အောက်ခြေမှတ်ချက်
a စိတ်ဝင်စားစရာမှာ၊ သမ္မာကျမ်းစာက ခရစ်ယာန်များ၏ စကားပြောဆိုပုံသည် ဝတ်ပြုကိုးကွယ်မှုနှင့် ခွဲခြား၍မရနိုင်ကြောင်း သတိပေးထားသည်။ ဤသို့ဆိုထား၏– “အကြင်သူသည် ဘုရား[သခင်ကို]ကြည်ညိုသည်ဟု ကိုယ်ကိုထင်သော်လည်း နှုတ်ကိုမချုပ်တည်းဘဲ မိမိနှလုံးကိုလှည့်ဖြား၏။ ထိုသူ၏ကြည်ညိုခြင်းသည် အချည်းနှီးသက်သက်ဖြစ်၏။”—ယာကုပ် ၁:၂၆၊ သမ္မာ။