အောက်ခြေမှတ်ချက်
b စာရာဟာ အာဗြဟံရဲ့ အဖေတူ အမေကွဲ ညီမဖြစ်တယ်။ (ကမ္ဘာဦး ၂၀:၁၂) အခုခေတ်မှာ အဖေတူ အမေကွဲ ညီမနဲ့ လက်ထပ်တာဟာ မသင့်တော်ဘူး။ အဲဒီခေတ်တုန်းက အခုခေတ်နဲ့ မတူဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ လူသားတွေဟာ အာဒံနဲ့ ဧဝ ရရှိပြီး ဆုံးရှုံးခဲ့တဲ့ စုံလင်မှုနဲ့ နီးနေသေးတယ်။ ကျန်းမာကြံ့ခိုင်တဲ့လူတွေ သွေးနီးသူချင်း လက်ထပ်လိုက်လို့ မွေးလာတဲ့ကလေး မျိုးရိုးဗီဇချို့ယွင်းတဲ့ အန္တရာယ် မရှိနိုင်ဘူး။ နောက်အနှစ် ၄၀၀ လောက်အကြာမှာ လူတွေဟာ စုံလင်မှုနဲ့ အလှမ်းဝေးသွားပြီ။ အဲဒီအချိန်မှာတော့ သွေးနီးသူချင်း ပေါင်းဖက်တာကို မောရှေပညတ်က တားမြစ်တယ်။—ဝတ်ပြုရာ ၁၈:၆။