ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၂၂
  • နားမကြားသူတွေ မေ့လျော့မခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားမကြားသူတွေ မေ့လျော့မခံရ
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုတွေကို ဘယ်လိုထုတ်လုပ်သလဲ
  • လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုတွေကို ဘယ်လိုဖြန့်ချိသလဲ
  • ‘ယေဟောဝါသည် သူတို့၌ မျက်နှာတော်အလင်းကို လွှတ်တော်မူသည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်တော့်လက်နဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေး
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • နားမကြားသူတွေကို ကူညီပေးချင်တဲ့ဆန္ဒ ပြည့်စေခြင်း
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၂၂
ညီအစ်မတစ်ယောက် လက်သင်္ကေတပြဘာသာစကားနဲ့ ကျမ်းချက်ဗီဒီယိုကို တက်ဘလက်မှာ ကြည့်ရှုနေစဉ်

အလှူငွေတွေကို အသုံးပြုပုံ

နားမကြားသူတွေ မေ့လျော့မခံရ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်

ယေဟောဝါဘုရားက လူအားလုံးကို ဘယ်လိုအခြေအနေပဲရှိရှိ မိမိအကြောင်း၊ ကောင်းကင်နိုင်ငံတော်အကြောင်း သိစေချင်တယ်။ (၁ တိမောသေ ၂:​၃၊ ၄) ဒါကြောင့် ယေဟောဝါသက်သေတွေက ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို လူများနိုင်သမျှ များများအတွက် ထုတ်ဝေကြတယ်။ နားမကြားသူတွေအတွက်လည်း ပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းဟာ ထောင်ပေါင်းများစွာသော လက်သင်္ကေတပြစာပေတွေကို ဗီဒီယိုအသွင်နဲ့a ထုတ်ဝေခဲ့တယ်။ လက်သင်္ကေတပြဘာသာစကား ၁၀၀ ကျော်နဲ့ ရရှိနိုင်ပါတယ်။ စာပေတွေကို လက်သင်္ကေတပြဘာသာစကားနဲ့ ဘယ်လိုထုတ်လုပ်ဖြန့်ချိသလဲ။ နှစ်တွေတစ်လျှောက် ဘယ်လိုတိုးတက်ပြောင်းလဲခဲ့သလဲ။

လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုတွေကို ဘယ်လိုထုတ်လုပ်သလဲ

စာပေတစ်ခုကို လက်သင်္ကေတပြဘာသာပြန်အဖွဲ့ အတူတကွ ဘာသာပြန်နေစဉ်

ကမ္ဘာတစ်ဝန်းက ဘာသာပြန်အဖွဲ့တွေက လက်သင်္ကေတပြဘာသာစကားနဲ့ စာအုပ်စာပေတွေကို ထုတ်လုပ်ကြတယ်။ ဘာသာပြန်မယ့်စာပေတွေကို ဘာသာပြန်အဖွဲ့ဝင်တိုင်းက ဂရုတစိုက် လေ့လာသုံးသပ်ကြတယ်။ အဲဒီနောက် အချက်အလက်တွေကို လက်သင်္ကေတပြဘာသာစကားနဲ့ ဘယ်လိုပြန်ဆိုရင် အကောင်းဆုံးဖြစ်မယ်ဆိုတာ ဆုံးဖြတ်ကြတယ်။ ပြီးတဲ့နောက် ဗီဒီယိုရိုက်ကူးတယ်။ လောလောဆယ် ဘာသာပြန်အဖွဲ့ ၆၀ ဟာ လက်သင်္ကေတပြဘာသာစကားနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ပုံမှန် ဘာသာပြန်ဆိုနေကြတယ်။ နောက်ထပ်အဖွဲ့ ၄၀ ကတော့ လိုအပ်သလို ပြန်ဆိုနေတယ်။

