ဝတ်ပြုရာ
၁၁ ယေဟောဝါက မောရှေနဲ့ အာရုန်ကို မိန့်မှာတယ်။ ၂ “အစ္စရေးတွေကို ပြောပါ– ‘ကုန်းသတ္တဝါတွေထဲမှာ မင်းတို့စားလို့ရတဲ့ အကောင်တွေကတော့၊+ ၃ ခွာကွဲပြီး စားမြုံ့ ပြန်တဲ့ အကောင်တွေပဲ။
၄ “‘စားမြုံ့ပဲ ပြန်တဲ့အကောင်၊ ခွာပဲ ကွဲတဲ့အကောင်တွေကိုတော့ မစားရဘူး။ ကုလားအုတ်က စားမြုံ့ပြန်ပေမဲ့ ခွာမကွဲလို့ မသန့်ရှင်းဘူး။+ ၅ ယုန်က*+ စားမြုံ့ပြန်ပေမဲ့ ခွာမကွဲလို့မသန့်ရှင်းဘူး။ ၆ တောယုန်က စားမြုံ့ပြန်ပေမဲ့ ခွာမကွဲလို့ မသန့်ရှင်းဘူး။ ၇ ဝက်က+ ခွာကွဲပေမဲ့ စားမြုံ့မပြန်လို့ မသန့်ရှင်းဘူး။ ၈ အဲဒီအကောင်တွေကို မစားရဘူး။ အသေကောင်တွေကို မထိရဘူး။ အဲဒီအကောင်တွေဟာ မသန့်ရှင်းဘူး။+
၉ “‘ရေသတ္တဝါတွေထဲမှာ ပင်လယ်ထဲကဖြစ်စေ၊ မြစ်ထဲကဖြစ်စေ ဆူးတောင်နဲ့အကြေးခွံ ပါတဲ့ ရေသတ္တဝါမှန်သမျှ စားလို့ရတယ်။+ ၁၀ ပင်လယ်နဲ့ မြစ်တွေမှာ အုံဖွဲ့နေတတ်တဲ့ သတ္တဝါ၊ ဆူးတောင်နဲ့အကြေးခွံ မပါတဲ့ ရေသတ္တဝါမှန်သမျှဟာ ရွံစရာပဲ။ ၁၁ အဲဒီအကောင်တွေဟာ ရွံစရာဖြစ်တဲ့အတွက် မစားရဘူး။+ အသေကောင်တွေကိုလည်း ရွံရှာရမယ်။ ၁၂ ဆူးတောင်နဲ့အကြေးခွံ မပါတဲ့ ရေသတ္တဝါမှန်သမျှဟာ ရွံစရာပဲ။
၁၃ “‘ပျံတတ်တဲ့ သတ္တဝါတွေထဲမှာ မစားရမယ့် ရွံစရာ အကောင်တွေကတော့– လင်းယုန်၊+ ဝန်လက်ငှက်၊ လင်းတနက်၊+ ၁၄ စွန်နီ၊ စွန်နက်မျိုးဝင်အားလုံး၊ ၁၅ ကျီးကန်းမျိုးဝင် အားလုံး၊ ၁၆ ငှက်ကုလားအုတ်၊ ဇီးကွက်၊ စင်ရော်၊ သိမ်းငှက်မျိုးဝင် အားလုံး၊ ၁၇ ဇီးကွက်ပုတို၊ တင်ကျီးငှက်၊ နားရွက်ရှည်ဇီးကွက်၊ ၁၈ ငန်း၊ ငှက်ကြီးဝန်ပို၊ လင်းတ၊ ၁၉ ငှက်ကျား၊ ငဟစ်မျိုးဝင်အားလုံး၊ တောင်ဘီစူး၊ လင်းနို့တွေပဲ။ ၂၀ အတောင်နဲ့ ခြေလေးချောင်းပါပြီး အုံဖွဲ့နေတတ်တဲ့ အင်းဆက်ပိုးအားလုံး ရွံစရာကောင်းတယ်။
၂၁ “‘အတောင်နဲ့ ခြေလေးချောင်းပါပြီး အုံဖွဲ့နေတတ်တဲ့ အင်းဆက်ပိုးတွေထဲမှာ ခုန်တတ်တဲ့ခြေထောက် နောက်တစ်စုံပါတဲ့ အကောင်လေးတွေကိုတော့ စားလို့ရတယ်။ ၂၂ ကျိုင်းကောင်အမျိုးမျိုး၊+ ပုရစ်၊ နှံကောင်တွေကို စားလို့ရတယ်။ ၂၃ အတောင်နဲ့ ခြေလေးချောင်းပဲပါတဲ့၊ အုံဖွဲ့နေတတ်တဲ့ တခြားအင်းဆက်ပိုးတွေကတော့ ရွံစရာပဲ။ ၂၄ အဲဒီအကောင်တွေကို စားရင် မင်းတို့ မသန့်မရှင်း ဖြစ်သွားနိုင်တယ်။ အဲဒီအသေကောင်တွေကို ထိမိသူတိုင်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၂၅ အဲဒီအသေကောင်တွေကို သယ်ဆောင်သူတိုင်း ကိုယ့်အဝတ်တွေကို လျှော်ရမယ်။+ သူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။
၂၆ “‘ခွာကွဲပေမဲ့ စားမြုံ့မပြန်တဲ့ တိရစ္ဆာန်တွေဟာ မသန့်ရှင်းဘူး။ အဲဒီအကောင်တွေကို ထိမိသူတိုင်း မသန့်ရှင်းဘူး။+ ၂၇ ခွာမရှိတဲ့ ခြေလေးချောင်း သတ္တဝါအားလုံးက မသန့်ရှင်းဘူး။ အဲဒီအသေကောင်တွေကို ထိမိသူတိုင်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၂၈ အဲဒီအသေကောင်တွေကို သယ်ဆောင်သူက ကိုယ့်အဝတ်တွေကို လျှော်ရမယ်။+ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ အဲဒီအကောင်တွေဟာ မသန့်ရှင်းဘူး။
၂၉ “‘အုံဖွဲ့နေတတ်တဲ့ ကုန်းသတ္တဝါတွေထဲက မသန့်ရှင်းတဲ့ အကောင်တွေကတော့– ပွေး၊ ကြွက်၊+ ပုတ်သင်မျိုးဝင်အားလုံး၊ ၃၀ တောက်တဲ့၊ ဖွတ်၊ ရေပုတ်သင်၊ ကန္တာရပုတတ်၊ ပုတ်သင်ညိုတွေပဲ။ ၃၁ အုံဖွဲ့နေတတ်တဲ့ အဲဒီသတ္တဝါအားလုံးဟာ မသန့်ရှင်းဘူး။+ အဲဒီအသေကောင်တွေကို ထိမိသူတိုင်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+
၃၂ “‘သစ်သားအိုးခွက်၊ အဝတ်၊ သားရေ၊ အထည်ကြမ်း* တစ်ခုခုပေါ် အဲဒီအသေကောင်တွေကျရင် အဲဒါတွေဟာ မသန့်ရှင်းဘူး။ ရေနဲ့ ဆေးကြောရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ပြီးမှ သန့်ရှင်းသွားမယ်။ ၃၃ မြေအိုးထဲ အသေကောင်ကျရင် အိုးကို ခွဲပစ်ရမယ်။ အိုးထဲမှာရှိသမျှ မသန့်ရှင်းဘူး။+ ၃၄ အဲဒီအိုးထဲကရေနဲ့ ထိမိတဲ့ အစားအစာမှန်သမျှ မသန့်ရှင်းဘူး။ အဲဒီအိုးထဲက အရည်မှန်သမျှ မသန့်ရှင်းဘူး။ ၃၅ အသေကောင်တွေ ကျထားတဲ့ ဘယ်ပစ္စည်းမဆို မသန့်ရှင်းဘူး။ မီးဖိုဖြစ်စေ၊ မီးဖိုငယ်ဖြစ်စေ ခွဲပစ်ရမယ်။ အဲဒါတွေဟာ မသန့်ရှင်းဘူး၊ ဘယ်တော့မှ မသန့်ရှင်းဘူး။ ၃၆ စမ်းရေတွင်းနဲ့ ရေလှောင်ကန်ထဲ ကျရင်တော့ ရေက သန့်ရှင်းနေတုန်းပဲ။ အဲဒီအသေကောင်တွေကို ထိမိသူဟာ မသန့်ရှင်းဘူး။ ၃၇ မျိုးစေ့တစ်ခုခုအပေါ် အသေကောင်တွေကျရင် အဲဒီမျိုးစေ့ဟာ သန့်ရှင်းတယ်။ ၃၈ ရေစိမ်ထားတဲ့ မျိုးစေ့ပေါ်မှာ အသေကောင်ရဲ့ အစိတ်အပိုင်းတစ်ခုခု ကျရင်တော့ အဲဒီမျိုးစေ့ဟာ မသန့်ရှင်းဘူး။
