ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဒီအပတ်
ဇူလိုင် ၁၄-၂၀
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်—၂၀၂၅ | ဇူလိုင်

ဇူလိုင် ၁၄-၂၀

ပညာအလိမ္မာ ၂၂

သီချင်း ၇၉ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ သားသမီးပြုစုပျိုးထောင်ဖို့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ

(၁၀ မိ.)

ဘဝအခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် သားသမီးတွေကို ပြင်ဆင်ပေးပါ (ပ ၂၂:၃။ က၂၀.၁၀ ၂၇ ပိုဒ်. ၇)

မွေးကင်းစအရွယ်က စပြီး လေ့ကျင့်ပေးပါ (ပ ၂၂:၆။ က၁၉.၁၂ ၂၆ ပိုဒ်. ၁၇-၁၉)

မေတ္တာနဲ့ ဆုံးမပဲ့ပြင်ပါ (ပ ၂၂:၁၅။ က၀၆ ၄/၁ ၉ ပိုဒ်. ၄)

ဖခင်က ကျမ်းစာသုံးပြီး သမီးကို ကြင်ကြင်နာနာ ရှင်းပြပေးနေ။ တက်ဘလက်မှာ ဆင့်ကဲဖြစ်စဉ်အကြောင်း ရုပ်ပုံ မြင်ရ

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ပ ၂၂:၂၉—ဒီကျမ်းပိုဒ်ကို အသင်းတော်မှာ ဘယ်လိုကျင့်သုံးနိုင်သလဲ။ ဘာအကျိုးကျေးဇူးတွေ ရမလဲ။ (က၂၁.၀၈ ၂၂ ပိုဒ်. ၁၁)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

(၄ မိ.) ပ ၂၂:၁-၁၉ (th သင်ခန်းစာ ၁၀)

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှတစ်အိမ်။ (lmd သင်ခန်းစာ ၅ အချက် ၄)

၅။ စကားစမြည် စပြောခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ မိဘတွေအတွက် အထောက်အကူပြုမယ့် အကြောင်းအရာတွေ jw.org မှာ ရှာနိုင်ပုံကို ပြပေးပါ။ (lmd သင်ခန်းစာ ၁ အချက် ၄)

၆။ ဟောပြောချက်

(၅ မိ.) ijwyp ဆောင်းပါး ၁၀၀—အဓိကအကြောင်း– အိမ်စည်းကမ်း ချိုးဖောက်မိရင် ဘာလုပ်ရမလဲ။ (th သင်ခန်းစာ ၂၀)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၃၄

၇။ စိတ်ရှည်ပါ၊ ဒါပေမဲ့ လွှတ်မထားပါနဲ့

(၁၅ မိ.) ဆွေးနွေးပါ။

သားသမီးတွေကို ပြုစုပျိုးထောင်ရတာက စိတ်ရှည်မှု အတော်လိုအပ်တယ်။ သူတို့ကို ဂရုစိုက်ပေးဖို့၊ အချိန်ပေးဖို့ လိုတယ်။ (တရ ၆:၆၊ ၇) သားသမီးတွေရဲ့ စိတ်ထဲ ဘာရှိနေသလဲဆိုတာ သိဖို့ မေးခွန်းတွေ မေးပါ၊ ပြောလာတာတွေကို ကောင်းကောင်း နားထောင်ပါ။ (ပ ၂၀:၅) အချက်တစ်ခုကို သားသမီးတွေ သဘောပေါက်ပြီး အဲဒီအတိုင်း လုပ်ဖို့ဆိုရင် မိဘတွေဘက်က အကြိမ်ကြိမ် သွန်သင်ပေးဖို့ လိုပါလိမ့်မယ်။

မိဘတွေဟာ စိတ်ရှည်ရမယ်ဆိုပေမဲ့ သားသမီးကို ဒီအတိုင်း လွှတ်ပေးထားလို့ မဖြစ်ဘူး။ သားသမီးတွေကို စည်းမျဉ်းတွေ ချမှတ်ပေးဖို့၊ မနာခံတဲ့အခါ ဆုံးမဖို့ မိဘတွေကို ယေဟောဝါ ခွင့်ပေးထားတယ်။—ပ ၆:၂၀။ ၂၃:၁၃။

ဧဖက် ၄:၃၁ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • မိဘတွေက သားသမီးတွေကို ဒေါသနဲ့ ဘာကြောင့် မဆုံးမသင့်သလဲ။

ဂလာတိ ၆:၇ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • လုပ်ရပ်တိုင်းအတွက် အကျိုးဆက်ရှိတယ်ဆိုတာကို သားသမီးတွေ နားလည်အောင် သင်ပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။

“ ‘စိတ်ရှည်ပါ။ အချင်းချင်း မေတ္တာထားပြီး သည်းခံပါ’—သားသမီးတွေကို” ဗီဒီယိုထဲက ပြကွက်။ မက်စ်က သမီးဖြစ်သူ ဆူး ပြောတာတွေကို စိတ်ရှည်ရှည် နားထောင်နေ

“စိတ်ရှည်ပါ။ အချင်းချင်း မေတ္တာထားပြီး သည်းခံပါ”—သားသမီးတွေကို သရုပ်ဖော် ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ဗီဒီယိုကနေ ဘာသင်ခန်းစာတွေ ရသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

(၃၀ မိ.) lfb “အုပ်ချုပ်ရေးအဖွဲ့ဆီကစာ၊” အပိုင်း ၁ နိဒါန်း၊ သင်ခန်းစာ ၁

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၆ နဲ့ ဆုတောင်းချက်

မာတိကာ
ကင်းမျှော်စင် (လေ့လာရန် စာစောင်)—၂၀၂၅ | မေ

လေ့လာရန် ဆောင်းပါး ၁၉– ဇူလိုင် ၁၄-၂၀၊ ၂၀၂၅

၂ သစ္စာရှိ ကောင်းကင်တမန်တွေကို အတုယူပါ

နောက်ထပ်ဖတ်ရှုစရာများ

ဒီစာစောင်မှ နောက်ထပ်ဆောင်းပါးများ

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