ထွက်မြောက်ရာ
၃၇ ဗေဇလေလက+ အလျားနှစ်တောင်ခွဲ၊ အနံတစ်တောင်ခွဲ၊ အမြင့်တစ်တောင်ခွဲရှိတဲ့+ သေတ္တာကို+ ရှားသားနဲ့လုပ်တယ်။ ၂ သေတ္တာအတွင်းအပြင်ကို ရွှေစင်နဲ့ ရွှေချပြီး အပေါ်နားပတ်လည်မှာ ရွှေအနားကွပ်ကို လုပ်တယ်။+ ၃ ရွှေကွင်းလေးကွင်း သွန်းလုပ်ပြီး သေတ္တာရဲ့ခြေလေးချောင်း အပေါ်နား၊ ဘေးတစ်ဖက်စီမှာ နှစ်ကွင်းစီတပ်တယ်။ ၄ ထမ်းပိုးတွေကို ရှားသားနဲ့လုပ်၊ ရွှေချပြီးနောက်၊+ ၅ သေတ္တာထမ်းဖို့ သေတ္တာဘေးနှစ်ဖက်မှာရှိတဲ့ ကွင်းတွေထဲ လျှိုထားလိုက်တယ်။+
၆ အဲဒီနောက် အလျားနှစ်တောင်ခွဲ၊ အနံတစ်တောင်ခွဲရှိတဲ့ သေတ္တာအဖုံးကို ရွှေစင်နဲ့လုပ်တယ်။+ ၇ အဖုံးရဲ့အစွန်နှစ်ဖက်မှာ ရွှေခေရုဗိမ်ရုပ်နှစ်ခု+ ထုလုပ်တယ်။+ ၈ အဖုံးရဲ့အစွန်နှစ်ဖက်မှာ ခေရုဗိမ်ရုပ်တွေကို တစ်ရုပ်စီ ထုလုပ်တယ်။ ၉ ခေရုဗိမ်ရုပ်တွေက အတောင်နှစ်ဖက်ကို အပေါ်ဘက်ဖြန့်၊ သေတ္တာအဖုံးကို မိုးထားပြီး+ မျက်နှာချင်းဆိုင် ပျပ်ဝပ်နေတယ်။+
၁၀ ပြီးတော့ အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ခွဲရှိတဲ့ စားပွဲကို ရှားသားနဲ့ လုပ်တယ်။+ ၁၁ စားပွဲကို ရွှေစင်နဲ့ ရွှေချပြီး အပေါ်နားပတ်လည်မှာ ရွှေအနားကွပ်ကို လုပ်တယ်။ ၁၂ စားပွဲပတ်လည်မှာ လက်လေးသစ်* ကျယ်တဲ့ ဘောင်လုပ်ပြီး ဘောင်အနားကို ရွှေကွပ်တယ်။ ၁၃ ရွှေကွင်းလေးကွင်း သွန်းလုပ်ပြီး ခြေလေးချောင်းရှိတဲ့ ထောင့်လေးထောင့်မှာ တပ်လိုက်တယ်။ ၁၄ ထမ်းပိုးလျှိုစရာ အဲဒီကွင်းတွေက ဘောင်နဲ့ကပ်လျက်မှာ ရှိတယ်။ ၁၅ စားပွဲထမ်းမယ့် ထမ်းပိုးတွေကို ရှားသားနဲ့လုပ်ပြီး ရွှေချတယ်။ ၁၆ စားပွဲမှာသုံးမယ့် ပန်းကန်၊ ခွက်၊ သွန်းလောင်းရာအလှူ လောင်းဖို့ ဖလား၊ ရေတကောင်းတွေကို ရွှေစင်နဲ့ လုပ်တယ်။+
၁၇ အဲဒီနောက် ဆီမီးတိုင်ကို+ ရွှေစင်နဲ့ ထုလုပ်တယ်။ ဆီမီးတိုင်ရဲ့ အလယ်တိုင်၊ ဖြာထွက်တဲ့ အခက်တွေ၊ ပွင့်ဖတ်တွေ၊ အဖူးတွေ၊ အပွင့်တွေကို တစ်စပ်တည်း ထုလုပ်တယ်။+ ၁၈ အလယ်တိုင်ကနေ ညာဘက်ကို သုံးခက်၊ ဘယ်ဘက်ကို သုံးခက်၊ စုစုပေါင်း အခက်ခြောက်ခက် ဖြာထွက်နေတယ်။ ၁၉ ညာဘက်အခက်တွေမှာ ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် သုံးဆင့်ရှိတယ်။ ဘယ်ဘက်အခက်တွေမှာလည်း ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် သုံးဆင့်ရှိတယ်။ အလယ်တိုင်ကနေ ဖြာထွက်တဲ့ အခက်ခြောက်ခက်စလုံး အဲဒီပုံစံအတိုင်းပဲ။ ၂၀ အလယ်တိုင်မှာလည်း ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် လေးဆင့်ရှိတယ်။ ၂၁ အလယ်တိုင်ကနေ ဖြာထွက်တဲ့ အခက်သုံးစုံထဲက တစ်စုံစီရဲ့အောက်မှာ အဖူးတစ်ဖူးစီရှိတယ်။ ၂၂ အဖူးတွေ၊ အခက်တွေပါတဲ့ ဆီမီးတိုင်တစ်ခုလုံးကို တစ်စပ်တည်း ထုလုပ်တယ်။ ၂၃ ဆီမီးတိုင်အတွက် မီးခွက်ခုနစ်ခွက်၊+ မီးညှပ်၊ မီးစာခံခွက်တွေကို ရွှေစင်နဲ့လုပ်တယ်။ ၂၄ ဆီမီးတိုင်နဲ့ ဆီမီးတိုင်အသုံးအဆောင်တွေကို ရွှေစင်တစ်တဲလင့်နဲ့* လုပ်တယ်။
၂၅ အလျားတစ်တောင်၊ အနံတစ်တောင်ရှိတဲ့ စတုရန်းပုံ နံ့သာပေါင်းပလ္လင်ကို+ ရှားသားနဲ့ လုပ်တယ်။ အမြင့် နှစ်တောင်ရှိတယ်။ ဦးချိုအတက်တွေကို ပလ္လင်နဲ့ တစ်ဆက်တည်းဖြစ်အောင် လုပ်တယ်။+ ၂၆ ပလ္လင်မျက်နှာပြင်၊ ဘေးပတ်လည်နဲ့ ဦးချိုအတက်တွေကို ရွှေစင်နဲ့ ရွှေချပြီး အပေါ်နားပတ်လည်မှာ ရွှေအနားကွပ်ကို လုပ်တယ်။ ၂၇ ပလ္လင်ရဲ့ဘေးနှစ်ဖက် အနားကွပ်အောက်မှာ ထမ်းပိုးလျှိုစရာ ရွှေကွင်းနှစ်ကွင်းစီ တပ်တယ်။ ၂၈ ထမ်းပိုးတွေကို ရှားသားနဲ့လုပ်ပြီး ရွှေချထားတယ်။ ၂၉ အမွှေးနံ့သာတွေကို သမအောင်ရောစပ်ပြီး သန့်ရှင်းတဲ့ ဘိသိက်ဆီနဲ့+ နံ့သာပေါင်းစစ်စစ်ကိုလည်း+ ဖော်စပ်တယ်။