ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၃၉
  • သံချပ်ကာ ပိုးတောင်မာရဲ့ အခွံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သံချပ်ကာ ပိုးတောင်မာရဲ့ အခွံ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • အနက်ရောင် မီးပိုးတောင်မာရဲ့ အာရုံခံကိရိယာ
    နိုးလော့!—၂၀၁၂
  • နမိဘ် ပိုးတောင်မာရဲ့ ရေစုသိမ်းနိုင်တဲ့ တောင်ပံအခွံ
    နိုးလော့!—၂၀၁၂
  • ချေးပိုးထိုးရဲ့ လမ်းကြောင်းရှာသွားနိုင်စွမ်း
    နိုးလော့!—၂၀၁၄
  • ပင်လယ်ခရုတစ်မျိုးရဲ့ အခွံ
    နိုးလော့!—၂၀၁၂
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၃၉
သံချပ်ကာ ပိုးတောင်မာတစ်ကောင်။

Heather Broccard-Bell/iStock via Getty Images

အလိုလို ဖြစ်လာနိုင်ပါ့မလား

သံချပ်ကာ ပိုးတောင်မာရဲ့ အခွံ

မြောက်အမေရိကတိုက် အနောက်ပိုင်းမှာ နေထိုင်တဲ့ သံချပ်ကာ ပိုးတောင်မာ (diabolical ironclad beetle) ဟာ ခန္ဓာကိုယ်လေးချိန်ထက် အဆပေါင်း ၃၉,၀၀၀ လေးတဲ့ ဖိအားကို ခံနိုင်တယ်လို့ သုတေသီတွေ တွေ့ရှိထားတယ်။ ကားတက်ကြိတ်တာကိုတောင် ခံနိုင်တယ်။ ဒီလောက်များတဲ့ ဖိအားကို ဘယ်လိုများ ခံနိုင်သလဲ။

ပိုးတောင်မာရဲ့အခွံ အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်ထားတဲ့ ဆက်ကြောင်းတွေကြောင့်ပါ။ ဆက်ကြောင်းတစ်ခုက အခွံကို အနည်းငယ် ကွေးညွတ်စေနိုင်တယ်။ နောက်ဆက်ကြောင်းတစ်ခုက အခွံရဲ့ အပေါ်မျက်နှာပြင်ကို ရွေ့လျားစေနိုင်တယ်။ အဲဒီဆက်ကြောင်းကြောင့် ပိုးတောင်မာတွေ သစ်ခေါက်ထဲ၊ ကျောက်ဆောင် အက်ကြောင်းတွေထဲ လျှိုဝင်၊ ပုန်းခိုနိုင်တာ။ ပိုးတောင်မာအခွံရဲ့အပေါ်ပိုင်းမှာရှိတဲ့ အလယ်ဆက်ကြောင်းကတော့ ဖိအားကို ကွေးညွတ်ခြင်းမရှိဘဲ တောင့်ခံစေနိုင်တဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတယ်။

ဒါ့အပြင် အလယ်ဆက်ကြောင်း ဆက်ထားပုံဟာ ရုပ်ဆက်ကစားနည်းထဲက အပိုင်းအစတွေကို ဆက်သလို တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျဖြစ်နေတယ်။ အဲဒီလိုပုံစံနဲ့ ဆက်ထားလို့ ဖိအားဟာ အပေါ်မျက်နှာပြင်မှာ စုမနေဘဲ တခြားနေရာတွေကို ပြန့်သွားတာ။ ဆက်ကြောင်းရဲ့အကွေးတွေဟာ တစ်ရှူးလွှာတွေဖြစ်ပြီး အဲဒီအလွှာတွေကို ပရိုတင်းနဲ့ကပ်ထားတယ်။ အဖိခံရတဲ့အခါ ပရိုတင်းတွေထဲမှာ အက်ကြောင်းလေးတွေဖြစ်သွားလို့ အခွံကျိုးမသွားဘဲ ဖိအားကို ခံနိုင်တာ။ နောက်ပိုင်းမှာ အဲဒီအက်ကြောင်းလေးတွေ ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။

သံချပ်ကာ ပိုးတောင်မာရဲ့အခွံ အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်ထားတဲ့ ဆက်ကြောင်းတွေနဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ အလယ်ဆက်ကြောင်းကို ပြထားတဲ့ ကန့်လန့်ဖြတ်ပုံ။

ရုပ်ဆက်ကစားနည်းထဲက အပိုင်းအစတွေလို အလယ်ဆက်ကြောင်းရဲ့အကွေးတွေဟာ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျဖြစ်နေ

ပိုးတောင်မာရဲ့ အခွံအပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်ထားတဲ့ အက်ကြောင်းတွေကို အနီရောင်မြားတွေနဲ့ ပြထား။ အလယ်ဆက်ကြောင်းကို မီးခိုးရောင်မြားနဲ့ ပြထား

သံချပ်ကာ ပိုးတောင်မာရဲ့အခွံကို အတုယူပြီး ဖိအားဒဏ် ခံနိုင်မယ့်၊ အန္တရာယ်ပိုကင်းမယ့် ယာဉ်တွေ၊ တံတားတွေ၊ အဆောက်အအုံတွေရဲ့ ဒီဇိုင်းကို ရေးဆွဲနိုင်မယ်လို့ သုတေသီတွေ ဆိုတယ်။

ဘယ်လို ထင်ပါသလဲ။ သံချပ်ကာ ပိုးတောင်မာရဲ့ အခွံဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