အောက်ခြေမှတ်ချက်
a နောက်ဆုံးကာလရဲ့ နိမိတ်နဲ့ပတ်သက်ပြီး ယေရှု ပုံဥပမာများစွာ ပြောခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဦးဆောင်မယ့် ဘိသိက်ခံ အုပ်စုငယ်လေးဖြစ်တဲ့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အကြောင်း ဦးဆုံးပြောခဲ့တာ စိတ်ဝင်စားစရာပဲ။ (မ. ၂၄:၄၅-၄၇) ပြီးတဲ့နောက် ဘိသိက်ခံအားလုံးနဲ့သက်ဆိုင်တဲ့ ပုံဥပမာတွေကို ပြောခဲ့တယ်။ (မ. ၂၅:၁-၃၀) နောက်ဆုံး၊ ခရစ်တော်ရဲ့ ညီတွေကို ကူညီပေးမယ့် မြေကြီးမျှော်လင့်ချက်ရှိသူတွေအကြောင်း ပြောခဲ့တယ်။ (မ. ၂၅:၃၁-၄၆) အဲဒီလိုပဲ ယေဇကျေလပရောဖက်ပြုချက်ရဲ့ ဒီနေ့ခေတ်ပြည့်စုံမှုဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေနဲ့ ဦးဆုံး သက်ဆိုင်တယ်။ ဆယ်နွယ်နိုင်ငံဟာ မြေကြီးမျှော်လင့်ချက်ရှိသူတွေကို ပုံဆောင်လေ့မရှိပေမဲ့ ပရောဖက်ပြုချက်မှာ ဖော်ပြထားတဲ့ ပေါင်းစည်းမှုဟာ မြေကြီးမျှော်လင့်ချက်ရှိသူတွေနဲ့ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေရဲ့ စည်းလုံးမှုကို အမှတ်ရစေတယ်။