ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၄၃
  • မိခင် နို့ရည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိခင် နို့ရည်
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “သမ္မာတရားဖြစ်သောနှုတ်ကပါဌ်တော်ကို မှန်ကန်စွာကိုင်တွယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၄၃
ရင်ခွင်ထဲ အိပ်စက်နေတဲ့ ကလေးငယ်ကို မိခင် ကြည့်နေ

အလိုလို ဖြစ်လာနိုင်ပါ့မလား

မိခင် နို့ရည်

“ကလေးနို့မှုန့်တွေက မိခင်နို့ရည်ကို ဘယ်တော့မှ မီနိုင်မှာ မဟုတ်ဘူး” ဆိုပြီး ဝမ်းဆွဲတွေအတွက် ကိုးကားစာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ကလေးအတွက် အကောင်းဆုံးဟာ မိခင်နို့ရည်ပါပဲ။ အကြောင်းရင်းတစ်ခုက မိခင်ရဲ့ ကိုယ်ခန္ဓာဟာ ကလေးရဲ့ လိုအပ်ရာနဲ့အညီ အလိုက်အထိုက် ပြောင်းလဲနိုင်စွမ်း ရှိလို့ပါ။

သုံးသပ်ကြည့်ပါ။ ရင်သွေးကို မိခင်နို့ရည် တိုက်ကျွေးတိုင်းမှာ နို့ရည်ရဲ့ အာနိသင် တောက်လျှောက် ပြောင်းလဲနေတယ်။ အစပိုင်းမှာ ထွက်တဲ့နို့ရည်ဟာ အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ ရေဓာတ် ပိုများတယ်။ နောက်ပိုင်းထွက်တဲ့ နို့ရည်မှာ အဆီဓာတ် ပိုများလို့ ကလေးငယ်ကို ကျေနပ်တင်းတိမ်သွားစေတယ်။ ကလေးကြီးထွားမှုနဲ့အညီ၊ ရာသီအပြောင်းအလဲနဲ့အညီတောင် လိုအပ်သလို ပြောင်းလဲနိုင်တယ်။

နေ့နဲ့ည ဟော်မုန်းထုတ်လုပ်မှုလည်း မတူဘူး။ ညအချိန်မှာ အိပ်စက်စေတဲ့ မယ်လတိုနင်ဓာတ် ပိုများပြီး နေ့အချိန်မှာ တခြား ဟော်မုန်းဓာတ်တွေ ပိုများတယ်။ အခုလို ဟော်မုန်းတွေ လိုတိုးပိုလျှော့ ပြောင်းလဲထုတ်လုပ်ပေးတာက ကလေးကို အိပ်ချိန်၊ ထချိန် ပုံမှန်ဖြစ်စေတယ်။

မိခင်တွေက မီးဖွားပြီး ရက်ပိုင်းအတွင်းမှာ နို့ဦးရည်ဆိုတဲ့ အဝါရောင်နို့ရည် ထုတ်ပေးတယ်။ နို့ဦးရည်ဟာ အစာကြေလွယ်တယ်၊ အာဟာရလည်း ပြည့်ဝလို့ ကလေးငယ်ရဲ့ အစာအိမ်သေးသေးလေးထဲ နည်းနည်းပဲဝင်ရင်တောင် အကျိုးအများကြီး ရှိတယ်။ နို့ဦးရည်မှာ ကိုယ်ခံအားကောင်းစေတဲ့ ပဋိပစ္စည်းတွေ အများကြီး ပါဝင်လို့ နုနယ်တဲ့ မွေးကင်းစလေးကို ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးတယ်။ ဒါ့အပြင် နို့ဦးရည်ဟာ သဘာဝ ဝမ်းနုတ်ဆေးလိုပဲ ကလေးဝမ်းကိုလည်း ရှင်းပေးတယ်။

ကလေးအတွက် နို့ရည် လောက်လောက်ငင ထွက်ပါ့မလားဆိုပြီး မိခင်တွေ စိုးရိမ်နေဖို့ မလိုဘူး။ အမွှာတွေ မွေးထားတယ်ဆိုရင်တောင် မိခင်ရဲ့ကိုယ်ခန္ဓာက နို့ရည်ကို လိုအပ်သလောက် ထုတ်ပေးနိုင်စွမ်းရှိတယ်။

ဘယ်လို ထင်ပါသလဲ။ မိခင်နို့ရည်ရဲ့ ဒီထူးခြားတဲ့ ဂုဏ်သတ္တိဟာ အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်တီးထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