အောက်ခြေမှတ်ချက်
a မိမိနောက် လိုက်သူတိုင်း ပိုင်ဆိုင်သမျှ စွန့်ဖို့ ယေရှု မတောင်းဆိုဘူး။ ချမ်းသာသူတွေ ဘုရားနိုင်ငံတော် ဝင်ဖို့ ခက်တယ်လို့ ပြောပေမဲ့ “ဘုရားသခင်အတွက် အရာအားလုံး ဖြစ်နိုင်တယ်” လို့ ဆက်ပြောတယ်။ (မာကု ၁၀:၂၃၊ ၂၇) ယေရှုရဲ့ နောက်လိုက်တွေထဲမှာ လူချမ်းသာတွေလည်း ပါတယ်။ စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး မျှတတဲ့ သဘောထား ရှိဖို့ တောင်းဆိုခံရပေမဲ့ ပိုင်ဆိုင်သမျှ ဆင်းရဲသားတွေကို လှူရမယ်လို့တော့ တောင်းဆိုမခံရကြဘူး။—၁ တိမောသေ ၆:၁၇။