ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • ပူဇော်ရာပလ္လင် (၁-၇)

      • ကြေးနီအင်တုံ (၈)

      • တဲတော်ဝင်း (၉-၂၀)

      • တဲတော်ရဲ့ ပစ္စည်းစာရင်း (၂၁-၃၁)

ထွက်မြောက်ရာ ၃၈:၁

ကျမ်းညွှန်းများ

  • +ထွ ၂၇:၁-၈; ၄၀:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၁၀/၂၀၂၀၊ စာ. ၇-၈

ထွက်မြောက်ရာ ၃၈:၂

ကျမ်းညွှန်းများ

  • +၂ရ ၁:၅

ထွက်မြောက်ရာ ၃၈:၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၁၀/၂၀၂၀၊ စာ. ၇-၈

ထွက်မြောက်ရာ ၃၈:၈

ကျမ်းညွှန်းများ

  • +ထွ ၃၀:၁၈; ဝ ၈:၁၁; ၁ဘု ၇:၂၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၄/၁/၂၀၁၅၊ စာ. ၁၅

ထွက်မြောက်ရာ ၃၈:၉

ကျမ်းညွှန်းများ

  • +ထွ ၄၀:၈
  • +ထွ ၂၇:၉-၁၅

ထွက်မြောက်ရာ ၃၈:၁၇

ကျမ်းညွှန်းများ

  • +ထွ ၂၇:၁၇

ထွက်မြောက်ရာ ၃၈:၁၈

ကျမ်းညွှန်းများ

  • +ထွ ၂၇:၁၆

ထွက်မြောက်ရာ ၃၈:၂၀

ကျမ်းညွှန်းများ

  • +ထွ ၂၇:၁၉

ထွက်မြောက်ရာ ၃၈:၂၁

ကျမ်းညွှန်းများ

  • +ထွ ၂၅:၁၆; ၃၁:၁၈; တလ ၁၇:၇
  • +ထွ ၆:၂၃; တလ ၄:၂၈; ၁ရ ၆:၃
  • +တလ ၃:၆; ၄:၄၆၊ ၄၇

ထွက်မြောက်ရာ ၃၈:၂၂

ကျမ်းညွှန်းများ

  • +ထွ ၃၁:၂-၅; ၃၅:၃၀; ၃၆:၁; ၃၇:၁; ၂ရ ၁:၅

ထွက်မြောက်ရာ ၃၈:၂၃

ကျမ်းညွှန်းများ

  • +ထွ ၃၁:၆; ၃၅:၃၄; ၃၆:၂

ထွက်မြောက်ရာ ၃၈:၂၄

အောက်ခြေမှတ်ချက်များ

  • *

    တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ထွ ၃၅:၂၂

ထွက်မြောက်ရာ ၃၈:၂၆

ကျမ်းညွှန်းများ

  • +ထွ ၃၀:၁၅
  • +ထွ ၁၂:၃၇; တလ ၁:၄၅၊ ၄၆

ထွက်မြောက်ရာ ၃၈:၂၇

ကျမ်းညွှန်းများ

  • +ထွ ၂၆:၁၉-၂၁၊ ၂၅၊ ၃၂

ထွက်မြောက်ရာ ၃၈:၃၁

ကျမ်းညွှန်းများ

  • +ထွ ၂၇:၁၉

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၃၈:၁ထွ ၂၇:၁-၈; ၄၀:၁၀
ထွ. ၃၈:၂၂ရ ၁:၅
ထွ. ၃၈:၈ထွ ၃၀:၁၈; ဝ ၈:၁၁; ၁ဘု ၇:၂၃
ထွ. ၃၈:၉ထွ ၄၀:၈
ထွ. ၃၈:၉ထွ ၂၇:၉-၁၅
ထွ. ၃၈:၁၇ထွ ၂၇:၁၇
ထွ. ၃၈:၁၈ထွ ၂၇:၁၆
ထွ. ၃၈:၂၀ထွ ၂၇:၁၉
ထွ. ၃၈:၂၁ထွ ၂၅:၁၆; ၃၁:၁၈; တလ ၁၇:၇
ထွ. ၃၈:၂၁ထွ ၆:၂၃; တလ ၄:၂၈; ၁ရ ၆:၃
ထွ. ၃၈:၂၁တလ ၃:၆; ၄:၄၆၊ ၄၇
ထွ. ၃၈:၂၂ထွ ၃၁:၂-၅; ၃၅:၃၀; ၃၆:၁; ၃၇:၁; ၂ရ ၁:၅
ထွ. ၃၈:၂၃ထွ ၃၁:၆; ၃၅:၃၄; ၃၆:၂
ထွ. ၃၈:၂၄ထွ ၃၅:၂၂
ထွ. ၃၈:၂၆ထွ ၃၀:၁၅
ထွ. ၃၈:၂၆ထွ ၁၂:၃၇; တလ ၁:၄၅၊ ၄၆
ထွ. ၃၈:၂၇ထွ ၂၆:၁၉-၂၁၊ ၂၅၊ ၃၂
ထွ. ၃၈:၃၁ထွ ၂၇:၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၃၈:၁-၃၁

