်ပေးတယ်။

    “ကျန်းမာရေး လေ့ကျင့်ခန်း မှန်မှန် လုပ်တာက ဖန်ဆင်းရှင် ပေးထားတဲ့ ကိုယ်ခန္ဓာကို တန်ဖိုးထားကြောင်း ဖော်ပြရာရောက်တယ်။”—ဂျက်စီကာ။

အဓိကအချက်။ လေ့ကျင့်ခန်းလုပ်တာက အနာဂတ်အတွက် အကျိုးဖြစ်စေသလို လောလောဆယ်လည်း အကျိုးပြုနိုင်တယ်။ “‘လမ်းမလျှောက်နိုင်ဘူး၊ မပြေးနိုင်ဘူး’ လို့ အကြောင်းပြကောင်းပြမယ်။ ဒါပေမဲ့ ဆင်ခြေမပေးဘဲ လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ကြိုးစားရင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး” လို့ တန်ယာ ပြောတယ်။

ပြုပြင်ထိန်းသိမ်းခြင်း မရှိတဲ့ ကားတစ်စီးရဲ့ အင်ဂျင်ကို ဆယ်ကျော်သက်လူငယ် ကြည့်နေစဉ်

ပြုပြင်ထိန်းသိမ်းခြင်း မရှိတဲ့ ကားတစ်စီးဟာ နောက်ဆုံး စက်ပျက်သွားပါလိမ့်မယ်၊ လေ့ကျင့်ခန်း မလုပ်တဲ့ ကိုယ်ခန္ဓာလည်း အလားတူ ဖြစ်နိုင်တယ်

ဘာကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်သလဲ

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

  • စိတ်မပါခြင်း။ “အသက်ငယ်တဲ့အချိန်မှာ ကျန်းမာရေးကလည်း ကောင်းနေတော့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မပါဘူး။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အသက်ကြီးသူတွေအတွက်လို့ ထင်တာပဲ။”—ဆိုဖီယာ။

  • အချိန်မရှိခြင်း။ “အချိန်ဇယား ပြည့်နေတော့ စားဖို့၊ အိပ်ဖို့တောင် အချိန် လုနေရတယ်။ လေ့ကျင့်ခန်း လုပ်ဖို့တော့ ဝေလာဝေးပေါ့။”—ကလယ်ရီဆာ။

  • အားကစားရုံမှာ အသင်းမဝင်နိုင်ဘူး။ “အားကစားရုံမှာ အသင်းဝင်ကြေး များတယ်လေ။”—ဂျီနာ။

စဉ်းစားကြည့်ပါ။

လေ့ကျင့်ခန်း မလုပ်ဖြစ်အောင် အတားဆီးဆုံးအရာက ဘာလဲ။ အဲဒီအတားအဆီးကို ကျော်ဖြတ်ဖို့ ကြိုးစားရပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။

လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဘယ်လို လုပ်ရမလဲ

အကြံပြုချက်တချို့ ဖော်ပြထားပါတယ်–

  • ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် တာဝန်ယူပါ။—ဂလာတိ ၆:၅။

  • ဆင်ခြေမပေးပါနဲ့။ (ဒေသနာ ၁၁:၄) ဥပမာ၊ အားကစားရုံမှာ အသင်းဝင်နိုင်မှပဲ လေ့ကျင့်ခန်း လုပ်လို့ရတာ မဟုတ်ဘူး။ သင် ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတစ်ခု ရှာပါ၊ မှန်မှန် လုပ်ပါ။

  • အကြံဉာဏ်ရအောင် တခြားသူတွေ ဘာလေ့ကျင့်ခန်း လုပ်သလဲဆိုတာ မေးကြည့်ပါ။—ပညာအလိမ္မာ ၂၀:၁၈။

  • တိကျတဲ့ဇယား ထားရှိပါ။ ထားတဲ့ပန်းတိုင် ပြည့်မီမမီ စစ်ဆေးကြည့်တာက လေ့ကျင့်ခန်း လုပ်ချင်စိတ် ရှိလာစေတယ်။—ပညာအလိမ္မာ ၂၁:၅

  • လေ့ကျင့်ခန်း တွဲလုပ်မယ့်အဖော်ကို ရှာပါ။ လေ့ကျင့်ခန်းလုပ်တာ အဆက်ပြတ်မသွားအောင် သင့်ကို အားပေးနိုင်ပါတယ်။—ဒေသနာ ၄:၉၊ ၁၀။

  • ပျက်ကွက်သွားတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လုံးဝ မရပ်လိုက်ပါနဲ့။—ပညာအလိမ္မာ ၂၄:၁၀။

