အောက်ခြေမှတ်ချက်
a ကျမ်းပညာရှင် တချို့က ကျမ်းရင်းဝင်မဟုတ်တဲ့ အပေါခရစ်ဖာကျမ်းထဲက ဧနောက်ဝတ္ထုကို ယုဒကိုးကားခဲ့တယ်ဆိုပြီး ဝေဖန်ကြတယ်။ ဒါပေမဲ့ အဲဒီဝတ္ထုဟာ ဇာစ်မြစ်မသေချာဘဲ တလွဲဖော်ပြထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲမှာ ဧနောက်ရဲ့ ကြိုဟောချက်ကို တိတိကျကျဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီကြိုဟောချက်ဟာ ဒီနေ့ခေတ်မှာ မရှိတော့တဲ့ ရှေးဟောင်းမှတ်တမ်းမှတ်ရာတွေနဲ့ နှုတ်တိုက်လက်ဆင့်ကမ်းထားတဲ့ အချက်အလက်တွေကနေ ထုတ်နုတ်ထားတာဖြစ်နိုင်တယ်။ ယုဒက အဲဒီရှေးဟောင်းမှတ်တမ်းတွေကို ကိုးကားခဲ့တာဖြစ်နိုင်သလို ဧနောက်အကြောင်း ယေရှုဆီကနေ သိခဲ့ရတာတွေကို ဖော်ပြတာလည်း ဖြစ်နိုင်တယ်။ ယေရှုက ဧနောက်အသက်ရှင်ခဲ့တာကို ကောင်းကင်ကနေ မြင်တွေ့ခဲ့လို့ ဖြစ်တယ်။