ထွက်မြောက်ရာ

၃၈ ဗေဇလေလက အလျားငါးတောင်၊ အနံငါးတောင်ရှိတဲ့ စတုရန်းပုံ မီးရှို့ပူဇော်ရာပလ္လင်ကို ရှားသားနဲ့လုပ်တယ်။ အမြင့် သုံးတောင်ရှိတယ်။+ ၂ ပူဇော်ရာပလ္လင်ရဲ့ ထောင့်လေးထောင့်မှာ ဦးချိုအတက်တွေကို လုပ်တယ်။ အတက်တွေက ပူဇော်ရာပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်နေတယ်။ ပူဇော်ရာပလ္လင်ကို ကြေးနီနဲ့ အုပ်လိုက်တယ်။+ ၃ ပူဇော်ရာပလ္လင် အသုံးအဆောင်တွေဖြစ်တဲ့ ပုံး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးခဲအိုးတွေကို ကြေးနီနဲ့လုပ်တယ်။ ၄ ကြေးနီဆန်ခါကိုလည်း လုပ်ပြီး ပူဇော်ရာပလ္လင် အတွင်းဘက်၊ အနားကွပ်အောက် ထက်ဝက်လောက် ရောက်အောင် ထည့်လိုက်တယ်။ ၅ ထမ်းပိုးလျှိုစရာ ကွင်းလေးကွင်းကို သွန်းလုပ်ပြီး ကြေးနီဆန်ခါအနား၊ ထောင့်လေးထောင့်မှာ တပ်လိုက်တယ်။ ၆ ထမ်းပိုးတွေကို ရှားသားနဲ့လုပ်၊ ကြေးနီနဲ့ အုပ်ပြီး၊ ၇ ပူဇော်ရာပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာရှိတဲ့ ကွင်းတွေထဲ လျှိုထားလိုက်တယ်။ ပူဇော်ရာပလ္လင်ကို သစ်သားပြားတွေနဲ့ လုပ်ရမယ်၊ ဟောင်းလောင်းဖြစ်နေတဲ့ သေတ္တာပုံစံမျိုး လုပ်ရမယ်။

၈ တွေ့ဆုံရာ တဲတော်ဝင်ပေါက်မှာ အမှုဆောင်ဖို့ တာဝန်ကျတဲ့ အမျိုးသမီးတွေရဲ့ ကြေးမုံတွေကို သုံးပြီး ကြေးနီအင်တုံကြီးနဲ့+ အင်တုံတင်တဲ့စင်ကို လုပ်တယ်။

၉ အဲဒီနောက် တဲတော်ပတ်လည်ကို ဝင်းခတ်တယ်။+ တဲတော်တောင်ဘက်ခြမ်းအတွက် အတောင် ၁၀၀ ရှည်တဲ့ အကာကို ချည်ချောနဲ့ ရက်လုပ်တယ်။+ ၁၀ အကာအတွက် တိုင် ၂၀၊ အောက်ခံခုံ ၂၀ ကို ကြေးနီနဲ့ လုပ်တယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်တယ်။ ၁၁ မြောက်ဘက်ခြမ်းအတွက် အကာက အတောင် ၁၀၀ ရှည်တယ်။ အကာအတွက် တိုင် ၂၀၊ အောက်ခံခုံ ၂၀ ကို ကြေးနီနဲ့လုပ်တယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်တယ်။ ၁၂ အနောက်ဘက်ခြမ်းအတွက် အကာက အတောင် ၅၀ ရှည်တယ်။ အကာအတွက် တိုင် ၁၀ တိုင်၊ အောက်ခံခုံ ၁၀ ခုရှိတယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်တယ်။ ၁၃ နေထွက်ရာအရပ် အရှေ့ဘက်ခြမ်းအတွက် အကာက အတောင် ၅၀ ရှည်တယ်။ ၁၄ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာရှိတဲ့ ညာဘက်အကာက ၁၅ တောင်ရှည်ပြီး တိုင်သုံးတိုင်၊ အောက်ခံခုံသုံးခု ရှိတယ်။ ၁၅ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာရှိတဲ့ ဘယ်ဘက်အကာလည်း ၁၅ တောင်ရှည်ပြီး တိုင်သုံးတိုင်၊ အောက်ခံခုံသုံးခု ရှိတယ်။ ၁၆ တဲတော်ဝင်းရဲ့ အကာအားလုံးကို ချည်ချောနဲ့လုပ်တယ်။ ၁၇ တိုင်တွေအတွက် အောက်ခံခုံတွေကို ကြေးနီနဲ့လုပ်တယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်ပြီး တိုင်ထိပ်တွေကို ငွေနဲ့အုပ်တယ်။ တဲတော်ဝင်းရဲ့တိုင်မှာ ချိတ်ဖို့ ငွေတွယ်ချိတ်တွေလည်း ရှိတယ်။+

