ဝတ်ပြုရာ
၉ ရှစ်ရက်မြောက်နေ့မှာ+ မောရှေက အာရုန်နဲ့ သူ့သားတွေ၊ အစ္စရေး အကြီးအကဲတွေကို ခေါ်တယ်။ ၂ အာရုန်ကို “အပြစ်ဖြေရာ အလှူအတွက် အနာအဆာမရှိတဲ့ နွားပေါက်တစ်ကောင်၊+ မီးရှို့ရာအလှူအတွက် အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင်ကိုယူပြီး ယေဟောဝါရှေ့မှာ ကိုယ့်အတွက် ပူဇော်ပါ။ ၃ အစ္စရေးတွေကိုလည်း ‘အပြစ်ဖြေရာအလှူအတွက် ဆိတ်ထီးတစ်ကောင်၊ မီးရှို့ရာအလှူအတွက် အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် နွားပေါက်တစ်ကောင်၊ သိုးထီးလေးတစ်ကောင်ကို ယူလာခဲ့ပါ။ ၄ ယေဟောဝါရှေ့မှာ ပူဇော်ဖို့ မိတ်သဟာယ ပူဇော်သက္ကာအတွက် နွားထီးတစ်ကောင်နဲ့ သိုးထီးတစ်ကောင်၊+ ဆီလောင်းထားတဲ့ ကောက်နှံအလှူကိုလည်း+ ယူလာခဲ့ပါ။ ဒီနေ့ ယေဟောဝါဘုရားက ခင်ဗျားတို့ရှေ့မှာ ကြွလာလိမ့်မယ်’+ လို့ ပြောလိုက်ပါ” ဆိုပြီးမှာတယ်။
၅ သူတို့က မောရှေမှာကြားတဲ့အတိုင်း အဲဒါတွေအားလုံးကို တွေ့ဆုံရာတဲတော်ရှေ့ ယူလာကြတယ်။ အစ္စရေးတစ်မျိုးလုံးလည်း ရောက်လာပြီး ယေဟောဝါရှေ့ ရပ်နေကြတယ်။ ၆ မောရှေက “ဒီလိုလုပ်ဖို့ ယေဟောဝါဘုရား မိန့်မှာထားတယ်။ ယေဟောဝါဘုရားရဲ့ ဘုန်းကျက်သရေ ထွန်းတောက်တာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်”+ ဆိုပြီး ပြောတယ်။ ၇ အာရုန်ကို “ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း ပူဇော်ရာပလ္လင် အနားသွားပြီး အပြစ်ဖြေရာအလှူနဲ့+ မီးရှို့ရာအလှူကို ဆက်သပါ။ ကိုယ်တိုင်နဲ့+ ကိုယ့်အိမ်သားတွေအတွက် အပြစ်ဖြေပါ။ လူတွေရဲ့အလှူကိုလည်း ဆက်သပေးပြီး+ အပြစ်ဖြေပေးပါ”+ လို့ပြောတယ်။
၈ အာရုန်လည်း ချက်ချင်းပဲ ပူဇော်ရာပလ္လင်အနား သွားပြီး သူ့အတွက် အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားပေါက်ကို သတ်တယ်။+ ၉ သူ့သားတွေ ယူလာပေးတဲ့သွေးထဲ+ လက်ညှိုးကိုနှစ်ပြီး ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ်မှာ သုတ်တယ်။ ကျန်တဲ့သွေးကိုတော့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချတယ်။+ ၁၀ အပြစ်ဖြေရာအလှူရဲ့ အဆီ၊ ကျောက်ကပ်၊ အသည်းပေါ်ကအဆီလွှာကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်းပါပဲ။+ ၁၁ အသားနဲ့ အရေခွံကိုတော့ စခန်းအပြင်ဘက်မှာ မီးရှို့တယ်။+
၁၂ အဲဒီနောက် အာရုန်က မီးရှို့ရာအလှူကို သတ်တယ်။ သူ့သားတွေ ယူလာပေးတဲ့ သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းတယ်။+ ၁၃ သူတို့ယူလာပေးတဲ့ မီးရှို့ရာအလှူရဲ့ ခေါင်းနဲ့အသားတစ်တွေကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။ ၁၄ အူနဲ့ခြေထောက်တွေကို ရေဆေးပြီး ပူဇော်ရာပလ္လင်ပေါ်က မီးရှို့ရာအလှူပေါ် တင်ပြီး မီးရှို့ပူဇော်တယ်။
၁၅ အဲဒီနောက် အာရုန်က လူတွေရဲ့အလှူကို ဆက်သတယ်။ လူတွေအတွက် အပြစ်ဖြေပေးမယ့် ဆိတ်ကို သတ်တယ်။ ပထမအကောင်လိုပဲ ဒီအကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်တယ်။ ၁၆ မီးရှို့ရာအလှူကို လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်တယ်။+
၁၇ မနက်ပိုင်း မီးရှို့ရာအလှူအပြင် ကောက်နှံအလှူကိုလည်း+ လက်တစ်ဆုပ်စာ ယူပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။+
၁၈ နောက်တော့ အာရုန်က လူတွေအတွက် မိတ်သဟာယ ပူဇော်သက္ကာဖြစ်တဲ့ နွားထီးနဲ့ သိုးထီးကို သတ်တယ်။ သူ့သားတွေ ယူလာပေးတဲ့သွေးကို ပူဇော်ရာပလ္လင်ဘေးပတ်လည်မှာ ဖျန်းတယ်။+ ၁၉ နွားထီးရဲ့အဆီ၊+ သိုးထီးရဲ့ အဆီများတဲ့အမြီး၊ ဝမ်းတွင်းအဆီလွှာ၊ ကျောက်ကပ်၊ အသည်းပေါ်က အဆီလွှာကို ယူပြီး၊+ ၂၀ ရင်ဒူးသားတွေပေါ် တင်တယ်။ အဆီတွေကိုတော့ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။+ ၂၁ မောရှေမှာထားတဲ့အတိုင်း အာရုန်က ရင်ဒူးသားတွေနဲ့ ညာဘက်ပေါင်ကို ယေဟောဝါရှေ့မှာ ချီလွှဲရာအလှူအဖြစ် ချီလွှဲတယ်။+
၂၂ အာရုန်က လူတွေဘက် လက်ကိုမြှောက်ပြီး ကောင်းချီးပေးတယ်။+ အပြစ်ဖြေရာအလှူ၊ မီးရှို့ရာအလှူနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သပြီးနောက် ဆင်းလာတယ်။ ၂၃ နောက်ဆုံး၊ မောရှေနဲ့အာရုန်က တွေ့ဆုံရာတဲတော်ထဲ ဝင်သွားတယ်။ အဲဒီနောက် ပြန်ထွက်လာပြီး လူတွေကို ကောင်းချီးပေးတယ်။+
အဲဒီအခါ ယေဟောဝါရဲ့ ဘုန်းကျက်သရေ ထွန်းတောက်တာကို လူအားလုံး ဖူးမြင်ရတယ်။+ ၂၄ ယေဟောဝါဆီကနေ မီးကျလာပြီး+ ပူဇော်ရာပလ္လင်ပေါ်က မီးရှို့ရာအလှူနဲ့ အဆီတွေ လောင်ကျွမ်းသွားတာကို လူတွေမြင်တဲ့အခါ ဝမ်းသာအားရ ကြွေးကြော်ပြီး မြေပေါ်မှာ ပျပ်ဝပ်ကြတယ်။+