အောက်ခြေမှတ်ချက်
c “ကပ်ရောဂါ” ဟူ၍ ပြန်ဆိုသော ဟေဗြဲ စကားလုံးကို နူနာစွဲခြင်းနှင့်ပတ်သက်၍လည်း အသုံးပြုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၅:၅) အချို့သော ကျမ်းပညာရှင်များ၏ အဆိုအရ ဂျူးအချို့သည် မေရှိယကို နူနာရောဂါသည်တစ်ဦး ဖြစ်မည် ဟူ၍ ဟေရှာယ ၅၃:၄ မှ ယူဆဖော်ပြခဲ့ကြသည်။ ဗာဗုလုန် တာလ်မွဒ်ကျမ်းတွင် ယင်းအခန်းငယ်ကို မေရှိယနှင့် ဆက်စပ်ဖော်ပြကာ ကိုယ်တော်ကို “အနူရောဂါသည် ကျမ်းတတ်” ဟု ခေါ်ဆိုထားသည်။ ကက်သလစ် ဒူးဝေးဘာသာပြန်ကျမ်းသည် လက်တင်ဗားလ်ဂိတ်ကျမ်းကို မှီငြမ်းကာ ဤအခန်းငယ်ကို ဤသို့ ပြန်ဆို၏– “ထိုသူကို နူနာရောဂါသည်တစ်ဦး ဖြစ်သည်ဟု ငါတို့ ထင်မှတ်ကြပြီ။”