အောက်ခြေမှတ်ချက်
b ယောနသည် အိပ်မောကျစဉ် ဟောက်သံပင်ထွက်နေသည်ဟု စက်ပ်တွားဂျင့်ကျမ်းက အလေးပေးဖော်ပြထားသည်။ ထိုသို့အိပ်မောကျသွားသောကြောင့် ယောနသည် အခြေအနေကို လျစ်လျူရှုနိုင်လွန်းရာကျသည်ဟု ကျွန်ုပ်တို့ ကောက်ချက်မချသင့်ချေ၊ စိတ်ဓာတ်ကျနေချိန်တွင် အိပ်ချင်စိတ်ကို တစ်ခါတစ်ရံ မထိန်းချုပ်နိုင်ကြောင်း အမှတ်ရသင့်သည်။ ဂေသရှေမန်ဥယျာဉ်တွင် ယေရှုဝေဒနာပြင်းစွာခံစားရစဉ် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် “ဝမ်းနည်း၍ အိပ်ပျော်” သွားခဲ့ကြသည်။—လုကာ ၂၂:၄၅။