အောက်ခြေမှတ်ချက်
b နှစ်အနည်းငယ် ကြာပြီးနောက် တမန်တော် ပေါလု ရေးသားခဲ့တဲ့ ဟီဘရူးကျမ်းမှာ ပဋိညာဉ်သစ်ရဲ့ သာလွန်မြင့်မြတ်မှုအကြောင်း ရှင်းပြထားတယ်။ ပဋိညာဉ်ဟောင်းကို ပဋိညာဉ်သစ်နဲ့ အစားထိုးလိုက်ပြီ ဖြစ်ကြောင်း စာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ပေါလုရဲ့ ပိုင်နိုင်တဲ့ ကျိုးကြောင်းဆင်ခြင်မှုဟာ မောရှေပညတ် စွဲကိုင်ထားတဲ့ ဂျူးတွေကို ချေပနိုင်ဖို့ ယုံကြည်လက်ခံနိုင်တဲ့ အကြောင်းပြချက်တွေ ပေးတဲ့အပြင် မောရှေပညတ်ကို အလေးအနက်ထားလွန်းတဲ့ ခရစ်ယာန်တချို့ကိုလည်း ယုံကြည်ခြင်း ခိုင်ခံ့စေခဲ့တယ်။—ဟီဘရူး ၈:၇-၁၃။