ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၉
  • သဘာဝဘေးသင့်သူတွေကို ကယ်ဆယ်ထောက်ပံ့ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝဘေးသင့်သူတွေကို ကယ်ဆယ်ထောက်ပံ့ခြင်း
  • အလှူငွေတွေကို အသုံးပြုပုံ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၂၀၂၁ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—ညီအစ်ကို/မတွေကို ပစ်မထားဘဲ ကူညီပေးနေကြ
    အလှူငွေတွေကို အသုံးပြုပုံ
  • ကမ္ဘာချီ ကပ်ရောဂါအတွက် ကမ္ဘာချီ ကယ်ဆယ်ရေး
    အလှူငွေတွေကို အသုံးပြုပုံ
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ၂၀၂၃ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—“ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်”
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၉
ညီအစ်ကို/မတွေ အစားအသောက် အထောက်အပံ့တွေ လက်ခံယူနေစဉ်။

အလှူငွေတွေကို အသုံးပြုပုံ

သဘာဝဘေးသင့်သူတွေကို ကယ်ဆယ်ထောက်ပံ့ခြင်း

၂၀၂၁၊ ဖေဖော်ဝါရီ ၁

၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝန်း သဘာဝဘေး အမျိုးမျိုးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံတွေ့ခံစားခဲ့ကြရတယ်။ ဘေးသင့်သူတွေကို ယေဟောဝါသက်သေတွေ ဘယ်လို ကူညီပေးကြသလဲ။

၂၀၂၀ လုပ်ငန်းတော်နှစ်a အတွင်း အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးများ ကော်မတီက ကယ်ဆယ်ရေး လုပ်ငန်းအတွက် ဒေါ်လာ ၂၈ သန်းb သုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း၊ အာဖရိက,က ရေကြီးမှု၊ ဗင်နီဇွဲလားက အစာ ရှားပါးမှု၊ ဇင်ဘာဘွေက မိုးခေါင်မှု အပါအဝင် ကပ်ဘေး ၂၀၀ ကျော်ကြောင့် ဘေးသင့်သူတွေကို ထောက်ပံ့ပေးနိုင်ခဲ့တယ်။ အစားအစာ၊ ရေ၊ နေစရာ၊ အဝတ်အထည်၊ ဆေးဝါးတို့အပြင် သန့်ရှင်းရေး၊ ပြုပြင်ရေး၊ ဆောက်လုပ်ရေးအတွက် အခြေခံ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်။ ထောက်ပံ့ရေး အစီအစဉ်တချို့ကို သုံးသပ်ကြည့်ပါ။

ကိုဗစ်-၁၉။ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ကျန်းမာရေး၊ စိတ်ဓာတ်ရေး၊ စီးပွားရေး ထိခိုက်ခဲ့ကြတယ်။ ညီအစ်ကို/မတွေကို ကူညီဖို့ ကမ္ဘာတစ်ဝန်းမှာ ကယ်ဆယ်ရေး ကော်မတီ (DRC) ၈၀၀ ကျော် ဖွဲ့စည်းတယ်။ ဒီကော်မတီတွေက ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးတယ်။ ကယ်ဆယ်ရေး လုပ်ငန်းကို ညှိနှိုင်းရေးမှူးများ ကော်မတီ အကောင်းဆုံး ညွှန်ကြားနိုင်အောင် အစီရင်ခံစာတွေ ချက်ချင်း ပို့ပေးကြတယ်။

ညီအစ်ကို/မတွေ အစားအစာ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ အခြေခံ ဆေးဝါးတွေ ရဖို့ ကော်မတီတွေက ကူညီပေးကြတယ်။ ဒေသတချို့မှာ ညီအစ်ကို/မတွေ အစိုးရ အထောက်အပံ့ ရဖို့ ဒေသခံ အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးတယ်။

ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းကို သက်သေခံ မဟုတ်သူတွေ သတိပြုမိကြတယ်။ ဥပမာ၊ ဇမ်ဘီယာ၊ နာကွန်ဒါ ခရိုင်အုပ်ချုပ်ရေးမှူး ဖီး ဆင်ဝင်ဂါက “ဘေးသင့်ပြည်သူတွေကို အချိန်ကိုက် လာကူညီပေးလို့ ခင်ဗျားတို့အပေါ် ကျေးဇူးကြွေး တင်သွားပြီ” လို့ ပြောတယ်။

အင်ဂိုလာက အစာ ရှားပါးမှု။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အင်ဂိုလာမှာ အစားအသောက် ရှားပါးလာတယ်။ ကုန်ဈေးနှုန်း မြင့်တက်လာတယ်။ ညီအစ်ကို/မတွေ အစားအသောက် ဝယ်ဖို့ ပိုခက်လာတယ်။

ကယ်ဆယ်ရေး အထောက်အပံ့တွေကို ကွန်တိန်နာပေါ် တင်နေစဉ်။

အစာထုပ်တွေကို ဘရားဇီးနိုင်ငံကနေ အင်ဂိုလာနိုင်ငံကို ပို့ပေးနေစဉ်

အင်ဂိုလာက ညီအစ်ကို/မတွေဆီ အစာထုပ်တွေ ပို့ပေးဖို့ ဘရာဇီး ဌာနခွဲ တောင်းဆိုခံရတယ်။ ကယ်ဆယ်ရေး ရန်ပုံငွေကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ ညီအစ်ကိုတွေက အစားအစာ ဝယ်ခြမ်း၊ ထုပ်ပို့နိုင်မယ့် အကောင်းဆုံး နည်းကို သေသေချာချာ ရှာဖွေကြတယ်။ အစားအသောက်တွေကို တစ်လုံးတစ်ခဲတည်း ဝယ်တယ်။ ဒါကြောင့် ဆန်၊ ပဲ၊ ဆီ စတဲ့ စားသောက်ကုန် ၂၀ ကီလိုဂရမ် (၄၄ ပေါင်) နီးပါး ပါတဲ့ အစာထုပ် တစ်ထုပ်အတွက် ဝယ်ခြမ်း၊ ထုပ်ပို့ခ ပျမ်းမျှ ၂၂ ဒေါ်လာပဲ ကုန်ကျတယ်။ အစာထုပ် ၃၃,၅၄၄ ထုပ်၊ စုစုပေါင်း ၆၅၄ မက်ထရစ် တန် (အမေရိကန် တန်ချိန် ၇၂၁ တန်) ပို့ပြီးပါပြီ။ ဒေသထွက်ကုန်တွေ၊ တင်ပို့ကုန်တွေနဲ့ လူ ၅၀,၀၀၀ ကျော်ကို အစားအသောက် ထောက်ပံ့နိုင်ခဲ့တယ်။

ဒီထောက်ပံ့ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ညီအစ်ကို/မတွေ ဘယ်လို ခံစားရကြသလဲ။ “ကျွန်တော့်ကို ယေဟောဝါဘုရား ချစ်တယ်၊ ယေဟောဝါရဲ့ အဖွဲ့အစည်းက တန်ဖိုးထားတယ်၊ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့ အထောက်အထားပါပဲ” လို့ အင်ဂိုလာနိုင်ငံက ဝေးလံခေါင်သီတဲ့ ဒေသမှာ နေတဲ့ အလက်ဇန်းဒါး ပြောတယ်။ ကြင်ဖော်မဲ့ မိခင် မာရီဇာကလည်း “ကျွန်မရဲ့ ဆုတောင်းသံကို ယေဟောဝါ ကြားတယ်။ ဘုရားသခင်ကိုကော ဘုရားရဲ့ အဖွဲ့အစည်းကိုပါ ကျေးဇူးတင်ပါတယ်” လို့ ပြောတယ်။

