အောက်ခြေမှတ်ချက်
a “ညှိုးငယ်ခြင်း” ဟူ၍ ပြန်ဆိုသည့်ဂရိစကားလုံးမှာ နာကျင်စွာ၊ သို့မဟုတ် လေးနက်စွာ စိတ်ထိခိုက်သည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သောကြိယာ (အမ်.ဘရီ.မားအို.မိုင်) မှဆင်းသက်လာသည်။ ကျမ်းစာပညာရှင်တစ်ဦးက ဤသို့ဂရုပြုဖော်ပြထားသည်– “ဤနေရာ၌ ယေရှုသည် ပြင်းပြသည့်စိတ်လှုပ်ရှားမှု၏ ချုပ်ထိန်းခြင်းကိုခံလိုက်ရသဖြင့် ရင်ထဲမှညည်းညူသည့်အသံ အလိုအလျောက်ထွက်ပေါ်လာခြင်းဟူ၍သာ အဓိပ္ပာယ်ရှိနိုင်သည်။” “စိတ်ပူပန်ခြင်း” ဟူ၍ ဘာသာပြန်ဆိုထားသည့် အသုံးအနှုန်းမှာ စိတ်လှုပ်ရှားခြင်းကိုညွှန်းသည့် ဂရိစကားလုံး (တာ.ရားစ်စိုး) မှဆင်းသက်လာသည်။ အဘိဓာန်ပြုစုသူတစ်ဦး၏အလိုအရ ယင်းသည် “ရင်ထဲ၌ ဗယောက်ဗယက်ဖြစ်စေခြင်း၊ . . . ပြင်းပြသောနာကျင်မှု သို့မဟုတ် ပူဆွေးဝမ်းနည်းမှုဖြစ်စေခြင်း” ဟူ၍အဓိပ္ပာယ်ရှိသည်။ “မျက်ရည်ကျတော်မူ၏” ဟူသောအသုံးအနှုန်းမှာ “မျက်ရည်ထွက်သည်၊ အသံမထွက်ဘဲငိုကြွေးသည်” ဟူ၍ အဓိပ္ပာယ်ရသော ဂရိကြိယာ (ဒါ.ကရီးအို) မှဆင်းသက်လာသည်။