အရင်တုန်းက လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုတွေထုတ်ဖို့ ငွေကုန်ကြေးကျ အတော်များတယ်။ ဗီဒီယိုကင်မရာတွေနဲ့ တခြားကိရိယာတွေက အခုအချိန်ကထက် ပိုစျေးကြီးတယ်။ ဗီဒီယိုရိုက်ကူးမယ့် စတူဒီယိုတွေကိုလည်း ကိုယ့်ဘာသာကိုယ် ဆောက်ရတယ်။ တစ်ခါတလေ အဆောက်အအုံကို ပြုပြင်မွမ်းမံရတယ်။ လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့အတွက် ပစ္စည်းကိရိယာအစအဆုံး တပ်ဆင်ဖို့ ဒေါ်လာ ၃၀,၀၀၀b ကျော် ကုန်ကျတယ်။

အလှူငွေတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ အဖွဲ့အစည်းဟာ ဘာသာပြန်လုပ်ငန်းစဉ်ကို တိုးတက်အောင်၊ ရိုးရှင်းအောင် ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဘက်စုံအသုံးပြုနိုင်ပြီး အကုန်အကျလည်း သိပ်မများတဲ့ ခေတ်မီကိရိယာတွေကို အသုံးပြုနေပါတယ်။ ဘာသာပြန်အဖွဲ့တွေဟာ စတူဒီယိုထဲမှာ ရိုက်ကူးမယ့်အစား အစိမ်းရောင်မျက်နှာပြင်လို့ခေါ်တဲ့ အစိမ်းရောင်နောက်ခံကို တပ်ဆင်ပြီး ရုံးခန်းထဲမှာပဲ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ကြပြီ။ လက်သင်္ကေတပြပေးမယ့် ညီအစ်ကို/မတွေလည်း စတူဒီယိုကို သွားစရာမလိုဘဲ ကိုယ့်ရုံးခန်း၊ အိမ်ကနေ ရိုက်ကူးနိုင်ကြတယ်။

ဘာသာပြန်အဖွဲ့က လက်သင်္ကေတပြဘာသာစကား စာပေကို ဗီဒီယိုရိုက်ကူးနေစဉ်။ လက်သင်္ကေတပြသူက အစိမ်းရောင်နောက်ခံရှေ့ ရပ်နေစဉ်။

လက်သင်္ကေတပြသူတွေအတွက် အလုပ်တွင်ကျယ်စေဖို့ ဆော့ဖ်ဝဲတွေကိုလည်း ကျွန်တော်တို့ ထုတ်လုပ်ခဲ့ကြတယ်။ ဒါကြောင့် ဘာသာပြန်အဖွဲ့တွေဟာ လက်သင်္ကေတပြဘာသာစကားနဲ့ စာအုပ်စာပေတွေကို ထုတ်လုပ်ရာမှာ အချိန်တစ်ဝက် လျှော့ချနိုင်ခဲ့တယ်။ ဒီလိုတိုးတက်မှုတွေအတွက် ညီအစ်ကို/မတွေလည်း ကျေးဇူးတင်ကြတယ်။ အလက်ဇန်းဒရားလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောပြတယ် - “လက်သင်္ကေတပြဗီဒီယိုတွေကို အရင်ကထက် ပိုများများ ထုတ်လုပ်နိုင်ခဲ့လို့ သိပ်ဝမ်းသာတယ်။ ဗီဒီယိုတွေကို ကျွန်တော် နေ့တိုင်းကြည့်တယ်။”

အခုဆိုရင် ဘာသာပြန်အဖွဲ့တစ်ဖွဲ့အတွက် စက်ကိရိယာတွေ တပ်ဆင်ဖို့ ဒေါ်လာ ၅,၀၀၀ လောက်ပဲ ကုန်ကျတော့တယ်။ ဒါကြောင့် လက်သင်္ကေတပြဘာသာစကားများစွာနဲ့ ဗီဒီယိုတွေ ထုတ်လုပ်နိုင်ခဲ့တယ်။

လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုတွေကို ဘယ်လိုဖြန့်ချိသလဲ

လက်သင်္ကေတပြဘာသာစကား စာပေတွေကို ဘာသာပြန်အဖွဲ့ ရိုက်ကူးပြီးရင် ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါပြီ။ အရင်တုန်းက ဗီဒီယိုခွေ၊ ဒီဗီဒီခွေတွေနဲ့ ထုတ်လုပ်ခဲ့ပေမဲ့ အဲဒီလိုလုပ်တာက အချိန်လည်းကုန်၊ လူလည်းပင်ပန်း ငွေကုန်ကြေးကျလည်း များတယ်။ အခွေတွေကူးဖို့ အပြင်က ကုမ္ပဏီတွေဆီမှာလည်း အပ်ရတယ်။ ပြီးရင် ဗီဒီယိုခွေနဲ့ ဒီဗီဒီခွေတွေကို အသင်းတော်တွေဆီ ပို့ကြတယ်။ ၂၀၁၃ တစ်နှစ်တည်းမှာတင် လက်သင်္ကေတပြဘာသာစကားနဲ့ ဒီဗီဒီခွေတွေ ထုတ်လုပ်ဖို့ ဒေါ်လာ ၂,၀၀၀,၀၀၀ ကျော် အသုံးပြုခဲ့တယ်။

သယ်ရလွယ် ဒီဗီဒီစက်၊ ဒီဗီဒီခွေပုံစံနဲ့ထုတ်လုပ်ထားတဲ့ လက်သင်္ကေတပြဘာသာစကား စာပေများ

အခုလိုပြင်ဆင်ပေးမှုတွေကို နားမကြားသူတွေ ကျေးဇူးတင်လေးမြတ်ကြတယ်။ ဒါပေမဲ့ ဗီဒီယိုခွေနဲ့ ဒီဗီဒီခွေတွေ များသထက်များလာတဲ့အခါ ဗီဒီယိုတွေကို အသုံးပြုရတာ သိပ်မလွယ်တော့ဘူး။ တစ်ခါတလေ ကျမ်းစာတစ်စောင်တည်းကိုတင် ရိုက်ကူးဖို့ ဒီဗီဒီခွေ အများကြီး သုံးရတယ်။ ဘရာဇီးနိုင်ငံက ညီအစ်ကို ဇီနာ အခုလို ပြန်ပြောင်းပြောပြတယ်- “ကျမ်းချက်တစ်ချက် ဖတ်ချင်ပြီဆိုရင် အဲဒီကျမ်းချက်ပါတဲ့ ဗီဒီယိုခွေကို ရှာရတယ်။ ပြီးရင် ကျမ်းချက်ကို ရှာရတယ်။ တော်တော်ခက်တယ်။” လက်သင်္ကေတပြဘာသာစကားနဲ့ ဒီဗီဒီခွေတွေကို အသုံးပြုခဲ့တဲ့ ညီအစ်မ ဟာဖာရာနီ အခုလို ပြောပြတယ်- “ကျမ်းချက်တွေ၊ အညွှန်းတွေကို ရှာဖို့ အချိန်အများကြီးကြာလို့ ကိုယ်ပိုင်လေ့လာမှုလုပ်ရတာ တအားပင်ပန်းတယ်။” အမှုဆောင်မှာဆိုလည်း ညီအစ်ကို/မတွေက ဒီဗီဒီခွေတွေ၊ ဗီဒီယိုခွေတွေ ယူသွားကြရတယ်။ စိတ်ဝင်စားသူတွေအိမ်က တီဗွီမှာ ပြရတယ်။ တချို့ညီအစ်ကိုတွေဆိုရင် ကိုယ်ပိုင် ဒီဗီဒီစက်ကိုတောင် ယူသွားကြတယ်။ နောက်ပိုင်းမှာ တီဗီဖန်သားပြင်လည်းပါတဲ့ သယ်ရလွယ် ဒီဗီဒီစက်လေးတွေပေါ်လာပြီး ညီအစ်ကို/မ အများစု သုံးခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုက ဘော်ဘီလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် အခုလိုပြောပြတယ် - “ကျမ်းချက်တစ်ချက်ပြပြီးလို့ နောက်တစ်ချက် ပြချင်တယ်ဆိုရင် နောက်အခွေတစ်ခုကို ပြောင်းရတယ်။ ဒါကြောင့် စကားပြောတဲ့အခါ ကျမ်းစာသုံးဖို့ အချိန်လည်းကုန်၊ ကရိကထလည်း များတယ်။”

