အောက်ခြေမှတ်ချက်
a ရှေးခေတ်ကျမ်းရေးသူ၊ သို့မဟုတ် ဆော့ဖရင်တို့က ဤအခန်းငယ်၌ နိမ့်စွာကိုင်းညွတ်သူမှာ ယေဟောဝါမဟုတ်ဘဲ ယေရမိဖြစ်သည်ဟုဆိုကြ၏။ ထိုသို့ နှိမ့်ချသောအပြုအမူကို ဘုရားသခင်ပြုရန်မသင့်တော်ဟု သူတို့ယူဆကြ၍ဖြစ်မည်။ ယင်းကြောင့် ဘာသာပြန်ကျမ်းများစွာက ဤနှစ်လို့ဖွယ်ကောင်းလှသောအခန်းငယ်ကို သဘောမပေါက်ကြချေ။ သို့သော် ဘုရားသခင်အား ယေရမိက “သတိရတော်မူပါ၊ အိုသတိရတော်မူပါ! အကျွန်ုပ်ထံ ကိုင်းညွတ်တော်မူပါ” ဟုပြောဆိုကြောင်း အင်္ဂလိပ်ကျမ်းစာသစ်က တိကျမှန်ကန်စွာပြန်ဆိုထားသည်။