ပုံ။ ၁။ ညီအစ်ကိုတစ်ယောက် ကယ်ဆယ်ရေး အထောက်အပံ့ပုံးကို ခေါင်းပေါ် ရွက်ထား။ ၂။ ကလေးငယ် ကျောပိုးထားတဲ့ ညီအစ်မတစ်ယောက် ကယ်ဆယ်ရေး အထောက်အပံ့အိတ်ကို ခေါင်းပေါ် ရွက်ထား။ ၃။ ဘီးတပ်ကုလားထိုင်ပေါ်က ညီအစ်မတစ်ယောက် ဘေးမှာ အထောက်အပံ့အိတ်နဲ့ တွေ့ရစဉ်။

ကယ်ဆယ်ရေး အထောက်အပံ့တွေအတွက် အင်ဂိုလာက ညီအစ်ကို/မတွေ ကျေးဇူးတင်နေကြ

ဇင်ဘာဘွေက မိုးခေါင်မှု။ ၂၀၂၀ လုပ်ငန်းတော်နှစ်အတွင်း ဇင်ဘာဘွေမှာ အကြီးအကျယ် မိုးခေါင်တဲ့အတွက် အစာခေါင်းပါးမှုဒဏ်ကို လူသန်းပေါင်းများစွာ ကြုံခဲ့ကြရတယ်။ ညီအစ်ကို/မတွေမှာလည်း အစားအသောက် မလုံလောက်တော့ဘူး။

ညီအစ်ကို/မတွေကို အစားအသောက် ထောက်ပံ့ပေးဖို့ ကော်မတီ ငါးခု ဖွဲ့စည်းလိုက်တယ်။ ရာနဲ့ချီတဲ့ ကြေညာသူတွေက အစားအစာတွေ ကူညီ ထုပ်ပိုးပေးကြတယ်။ အထောက်အပံ့ပစ္စည်းတွေ သယ်ပေးကြတယ်။ သူတို့ရဲ့ ကားတွေ ငှားပေးကြတယ်။c ၂၀၂၀ လုပ်ငန်းတော်နှစ်အတွင်း လူ ၂၂,၇၀၀ ကျော်ကို အစားအသောက် ထောက်ပံ့ဖို့ ၆၉၁,၅၆၁ ဒေါ်လာ သုံးစွဲခဲ့တယ်။

ပုံ။ ၁။ ညီအစ်ကို/မတွေ အထောက်အပံ့တွေကို ပျော်ရွှင်စွာ ပွေ့ပိုက်ထားကြ။ ၂။ ညီအစ်ကို/မတွေကို နိုင်ငံတော်ခန်းမ အပြင်ဘက်မှာ အထောက်အပံ့တွေနဲ့ တွေ့ရစဉ်။

ဇင်ဘာဘွေက ညီအစ်ကို/မတွေ ကယ်ဆယ်ရေး အထောက်အပံ့တွေ လက်ခံရရှိ (ကပ်ရောဂါ မတိုင်မီ)

ဒေသတချို့မှာ အထောက်အပံ့တွေ ရောက်သွားတဲ့အချိန်နဲ့ ညီအစ်ကိုတွေမှာ စားစရာ ပြတ်လပ်သွားတဲ့အချိန် ကွက်တိပဲ။ ဝမ်းသာလွန်းလို့ ညီအစ်ကိုတွေ ယေဟောဝါကို ချီးမွမ်းကြတယ်။ တချို့ဆိုရင် နိုင်ငံတော် သီချင်းတွေတောင် ထဆိုကြတဲ့အထိပဲ။

ဒေသတစ်ခုမှာ လူမှုရေး အဖွဲ့အစည်း (NGO) က ပေးတဲ့ အထောက်အပံ့ ရဖို့ ဆွေးနွေးပွဲတစ်ခုကို မုဆိုးမ ညီအစ်မ နှစ်ယောက် သွားတက်ကြတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲမှာ တဖြည်းဖြည်း နိုင်ငံရေးတွေ ပါလာတယ်။ ဒါနဲ့ ညီအစ်မတွေက အထောက်အပံ့ မယူတော့ဖို့ ဆုံးဖြတ်ပြီး ထွက်လာလိုက်တယ်။ တခြားသူတွေက “နောက်တော့မှ ငါတို့ဆီ လာလက်ဖြန့်မတောင်းနဲ့” ဆိုပြီး ဝိုင်းလှောင်ကြတယ်။ ဒါပေမဲ့ နှစ်ပတ်ကြာတော့ အဲဒီဒေသကို ညီအစ်ကိုတွေ ရောက်လာပြီး အစားအသောက်တွေ ထောက်ပံ့ပေးကြတယ်။ အဲဒီအချိန်အထိ အဲဒီဒေသကို NGO အထောက်အပံ့တွေ ရောက်မလာသေးဘူး။