၃၉ “‘စားလို့ရတဲ့ တိရစ္ဆာန်တစ်ကောင် သေသွားရင် အသေကောင်ကို ကိုင်မိသူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၄၀ အသေကောင်ရဲ့ အစိတ်အပိုင်းတစ်ခုခုကို စားတဲ့သူတိုင်း ကိုယ့်အဝတ်တွေကို လျှော်ရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ အဲဒီအသေကောင်ကို သယ်ဆောင်သူတိုင်း ကိုယ့်အဝတ်တွေကို လျှော်ရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ၄၁ အုံဖွဲ့နေတတ်တဲ့ ကုန်းသတ္တဝါတိုင်းဟာ ရွံစရာပဲ။+ မစားရဘူး။ ၄၂ တွားသွားသတ္တဝါ၊ ခြေလေးချောင်းသတ္တဝါ၊ ခြေအများကြီးရှိပြီး အုံဖွဲ့နေတတ်တဲ့ ကုန်းသတ္တဝါတွေကို မစားရဘူး။ ရွံစရာကောင်းတယ်။+ ၄၃ အုံဖွဲ့နေတတ်တဲ့ သတ္တဝါတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံစရာဖြစ်အောင် မလုပ်နဲ့။ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင်၊ မသန့်မရှင်းဖြစ်အောင် မလုပ်နဲ့။+ ၄၄ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+ ငါဟာ သန့်ရှင်းတဲ့အတွက်+ မင်းတို့လည်း ကိုယ်ကိုဆက်ကပ်ပြီး သန့်ရှင်းနေရမယ်။+ အုံဖွဲ့နေတတ်တဲ့ ကုန်းသတ္တဝါတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ညစ်ညူးအောင် မလုပ်နဲ့။ ၄၅ ငါဟာ မင်းတို့ရဲ့ ဘုရားသခင်ဖြစ်မှန်းပြဖို့ မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင် ယေဟောဝါပဲ။+ ငါဟာ သန့်ရှင်းတဲ့အတွက်+ မင်းတို့လည်း သန့်ရှင်းရမယ်။+
၄၆ “‘ဒါတွေဟာ ခြေလေးချောင်းသတ္တဝါ၊ ပျံတတ်တဲ့သတ္တဝါ၊ ရေမှာနေတဲ့ သတ္တဝါ၊ အုံဖွဲ့နေတတ်တဲ့ ကုန်းသတ္တဝါနဲ့ဆိုင်တဲ့ ပညတ်ဖြစ်တယ်။ ၄၇ သန့်ရှင်းတဲ့အရာနဲ့ မသန့်ရှင်းတဲ့အရာ၊ စားလို့ရတဲ့ သတ္တဝါနဲ့ စားလို့မရတဲ့ သတ္တဝါကို မင်းတို့ ခွဲခြားသိရမယ်။’”+