အောက်ခြေမှတ်ချက်
b ဤနေရာတွင် ပေတရုရည်ညွှန်းခဲ့သည့် မြေကြီးမှာ ပုံဆောင်မြေကြီးဖြစ်သည်။ သမ္မာကျမ်းစာ၏ အခြားနေရာတွင်လည်း မြေကြီးကို ပုံဆောင်အဖြစ် ဖော်ပြထားသည်။ ကျမ်းစာတွင် ဤသို့ ဖော်ပြထားသည်– “မြေကြီးသည် ဝမ်းမြောက်၍ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။” (ဆာလံ ၉၇:၁) ပကတိမြေကြီးသည် “ဝမ်းမြောက်” နိုင်မည်မဟုတ်သကဲ့သို့ ဖျက်ဆီးခံရမည်လည်း မဟုတ်ချေ။ ပေတရု ဖော်ပြခဲ့သည့်အတိုင်း မြေကြီးဟူသည် ဖျက်ဆီးခံရမည့် ဆိုးညစ်သူတို့ကို ရည်ညွှန်းနေခြင်းဖြစ်သည်။