အောက်ခြေမှတ်ချက်
b မိမိတို့လူမျိုး “အေးချမ်းသာယာစွာ” နေထိုင်ရတဲ့အတွက် ဖေလဇ်မင်းကို တေရတုလု ကျေးဇူးတင်စကား ဆိုတယ်။ တကယ်တော့ ရောမကို ပုန်ကန်ချိန်အထိ ယုဒနယ်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်ခံတွေလက်ထက်နဲ့ ယှဉ်ရင် ဖေလဇ်မင်းလက်ထက်မှာ ဆူပူအုံကြွမှုတွေ ပိုများတယ်။ ဒါ့အပြင် ဖေလဇ်မင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ဂျူးတွေ “အထူးကျေးဇူးတင်ကြောင်း” ပြောတာလည်း လုံးဝ မှားတယ်။ တကယ်တော့ ဖေလဇ်မင်းဟာ ဂျူးတွေကို တအား ဖိနှိပ်ပြီး တော်လှန်ပုန်ကန်မှုတွေကို ရက်ရက်စက်စက် နှိမ်နင်းလို့ ဂျူးတွေ မုန်းနေကြတာ။—တ. ၂၄:၂၊ ၃။