အောက်ခြေမှတ်ချက်
b ခါနာန်လူမျိုးတို့၏ ဝတ်ပြုရာကျောင်းများတွင် သံဝါသပြုဖို့အတွက် သီးသန့်အခန်းများ ထားပေးသည်၊ မောရှေ၏ပညတ္တိကျမ်းမူကား ညစ်ညူးသောအခြေအနေတွင်ရှိသူတို့သည် ဝတ်ပြုရာအိမ်တော်ထဲ ဝင်ခွင့်ပင်မရှိဟုဆိုသည်။ သို့ဖြစ်၍ သံဝါသပြုခြင်းက မစင်ကြယ်သောအချိန်ရှိစေရာ ယေဟောဝါ၏အိမ်တော်တွင် ပညတ်လိုက်နာသူ မည်သူတစ်ဦးတစ်ယောက်ကမျှ သံဝါသပြုခြင်းကို ဝတ်ပြုရေး၏တစ်စိတ်တစ်ပိုင်း မဖြစ်စေနိုင်ချေ။