မျှတပါ

‘ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ထိန်းချုပ်နိုင်သူ’ ဖြစ်ရမယ်လို့ ကျမ်းစာက ဆိုတယ်။ (၁ တိမောသေ ၃:၂၊ ၁၁) ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ မျှတပါ။ အစွန်းရောက်သူတွေဟာ များသောအားဖြင့် အကျိုးနည်းတတ်တယ်။ “ဗလတော့ ကောင်းပြီး အသိဉာဏ်နည်းရင် ဆွဲဆောင်မှု မဖြစ်ဘူး” လို့ ဂျူလီယာ ပြောတယ်။

“သေမတတ် မောရင်တောင် ၁၀ ကြိမ် ထပ်လုပ်ပါ” ဆိုတဲ့ တရားလွန် အားကစား ဆောင်ပုဒ်တွေကို သတိထားပါ။ အဲဒီအကြံပေးချက်က ကိုယ်ခန္ဓာကို ထိခိုက်စေနိုင်တယ်။ “ပိုအရေးကြီးတဲ့အရာတွေကို” အာရုံမစိုက်နိုင်အောင် ဖြစ်စေတယ်။—ဖိလိပ္ပိ ၁:၁၀။

ဒါ့အပြင် အားကစားဆောင်ပုဒ်တွေက အကျိုးလည်း ယုတ်စေနိုင်တယ်။ မိန်းကလေး ဗီယာ ဒီလိုပြောတယ်– “မိန်းကလေးများစွာက ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာမျိုး ပိုင်ဆိုင်ထားသူတွေရဲ့ ပုံတွေကို စုထားတတ်ကြတယ်။ အားကစား လုပ်ချင်စိတ် မရှိတဲ့အချိန်တွေမှာ အဲဒီပုံတွေ ထုတ်ကြည့်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး စိတ်ဓာတ်ကျတာပဲ အဖတ်တင်တယ်။ ရုပ်အသွင်အပြင် လှဖို့ထက် ကျန်းမာရေး ကောင်းဖို့ လေ့ကျင့်ခန်းလုပ်တာ ဆိုပြီး ပန်းတိုင်ထားရင် ပိုကောင်းတယ်။”

ရွယ်တူတွေ အဆို

ယက်စမင်

“ပြေးတာက စိတ်ဖိစီးမှုကို အတော်လေး သက်သာစေလို့ ပြေးတာကို ကြိုက်တယ်။ နှလုံးခုန်နှုန်း ကောင်းစေတယ်။ ကယ်လိုရီ လောင်ကျွမ်းစေတယ်။ ပြေးပြီးသွားတဲ့အခါ အင်အားတွေ ပြည့်နေပြီး နေလို့ထိုင်လို့ ပိုကောင်းတယ်။”—ယက်စမင်။

ဂျိုအယ်

“လေ့ကျင့်ခန်းအနေနဲ့ အကြိုက်ဆုံး အားကစားကတော့ ဘတ်စကက်ဘောပဲ။ ကစားတာ ကြိုက်လွန်းလို့ အားကစားလုပ်တယ်လို့တောင် မခံစားရဘူး။ ကောင်းကောင်း ကစားတတ်အောင် အချိန်ပေး လေ့ကျင့်ဖို့တော့ လိုပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။”—ဂျိုအယ်။

လီလီ

“လမ်းလျှောက်လေ့ကျင့်ခန်းက တကယ် အကျိုးပြုတယ်။ ကာယပိုင်းလောက်ပဲ အကျိုးပြုတာ မဟုတ်ဘူး။ စိတ်ပိုင်းလည်း အကျိုးပြုတယ်။ တခြားသူတွေလိုပဲ ကျွန်မမှာ စိုးရိမ်ပူပန်စရာတွေ ရှိတယ်။ လမ်းလျှောက်ထွက်လိုက်တဲ့အခါ ကောင်းကောင်း စဉ်းစားနိုင်တယ်၊ ပိုအားပြည့်လာတယ်။ အဲဒါက ဒီရှုပ်ထွေးပွေလီတဲ့ လောကမှာ ရခဲတဲ့အရာပါ။”—လီလီ။

မိုင်

“လေ့ကျင့်ခန်းလုပ်ဖို့ ခက်ခဲစေပုံရတဲ့အရာတွေကို တွေးရင်တော့ ခက်မှာပဲ။ အဲဒါတွေကို မတွေးရင် ထင်သလောက် မခက်တော့ဘူး။ ဥပမာ၊ ဘတ်စကက်ဘော ကစားနေတဲ့အခါ ပင်ပန်းလိုက်တာ ဆိုပြီး တွေးမနေဘူး။ ကစားတာကိုပဲ စိတ်ရောက်နေတယ်။ ဘတ်စကက်ဘော ကစားတာက မိတ်ဆွေဖွဲ့နိုင်တဲ့ နည်းလမ်းကောင်းလည်း ဖြစ်တယ်။”—မိုင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