၁၈ တဲတော်ဝင်းရဲ့ ဝင်ပေါက်လိုက်ကာကို အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်တယ်။ လိုက်ကာက အတောင် ၂၀ ရှည်တယ်။ အမြင့်က ၅ တောင်ရှိပြီး တဲတော်ဝင်းရဲ့အကာတွေနဲ့ တစ်ညီတည်းပဲ။+ ၁၉ ဝင်ပေါက်အတွက် တိုင်လေးတိုင်နဲ့ အောက်ခံခုံလေးခုကို ကြေးနီနဲ့လုပ်တယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်ပြီး တိုင်ထိပ်တွေကို ငွေနဲ့အုပ်တယ်။ ၂၀ တဲတော်ငုတ်တိုင်၊ တဲတော်ဝင်းရဲ့ ငုတ်တိုင်တွေကို ကြေးနီနဲ့လုပ်တယ်။+

၂၁ မောရှေက သက်သေခံချက်သေတ္တာရှိတဲ့+ သန့်ရှင်းရာတဲတော်ရဲ့ ပစ္စည်းတွေကို စာရင်းပြုစုခိုင်းတယ်။ ပုရောဟိတ်အာရုန်ရဲ့သား ဧသမာ+ ညွှန်ကြားတဲ့အတိုင်း လေဝိအမျိုးသားတွေ စာရင်းပြုစုကြတယ်။+ ၂၂ မောရှေကို ယေဟောဝါ မိန့်မှာသမျှအတိုင်း ယုဒအနွယ်ထဲက ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလက+ လုပ်တယ်။ ၂၃ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေသုံးပြီး အထည်ရက်တဲ့အတတ်၊ လက်မှုအတတ်၊ ပန်းထိုးအတတ် ကျွမ်းကျင်တဲ့ အဟောလျဘလည်း+ သူ့ကို ကူညီတယ်။ အဟောလျဘဟာ ဒန်အနွယ်က အဟိသမက်ရဲ့သားပဲ။

၂၄ သန့်ရှင်းရာဌာနတော်အတွက်သုံးတဲ့ ရွှေက ချီလွှဲရာအလှူအဖြစ် ဆက်သတဲ့ ရွှေအလေးချိန်နဲ့+ ညီမျှတယ်။ သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း ၂၉ တဲလင့်နဲ့* ရှယ်ကယ် ၇၃၀ ရှိတယ်။ ၂၅ အစ္စရေးလူတွေထဲက စာရင်းဝင်သူတွေပေးတဲ့ ငွေအလေးချိန်က သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း တဲလင့် ၁၀၀ နဲ့ ၁,၇၇၅ ရှယ်ကယ် ရှိတယ်။ ၂၆ အသက် ၂၀ နဲ့ ၂၀ အထက် လူဦးရေစာရင်းဝင်သူတိုင်းက သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း ရှယ်ကယ်တစ်ဝက်စီ ယူလာကြတယ်။+ စာရင်းဝင်သူပေါင်း ၆၀၃,၅၅၀ ရှိတယ်။+

၂၇ သန့်ရှင်းရာဌာနတော်အတွက် အောက်ခံခုံတွေ၊ ကန့်လန့်ကာအတွက် အောက်ခံခုံတွေ သွန်းလုပ်ဖို့ တဲလင့် ၁၀၀ သုံးတယ်။ အောက်ခံခုံတစ်ခုက တစ်တဲလင့်၊ အောက်ခံခုံ ၁၀၀ အတွက် တဲလင့် ၁၀၀ ဖြစ်တယ်။+ ၂၈ ငွေ ၁,၇၇၅ ရှယ်ကယ်ကို သုံးပြီး တိုင်ထိပ်တွေကို ငွေနဲ့ အုပ်တယ်၊ ချိတ်တွေလုပ်ပြီး တိုင်တွေမှာ တပ်တယ်။

၂၉ လူတွေလှူဒါန်းတဲ့ ကြေးနီအလေးချိန်က တဲလင့် ၇၀ နဲ့ ရှယ်ကယ် ၂,၄၀၀ ရှိတယ်။ ၃၀ တွေ့ဆုံရာတဲတော် ဝင်ပေါက်အတွက် အောက်ခံခုံ၊ ကြေးနီပူဇော်ရာပလ္လင်၊ ကြေးနီဆန်ခါ၊ ပူဇော်ရာပလ္လင် အသုံးအဆောင်တွေကို အဲဒီကြေးနီနဲ့ လုပ်တယ်။ ၃၁ ပြီးတော့ တဲတော်ဝင်းအတွက် အောက်ခံခုံ၊ တဲတော်ဝင်းရဲ့ ဝင်ပေါက်အတွက် အောက်ခံခုံ၊ တဲတော်ငုတ်တိုင်၊ တဲတော်ဝင်းရဲ့ ငုတ်တိုင်တွေကိုလည်း အဲဒီကြေးနီနဲ့ လုပ်တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