အောက်ခြေမှတ်ချက်
a ရှေးအစ္စရေးပြည်မှာ လွတ်လပ်ခွင့် ရကြောင်း ကြေညာဖို့ အထူးအစီအစဉ်တစ်ခုကို ယေဟောဝါ ပြုလုပ်ခဲ့တယ်။ အဲဒါကတော့ ယုဘိလ၊ တစ်နည်းအားဖြင့် လွတ်လပ်ခွင့်ရတဲ့နှစ် ဖြစ်တယ်။ ခရစ်ယာန်တွေဟာ မောရှေပညတ်အောက်မှာ မရှိပေမဲ့ ယုဘိလဟာ ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတယ်။ ရှေးယုဘိလ နှစ်ဟာ ကျွန်တော်တို့အတွက် ယေဟောဝါရဲ့ ပြင်ဆင်ပေးချက်တစ်ခုကို ဘယ်လို အမှတ်ရစေကြောင်း၊ အဲဒီပြင်ဆင်ပေးချက်ကနေ ဘယ်လို အကျိုးရနိုင်ကြောင်း ဒီဆောင်းပါးမှာ လေ့လာပါမယ်။