ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၄၁
  • ဆဲလ်တွေရဲ့ အထူးပြု စွမ်းပကား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆဲလ်တွေရဲ့ အထူးပြု စွမ်းပကား
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန္ဓေသားလောင်းပညာရှင်တစ်ဦး ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာ
    နိုးလော့!—၂၀၁၆
  • အံ့မခန်းဖွယ် သွေးဆဲလ်နီများ
    နိုးလော့!—၂၀၀၆
  • ဒီအဲန်အေ—သက်ရှိစာကြည့်တိုက်တွေနဲ့တူ
    နိုးလော့!—၂၀၁၅
  • ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ဇီဝဓာတုပညာရှင်တစ်ဦးရှင်းပြ
    နိုးလော့!—၂၀၁၃
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၄၁
ဆဲလ်တစ်ခုကနေ နှစ်ခုကွဲသွား။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ဆဲလ်တွေရဲ့ အထူးပြု စွမ်းပကား

မိခင်ဝမ်းထဲ သန္ဓေစတည်တဲ့အချိန်ဟာ ဇိုင်းဂုတ်လို့ခေါ်တဲ့ ဆဲလ်တစ်ခု စတင်ဖြစ်ပေါ်လာချိန်ပါ။ အဏုကြည့်ကိရိယာနဲ့ကြည့်မှ မြင်နိုင်တဲ့ အဲဒီဆဲလ်တစ်ခုတည်းကနေ ပုံသဏ္ဍာန်၊ အရွယ်အစား၊ လုပ်ဆောင်မှုအမျိုးမျိုးရှိတဲ့ ဆဲလ်အမျိုးအစား ၂၀၀ ကျော်အဖြစ် ပြောင်းလဲပွားများသွားပြီး လအတန်ကြာတဲ့အခါ ကလေးတစ်ယောက်ဖြစ်လာတယ်။

သုံးသပ်ကြည့်ပါ။ ဇိုင်းဂုတ်က မျိုးရိုးဗီဇ (ဒီအင်အေ) ကို ကူးယူပြီး နှစ်ခုကွဲသွားတယ်။ အသစ်ဖြစ်လာတဲ့ ဆဲလ်တစ်ခုစီကနေ နောက်ဆဲလ်အသစ် နှစ်ခုထပ်ပွားတယ်။ ဒီနည်းနဲ့ ဆဲလ်တွေ ဆင့်ကာဆင့်ကာ ပွားလာတယ်။ အစပိုင်းမှာ ဆဲလ်အသစ်အားလုံး ဆင်တူနေကြတယ်။ ဆဲလ်တွေရဲ့ ဒီအင်အေထဲမှာ ဆဲလ်အမျိုးမျိုး ထုတ်လုပ်ဖို့ ညွှန်ကြားချက်အားလုံး ရှိနေပြီ။

ပဋိသန္ဓေတည်ပြီး တစ်ပတ်မှာတော့ ဆဲလ်တွေ နှစ်မျိုးနှစ်စား ကွဲပြားသွားတယ်။ တချို့ဆဲလ်တွေက သန္ဓေသားလောင်းဖြစ်လာတယ်။ တချို့ဆဲလ်တွေက သန္ဓေသားလောင်း ကြီးထွားလာအောင် ထောက်ကူပေးတဲ့ အချင်းနဲ့တစ်သျှူးတွေ ဖြစ်လာတယ်။

ကိုယ်ဝန်တတိယအပတ်မှာ သန္ဓေသားလောင်းဆဲလ်တွေဟာ အလွှာသုံးလွှာ ဖြစ်သွားတယ်။ အပြင်လွှာဆဲလ်တွေက နောက်ဆုံးမှာ အာရုံကြော၊ ဦးနှောက်၊ ပါးစပ်၊ အရေပြားနဲ့ တခြားဆဲလ်တွေ ဖြစ်လာတယ်။ အလယ်လွှာဆဲလ်တွေက သွေး၊ အရိုး၊ ကျောက်ကပ်၊ ကြွက်သားတွေနဲ့ တခြားတစ်သျှူးတွေ ဖြစ်လာတယ်။ အတွင်းလွှာဆဲလ်တွေက ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အဆုတ်၊ ဆီးအိတ်နဲ့ အစာခြေစနစ်တွေ ဖြစ်လာတယ်။

ဆဲတစ်ခုကနေ ဆဲလ်များစွာ ပွားသွားပြီး ဆဲလ်အုပ်စုသုံးစု ဖြစ်လာ။ အဲဒီအုပ်စုတွေကနေ ဦးနှောက်ဆဲလ်၊ အဆုတ်၊ အရိုးနဲ့ တခြားအစိတ်အပိုင်းတွေ ဖြစ်လာ။

သန္ဓေသား ကြီးထွားဖွံ့ဖြိုးချိန်မှာ ဆဲလ်အမျိုးအစား ၂၀၀ ကျော် ပြောင်းလဲပွားများသွား

ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် သန္ဓေသားလောင်းအတွင်းက ဆဲလ်တချို့ဟာ တစ်နေရာကနေ တစ်နေရာကို တစ်ခုချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ရွှေ့ကြတယ်။ တချို့ဆဲလ်တွေ ပေါင်းစပ်သွားပြီး အချပ်ပြားလေးတွေ ဖြစ်လာတယ်။ တချို့က ခွေလိပ်ပြီး ကြိုးမျှင်တွေ ဒါမှမဟုတ် အခေါင်းပေါက်တွေ ဖြစ်လာတယ်။ ဆဲလ်တစ်ခုနဲ့တစ်ခု ညှိနှိုင်းလုပ်ဆောင်မှ ဒီလိုဖြစ်လာနိုင်တာ။ ဥပမာ၊ ဆဲလ်အချပ်ပြားတွေက ပြွန်လေးတွေအဖြစ် သူတို့ဘာသာ ခွေလိပ်လိုက်တာမျိုးပါ။ ဒီလိုဖြစ်ရပ်မျိုးက သန္ဓေသားလောင်းရဲ့ ခန္ဓာအစိတ်အပိုင်းအသီးသီးမှာ တစ်ပြိုင်နက် ဖြစ်ပေါ်နေတယ်။ အဲဒီနောက် ပြွန်တွေ ရှည်ထွက်လာပြီး ကိုင်းဖြာသွားတယ်။ နောက်ဆုံးမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး သွေးလှည့်ပတ်မှုစနစ် ဖြစ်လာတယ်။

ကလေးတစ်ယောက် ကျန်းကျန်းမာမာ မွေးဖွားလာချိန်မှာတော့ သန်းထောင်နဲ့ချီတဲ့ ဆဲလ်တွေဟာ ရှိသင့်တဲ့နေရာမှာ ရှိသင့်တဲ့အင်္ဂါအစိတ်အပိုင်းတွေအဖြစ် အချိန်ကိုက် ပြောင်းလဲပြီးနေပြီ။

ဘယ်လို ထင်ပါသလဲ။ ဆဲလ်တွေရဲ့ အထူးပြု စွမ်းပကားဟာ အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်တီးထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