၂၀၁၃ ခုနှစ်မှာ ယေဟောဝါရဲ့အဖွဲ့အစည်းက လက်သင်္ကေတပြဘာသာစကားနဲ့ JW Library Sign Language အက်ပ်ကို ထုတ်လုပ်ပေးခဲ့တဲ့အတွက် ညီအစ်ကို/မတွေဟာ လက်သင်္ကေတပြဗီဒီယိုတွေကို ကိုယ်ပိုင်ဖုန်း၊ တက်ဘလက်တွေမှာ ကူးယူကြည့်ရှုနိုင်ခဲ့တယ်။ အက်ပ်ကို အမေရိကန် လက်သင်္ကေတပြဘာသာစကားနဲ့ ဦးဆုံး ထုတ်လုပ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာတော့ အက်ပ်ကို အဆင့်မြှင့်တင်ပေးခဲ့လို့ ကျန်လက်သင်္ကေတပြဘာသာစကားအားလုံးလည်း သုံးနိုင်ပြီ။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ အတိုင်းထက်အလွန် ပျော်ခဲ့ကြတယ်။ ဘရာဇီးနိုင်ငံက ညီအစ်ကိုဂျူစီလီနို အခုလိုပြောတယ်- “ယုံတောင်မယုံနိုင်ဘူး။ အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်တို့လို နားမကြားသူတွေကို ဘယ်လိုမေတ္တာပြမလဲ၊ စကားပြောတတ်တဲ့သူတွေလို ကျွန်တော်တို့ကိုလည်း အမှန်တရားမှာ ဆက်တိုးတက်လာအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို အမြဲသိချင်ခဲ့တာ။ ကျွန်တော် တအားစိတ်လှုပ်ရှားတယ်။ ဒီအက်ပ်ကြောင့် ကျမ်းစာကို ပိုလေ့လာဖို့ လှုံဆော်ခံရတယ်။”

“ဒံယေလ- တစ်သက်တာလုံး ယုံကြည်သူ ​—⁠ အပိုင်း ၂” ဗီဒီယိုကို “JW Library Sign Language” အက်ပ်သုံးပြီး ညီအစ်မတစ်ယောက် ကြည့်ရှုနေစဉ်

JW Library Sign Language အက်ပ် အသုံးပြုခြင်း

အခုဆိုရင် လက်သင်္ကေတပြဘာသာစကားနဲ့ ဗီဒီယိုအားလုံးကို ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်လုပ်ပြီး ဝက်ဆိုက်နဲ့ JW Library Sign Language အက်ပ်မှာ တင်တယ်။ ဒါကြောင့် လက်သင်္ကေတပြဘာသာစကားနဲ့ စာပေတွေကို ရက်အနည်းငယ်အတွင်းမှာတင် ဘာသာပြန်၊ ရိုက်ကူး၊ ဖြန့်ချိနိုင်ပြီ။ လနဲ့ချီ၊ နှစ်နဲ့ချီ စောင့်နေစရာမလိုတော့ဘူး။ လက်သင်္ကေတပြဘာသာစကားအများစုအတွက် စာပေတွေကို စကားပြောဘာသာစကား စာပေတွေနဲ့အတူ တစ်ပြိုက်နက် ရနိုင်ကြပြီ။

