ကမ္ဘာဦး
၁၁ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေဟာ ဘာသာစကား တစ်မျိုးတည်း၊ စကားအသုံးအနှုန်း တစ်မျိုးတည်း ပြောကြတယ်။ ၂ အရှေ့အရပ်ကို လူတွေ ခရီးသွားတဲ့အခါ ရှိနာပြည်မှာ+ ချိုင့်ဝှမ်းလွင်ပြင်တစ်ခုကို တွေ့ပြီး အဲဒီမှာ အခြေချနေထိုင်တယ်။ ၃ သူတို့က “အုတ်တွေ ဖုတ်ကြစို့” လို့ပြောတယ်။ ကျောက်အစား အုတ်၊ အင်္ဂတေအစား ကတ္တရာစေးကို သုံးကြတယ်။ ၄ ပြီးတော့ “မြို့တစ်မြို့ တည်ကြစို့။ မိုးထိအောင်မြင့်တဲ့ ရဲတိုက်ကို ဆောက်ပြီး နာမည်ကျော်အောင် လုပ်ကြစို့။ ဒီလိုမှမလုပ်ရင် ငါတို့ ကမ္ဘာမြေအနှံ့ ကွဲလွင့်ကုန်မယ်” လို့ပြောကြတယ်။+
၅ ယေဟောဝါက လူတွေ မြို့နဲ့ရဲတိုက် တည်ဆောက်နေတာကို သတိပြုမိတယ်။ ၆ ဒါကြောင့် ယေဟောဝါက “သူတို့တစ်တွေ လူတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်း+ ဖြစ်နေလို့ ဒီလိုလုပ်နေကြတာပါလား။ ဒီလိုသာဆိုရင် သူတို့စိတ်ကူးထားတဲ့အတိုင်း လုပ်နိုင်တော့မှာပဲ။ ၇ ဒီတော့ ငါတို့+ ဆင်းသွားပြီး သူတို့အချင်းချင်း နားမလည်စေဖို့ ဘာသာစကားကို ရှုပ်ထွေးအောင် လုပ်ကြစို့” လို့ပြောတယ်။ ၈ ယေဟောဝါက သူတို့ကို ကမ္ဘာမြေအနှံ့ ကွဲလွင့်စေတဲ့အတွက်+ မြို့တည်ဆောက်တဲ့လုပ်ငန်း ရပ်စဲသွားတယ်။ ၉ ယေဟောဝါက လူတွေရဲ့ဘာသာစကားကို ရှုပ်ထွေးစေခဲ့တယ်။ ယေဟောဝါက သူတို့ကို ကမ္ဘာမြေအနှံ့ ကွဲလွင့်စေခဲ့တယ်။ ဒါကြောင့် အဲဒီမြို့ဟာ ဘေဘယ်*+ လို့ နာမည်တွင်သွားတယ်။
ရေလွှမ်းမိုးဘေးပြီးနောက် နှစ်နှစ်အကြာ၊ ရှေမ အသက် ၁၀၀ ရှိတဲ့အခါ သားအာဖာဇဒ်ကို+ ရတယ်။ ၁၁ အာဖာဇဒ်ကို ရပြီးနောက် အနှစ် ၅၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။+
၁၂ အာဖာဇဒ်ဟာ အသက် ၃၅ နှစ်မှာ သားရှေလကို ရတယ်။+ ၁၃ ရှေလကို ရပြီးနောက် ၄၀၃ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။
၁၄ ရှေလဟာ အသက် ၃၀ မှာ သားဧဗာကို ရတယ်။+ ၁၅ ဧဗာကို ရပြီးနောက် ၄၀၃ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။
၁၆ ဧဗာဟာ အသက် ၃၄ နှစ်မှာ သားဖာလက်ကို ရတယ်။+ ၁၇ ဖာလက်ကို ရပြီးနောက် အနှစ် ၄၃၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။
၁၈ ဖာလက်ဟာ အသက် ၃၀ မှာ သားရာဂေါကို ရတယ်။+ ၁၉ ရာဂေါကို ရပြီးနောက် ၂၀၉ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။
၂၀ ရာဂေါဟာ အသက် ၃၂ နှစ်မှာ သားစေရတ်ကို ရတယ်။ ၂၁ စေရတ်ကို ရပြီးနောက် ၂၀၇ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။
၂၂ စေရတ်ဟာ အသက် ၃၀ မှာ သားနာခေါ်ကို ရတယ်။ ၂၃ နာခေါ်ကို ရပြီးနောက် အနှစ် ၂၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။
၂၄ နာခေါ်ဟာ အသက် ၂၉ နှစ်မှာ သားတေရကို ရတယ်။+ ၂၅ တေရကို ရပြီးနောက် ၁၁၉ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်းရသေးတယ်။
၂၆ တေရဟာ အနှစ် ၇၀ အသက်ရှင်ပြီးနောက် သားအာဗြံ၊+ နာခေါ်၊+ ခါရန်ကို ရတယ်။
၂၇ တေရရဲ့သမိုင်းမှတ်တမ်း။
တေရရဲ့သားတွေက အာဗြံ၊ နာခေါ်၊ ခါရန်။ ခါရန်သားက လောတ။+ ၂၈ ခါရန်က ဖခင်တေရ အသက်ရှင်နေတုန်း မွေးရပ်မြေ ခါလဒဲပြည်၊+ ဥရမြို့မှာ+ သေဆုံးသွားတယ်။ ၂၉ အာဗြံနဲ့ နာခေါ်လည်း အိမ်ထောင်ကျတယ်။ အာဗြံရဲ့မိန်းမက စာရဲ။+ နာခေါ် ရဲ့မိန်းမက ခါရန်သမီး မိလခါ။+ မိလခါနဲ့ အိဆခါတို့ဟာ ခါရန်ရဲ့သမီးတွေပဲ။ ၃၀ စာရဲက မြုံနေလို့+ သားသမီးမရှိဘူး။
၃၁ အဲဒီနောက် တေရဟာ သားအာဗြံ၊ ချွေးမစာရဲ၊ ခါရန်ရဲ့သား မြေးလောတကိုခေါ်ပြီး+ ခါလဒဲပြည်၊ ဥရမြို့ကနေ ခါနန်ပြည်ကို+ ထွက်သွားတယ်။ ခါရန်မြို့ကို+ ရောက်တဲ့အခါ အဲဒီမှာ နေထိုင်ကြတယ်။ ၃၂ တေရက အသက် ၂၀၅ နှစ်ရောက်တော့ ခါရန်မြို့မှာ သေဆုံးသွားတယ်။