အောက်ခြေမှတ်ချက်
c အဲဒီလေးယောက်ဟာ နာဇရိ သစ္စာကတိ ပြုထားသူတွေ ဖြစ်တယ်လို့ ကျမ်းပညာရှင်တွေ ဆိုတယ်။ (တော. ၆:၁-၂၁) ဒီလို သစ္စာကတိပြုခြင်း ပါဝင်တဲ့ မောရှေပညတ် ပျက်ပြယ်သွားပြီ။ ဒါပေမဲ့ ယေဟောဝါဆီ ပေးထားတဲ့ သစ္စာကတိကို အဲဒီအမျိုးသားတွေ တည်တာ မမှားဘူးလို့ ပေါလု ယူဆတယ်။ ဒါကြောင့် သူတို့အတွက် ကုန်ကျစရိတ် ခံတာ၊ သူတို့နဲ့အတူ လုပ်ဆောင်တာ မမှားဘူး။ ဘာသစ္စာကတိ ပြုခဲ့ကြောင်း ကျွန်တော်တို့ အတိအကျ မသိပေမဲ့ အပြစ်ကို သန့်ရှင်းစေမယ်အထင်နဲ့ (နာဇရိလူတွေ လုပ်တဲ့အတိုင်း) တိရစ္ဆာန်ယဇ်ကို ပေါလု ပူဇော်မှာတော့ မဟုတ်ဘူး။ အခု၊ ခရစ်တော်ရဲ့ စုံလင်တဲ့ ခန္ဓာကိုယ်ကို ပူဇော်သက္ကာအဖြစ် ဆက်သပြီး ဖြစ်လို့ တိရစ္ဆာန် ပူဇော်သက္ကာတွေဟာ အပြစ်ဖြေနိုင်စွမ်း မရှိတော့ဘူး။ ပေါလု ဘာလုပ်တယ်ဆိုတာ အသေးစိတ် မသိရပေမဲ့ အမှားအမှန်သိစိတ် ထိခိုက်စေမယ့်အရာကို လုပ်မှာ မဟုတ်မှန်း ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။