အောက်ခြေမှတ်ချက်
b ရှေးဟောင်းသုတေသီတွေဟာ ရှိနာပြည်တစ်ဝိုက်မှာ ပိရမစ်နဲ့တူတဲ့ ဗိမာန်မျှော်စင်တွေကို တွေ့ရှိခဲ့ကြတယ်။ ဘေဘယ်လ်ရဲတိုက် ဆောက်လုပ်တဲ့သူတွေဟာ ကျောက်အစား အုတ်၊ အင်္ဂတေအစား ကတ္တရားစေးကို သုံးတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁၁:၃၊ ၄) ဗြိတိန်နီကာစွယ်စုံကျမ်းသစ် ကလည်း မက်ဆိုပိုးတေးမီးယားဒေသမှာ ကျောက်တုံးတွေ အတော့်ကိုရှားပါးတယ် ဒါမှမဟုတ် လုံးဝမတွေ့ရဘူး၊ ဒါပေမဲ့ ကတ္တရားစေးကို နေရာအနှံ့မှာ တွေ့နိုင်ကြောင်း ရှင်းပြတယ်။