အောက်ခြေမှတ်ချက်
c ဒေသခံဥပဒေတွင် တစ်စုံတစ်ရာတောင်းဆိုချက်မရှိပါက ဘုရားသခင်ကိုဂုဏ်တင်သော အောက်ပါကတိကဝတ်ကို အသုံးပြုကြသည်။ သတို့သားအတွက်– “ကျွန်တော် [သတို့သားအမည်] သည် အသင် [သတို့သမီးအမည်] ကို ထိမ်းမြားထားသောဇနီးအဖြစ် လက်ထပ်ယူပြီး ဘုရားသခင့်အိမ်ထောင်ရေးအစီအစဉ်အရ မြေကြီးပေါ်တွင် အတူတကွအသက်ရှင်နေမည့်ကာလပတ်လုံး ခရစ်ယာန်ခင်ပွန်းများအတွက် သမ္မာကျမ်းစာတွင်ချမှတ်ထားသည့် ဘုရားသခင့်ပညတ်တော်နှင့်အညီ ချစ်ခင်၍ မြတ်နိုးသွားမည်။” သတို့သမီးအတွက်– “ကျွန်မ [သတို့သမီးအမည်] သည် အသင် [သတို့သားအမည်] ကို ထိမ်းမြားထားသောခင်ပွန်းအဖြစ် လက်ထပ်ယူပြီး ဘုရားသခင့်အိမ်ထောင်ရေးအစီအစဉ်အရ မြေကြီးပေါ်တွင် အတူတကွအသက်ရှင်နေမည့်ကာလပတ်လုံး ခရစ်ယာန်ဇနီးများအတွက် သမ္မာကျမ်းစာတွင်ချမှတ်ထားသည့် ဘုရားသခင့်ပညတ်တော်နှင့်အညီ ချစ်ခင်၍ မြတ်နိုးပြီး နက်ရှိုင်းစွာ လေးစားသွားပါမည်။”