အောက်ခြေမှတ်ချက်
a PCBs (ပေါ်လီကလိုရာနိုတ်တက် ဘိုင်ဖီနိုင်) ကို ၁၉၃၀ ပြည့်လွန်နှစ်များကတည်းက အများအပြားသုံးစွဲကြပြီး စက်ဆီများ၊ ပလတ်စတစ်များ၊ လျှပ်ကာပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ အိုးခွက်ပန်းကန်ဆေးဆပ်ပြာရည်နှင့် အခြားထွက်ကုန်များတွင်အသုံးပြုနေသည့် အမျိုးပေါင်း ၂၀၀ ကျော်ထက်မကသော ဆီပါသည့်ဒြပ်ပေါင်းများနှင့်ဆက်နွှယ်လျက်ရှိ၏။ PCB ထုတ်ကုန်များကို နိုင်ငံများစွာတွင် ယခု ပိတ်ပင်ထားသော်လည်း တန်တစ်သန်းနှင့် တန်နှစ်သန်းကြားတွင် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ဝန်းကျင်ထဲသို့ အဆိပ်အတောက်သက်ရောက်မှုများသည် စွန့်ပစ်ထားသော PCBs မှဝင်ရောက်ခဲ့သည်။