အောက်ခြေမှတ်ချက်
b ဝတ်ပြုရာတဲတော်သည် သစ်သားဘောင်ဖြင့် ပြုလုပ်ထားသော ထောင့်မှန်စတုဂံပုံ တဲရှင်ဖြစ်သည်။ တဲတော်ကို အကောင်းဆုံးပစ္စည်းများဖြစ်သော တဟာရှသားရေ၊ အလှပန်းထိုးထားတဲ့ ပိတ်ထည်များ၊ ရွှေရည်၊ ငွေရည်စိမ်ထားတဲ့ တန်ဖိုးကြီးသစ်များဖြင့် ဆောက်လုပ်ထားသည်။ ထောင့်မှန်စတုဂံပုံ ဝင်းထဲတွင် တဲတော်အပြင် ယဇ်ပူဇော်ရန် ယဇ်စင်မြင့်ကြီးတစ်ခုလည်း ရှိသည်။ အတန်ကြာသော် ဝတ်ပြုရာတဲတော်တွင် ယဇ်ပုရောဟိတ်များ အသုံးပြုရန် အခြားအခန်းများ ဖွဲ့ထားပေးသည်။ ထို့ကြောင့် ရှမွေလသည် အခန်းတစ်ခန်းတွင် အိပ်ခဲ့ပုံရပေမည်။