နားမကြား ညီအစ်ကို/မတချို့ရဲ့ မှတ်ချက်တွေကို လေ့လာကြည့်ပါ။ ကလီဇီယာလို့ခေါ်တဲ့ ညီအစ်မတစ်ယောက် အခုလိုပြောပြတယ်- “အဖွဲ့အစည်းက နားမကြားသူတွေကို သိပ်ဂရုစိုက်ပေးလို့ ယုံကြည်ခြင်းခိုင်ခံ့စေတဲ့အချက်အလက်တွေကို အလွယ်တကူရနိုင်အောင် ပြင်ဆင်ပေးတယ်။ ကမ္ဘာပေါ်မှာ ဘယ်အရာကမှ ယေဟောဝါရဲ့အဖွဲ့အစည်း ကျွန်မတို့အတွက် လုပ်ပေးတာနဲ့ မနှိုင်းယှဉ်နိုင်ဘူး။ ညီအစ်ကိုဘလက်ဒီမာလည်း အခုလိုပြောတယ်- “ယေဟောဝါဘုရားက နားကြားသူတွေကို ဂရုစိုက်သလို နားမကြားသူတွေကိုလည်း ဂရုစိုက်တယ်ဆိုတာ ဗီဒီယိုတွေက သက်သေပြနေပါတယ်။”

ကျွန်တော်တို့ရဲ့ လက်သင်္ကေတပြဘာသာစကား ဗီဒီယိုတွေမှာ အခုလို မကြာခဏဖော်ပြထားတယ် - “ဒီစာပေဟာ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေနဲ့ ထုတ်ဝေဖြန့်ချိထားတာ ဖြစ်ပါတယ်။ ကမ္ဘာချီ ကျမ်းစာပညာပေး အစီအစဉ်မှာ ဒီစာပေလည်း အပါအဝင် ဖြစ်ပါတယ်။” သင်တို့ရဲ့ အလှူငွေထည့်ဝင်မှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ donate.jw.org မှာလည်း အလှူငွေတွေကို ထည့်ဝင်နိုင်ပါတယ်။ အလှူငွေတွေက လက်သင်္ကေတပြစာပေတွေ အပါအဝင် လူအားလုံးအတွက် ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ ထုတ်လုပ်ရာမှာ ထောက်ကူပေးပါတယ်။

a လက်သင်္ကေတပြဘာသာစကားဆိုတာ လက်၊ မျက်နှာအမူအရာကိုသုံးပြီး အကြည့်အမြင်နဲ့ဆက်သွယ်ရတဲ့ စကားဖြစ်တဲ့အတွက် ပုံနှိပ်စာပေအစား ဗီဒီယိုပုံစံနဲ့ စာပေတွေကို ထုတ်လုပ်တယ်။

b ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒေါ်လာက အမေရိကန်ဒေါ်လာကို ဆိုလိုတယ်။

လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့ရဲ့ မှတ်တိုင်များ

၁၉၉၂ ခုနှစ် - လက်သင်္ကေတပြဘာသာစကားနဲ့ ဦးဆုံး ဗီဒီယိုခွေကို ထုတ်ဝေတယ်။

၂၀၀၂ ခုနှစ် - လက်သင်္ကေတပြဘာသာစကားနဲ့ ဦးဆုံး ဒီဗီဒီကို ထုတ်ဝေတယ်။

၂၀၁၃ ခုနှစ် - JW Library Sign Language အက်ပ်ကို ထုတ်လုပ်တယ်။

၂၀၁၇ ခုနှစ် - JW Library Sign Language အက်ပ်ကို လက်သင်္ကေတပြဘာသာစကားအားလုံး သုံးလို့ရအောင် အဆင့်မြှင့်တင်တယ်။

၂၀၂၀ ပြည့်နှစ် - အမေရိကန် လက်သင်္ကေတပြဘာသာစကားနဲ့ ထုတ်ဝေတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းဟာ ကမ္ဘာ့ပထမဆုံး လက်သင်္ကေတပြကျမ်းစာ အပြည့်အစုံဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