အောက်ခြေမှတ်ချက်
c ပရိုတင်းထုတ်လုပ်ဖို့ အချက်အလက်မပါတဲ့ အာရ်အင်အေတွေဟာ တော်တော်လေး ခက်ခဲရှုပ်ထွေးပေမဲ့ ပုံမှန်ဖြစ်ပေါ်တိုးတက်မှုတွေအတွက်လည်း မရှိမဖြစ်လိုအပ်တယ်ဆိုပြီး မကြာသေးခင်ကပြုလုပ်တဲ့ သုတေသနပြုမှုမှာတွေ့ရတယ်။ အချက်အလက်မပါတဲ့အာရ်အင်အေ ချွတ်ယွင်းမှုက ကင်ဆာရောဂါတွေ၊ အရေပြားရောဂါတွေနဲ့ အယ်လ်ဇိုင်းမားရောဂါလို ရောဂါများစွာနဲ့ဆက်စပ်နေတတ်ကြောင်း သုတေသီတွေတွေ့ရှိကြတယ်။ အရင်တုန်းက “အသုံးမဝင်” ဘူးလို့ နာမည်ပေးထားတဲ့အရာဟာ ရောဂါအမျိုးမျိုးကို ရှာဖွေရာမှာနဲ့ ကုသရာမှာ အဓိကသော့ချက်တစ်ခုတောင် ဖြစ်နေနိုင်တယ်။