အိမ်ရှေ့မှာ အစားအသောက် အထောက်အပံ့အိတ် များစွာနဲ့ ပျော်ရွှင်နေတဲ့ ပရစ္စကာ။

“ယေဟောဝါဘုရားက မိမိကျေးကျွန်တွေကို ဘယ်တော့မှ ပစ်မထားဘူး” လို့ ပရစ္စကာ ပြောတယ်

ဇင်ဘာဘွေနိုင်ငံက ကယ်ဆယ်ရေး လုပ်ငန်းဟာလည်း သက်သေခံချက်ကောင်း တစ်ရပ် ဖြစ်ခဲ့တယ်။ ဥပမာ၊ ကျေးရွာလေး တစ်ခုမှာ နေတဲ့ ပရစ္စကာအကြောင်း သုံးသပ်ကြည့်ပါ။ မိုးခေါင်လို့ ကျပ်တည်းနေပေမဲ့ လယ်စိုက်တဲ့ ကာလမှာတောင် ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တိုင်း အမှုဆောင်ထွက်တယ်။ ရွာသားတွေက “တရားပဲ လိုက်ဟောနေ။ မိသားစုကဖြင့် ငတ်သေတော့မယ်” လို့ ဝိုင်းပြောကြတယ်။ “ယေဟောဝါဘုရားက မိမိကျေးကျွန်တွေကို ဘယ်တော့မှ ပစ်မထားဘူး” လို့ ပရစ္စကာ ပြန်ဖြေတယ်။ သိပ်မကြာပါဘူး။ အဖွဲ့အစည်းဆီက အထောက်အပံ့တွေ ရတယ်။ အိမ်နီးနားချင်းတချို့ သိပ်အထင်ကြီးသွားတယ်။ “ဘုရားက နင့်ကို တကယ် ပစ်မထားဘူးပဲ။ အဲဒီဘုရားအကြောင်း ငါတို့လည်း သိချင်တယ်” လို့ ပြောကြတယ်။ အခုဆိုရင် အိမ်နီးနားချင်း ခုနစ်ယောက်က ရေဒီယိုကနေ လွှင့်တဲ့ အသင်းတော် အစည်းအဝေးတွေကို နားထောင်နေကြပြီ။

အဆုံး နီးလာတာနဲ့အမျှ သဘာဝ ဘေးဒဏ်တွေကို ကျွန်တော်တို့ ကြုံကြရဦးမယ်။ (မဿဲ ၂၄:၃၊ ၇) donate.jw.org မှာ တွေ့ရတဲ့ နည်းလမ်း အမျိုးမျိုး သုံးပြီး ရက်ရက်ရောရော လှူဒါန်းကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဘေးသင့်သူတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ကူညီဖို့ ဒီအလှူငွေတွေကို အသုံးပြုသွားပါမယ်။

a ၂၀၂၀ လုပ်ငန်းတော်နှစ်ဟာ ၂၀၁၉ စက်တင်ဘာလကနေ ၂၀၂၀ ဩဂုတ်လအထိ ဖြစ်ပါတယ်။

b ဒီဆောင်းပါးမှာ ဖော်ပြထားသမျှဟာ အမေရိကန် ဒေါ်လာ ဖြစ်ပါတယ်။

c ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေ ရှိလို့ ညီအစ်ကိုတွေက အစားအသောက် တင်ပို့ဖို့ ခွင့်ပြုချက်တွေ ယူရတယ်။ ဗိုင်းရတ်ပိုး ကူးစက်မခံရအောင် ကာကွယ်ဖို့ အထူး ဂရုစိုက်ကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