အောက်ခြေမှတ်ချက်
a ယေရှုပြောပြတဲ့ ပုံဥပမာက ဂျူးလူမျိုးရဲ့ ဓလေ့ထုံးစံကို ဖော်ပြတယ်။ ဂျူးတွေဟာ ဧည့်ဝတ်ပြုခြင်းကို အလွန်အရေးကြီးတဲ့ တာဝန်တစ်ရပ်အဖြစ် ရှုမြင်ကြတယ်။ မိသားစုတွေဟာ တစ်နေ့စာအတွက်ပဲ မုန့်တွေကို ဖုတ်ထားကြတယ်။ စားစရာမရှိတော့ဘူးဆိုရင် သူများဆီက မုန့်နည်းနည်း ချေးတတ်ကြတယ်။ ဒါ့အပြင် မိသားစုက ဆင်းရဲတယ်ဆိုရင် အခန်းတစ်ခန်းထဲမှာပဲ ကြမ်းပြင်ပေါ် အတူတူအိပ်ကြတယ်။